YouVersion Logo
Search Icon

တမန်တော် 10

10
ပေတရုန ကော်နေလိကြောန်း
1ကဲသရိဗြို့မာ ကော်နေလိ နာမယ်ရှိဟှူ လူတယော့‑က်ရှိဟှယ်။ သူဟှာ “ဣတလိတပ်” ခေါ်ဟှူတပ်ဟှ တပ်မှူးတယော့‑က်ဖြစ်ဟှယ်။ 2သူဟှာ ဘာသာရေးသမား တယော့‑က်ဖြစ်ဘီး သူန သူ့မိသားတစုလောင်းဟှာ ဘုရားသခင်ဟှို ကိုးကွယ်ဂေ့ဟှယ်။ သူဟှာ ဆင်းရဲဟှူ ယုဒလူမျိုးလေဟှို ရစ်ရစ်ရောရောဟှား လှူတတ်ဟှယ်။ သူဟှာ ဘုရားသခင်ဟှို ခီမှန်မှန် ဆုတောန်းဟှယ်။ 3နေဒန် သောင်းနာရီလော့‑က်မာ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်တပါးဟှာ သူ့နားဟှို လာဘီးဟှာ “ကော်နေလိ” ဆိုဘီး ခေါ်လိုက်ဇာဟှို ရူပါရောင်ထဲမာ ထန်းထန်ရှားရှားဟှား ဗြင်ရဟှယ်။
4သူဟှာ ကြော့‑က်ကြော့‑က်န အယ်ကောန်းဂန်တမန်ဟှို စိုက်ကေ့ဘီးန “သခင်၊ ဖြားကိစရှိနူး” ဆိုဘီး မေးလိုက်ဟှယ်။
အယ်ကောန်းဂန်တမန်ဟှ “နန့်ဆုတောန်းသံန စွန့်ကြဲပေးကမ်းဇာလေဟှို ဘုရားသခင်ဟှ နှစ်သက်လေဟှယ်။ 5ခု ယုပ္ပေဗြို့ဟှို လူလေဟှို လွှတ်ဘီးဟှာ ပေတရု နာမယ်ရှိဟှူ ရှိမုန်ဟှို သွားခေါ်လာ။ 6သူဟှာ သရေလောက်မား ရှိမုန်အီမာ ရှိနေဟှယ်။ အယ်အီဟှ ပန်လယ်ကမ်းနားမာရှိဟှယ်” ဆိုဘီး ပြောဟှယ်။ 7အယ်ကောန်းဂန်တမန်ဟှာ ထွပ်ဟှားဟှူ ခီမာ ကော်နေလိဟှာ သူ့ရဲ့ စေခံနှေ့ယော့‑က်န ဘုရားတရားကိုင်းရှိုင်းဟှူ စစ်သားတယော့‑က်ဟှိုလည်း ခေါ်လေဟှယ်။ 8သူဟှာ သူးနို့ဟှို ကြောန်းရာလေဟှို ပြောပြဘီးဟှာ ယုပ္ပေဗြို့ဟှို လွှတ်လိုက်ဟှယ်။
9နော့‑က်တနေ့မာ အယ်လူလေဟှာ ခရီးသွားဂေ့ဘီးန ယုပ္ပေဗြို့နားဟှို ရော့‑က်ဟှားဂေ့ဟှယ်။ မွန်းဒဲ့ခီမာ ပေတရုဟှာ ဆုတောန်းဟှို့တွပ် အီးခေါန်မိုးထတ်ဟှို တတ်ဟှားဟှယ်။ 10သူဟှာ ရရာတိုင်း ဗိုက်ဆာလာဘီး တခုခုစားရှင်လာဟှယ်။ စားဇာလေဟှို ပြင်ဆင်နေဒူးမာ သူဟှာ ရူပါရောင်ဟှို ဗြင်ရလေဟှယ်။ 11သူဟှာ ကောန်းဂန် ပွမ့်ဟှားဘီးဟှာ ဒေါ့‑က်လေးဒေါ့‑က်န ချောက်ဟှားဟှူ ပိစဂီးတခုန တူဟှူဇာဟှာ မ္လေဂီးထတ်ဟှို နိက္လလာဇာဟှို ဗြင်ရဟှယ်။ 12အယ်မူဇာထဲမာ မ္လေဂီးထတ်မာရှိဟှူ ခေလေးရှောန်းလိဆန်လေ၊ တွားဘီးသွားဟှူ လိဆန်လေန ကောန်းဂန်ဟှ ငှတ်လေပါဟှယ်။ 13အယ်ဘီးန “ပေတရု၊ ထဘီး သတ်စားလိုက်” ဆိုဘီး ငါ့ဟှို ပြောဟှူသံဟှိုလည်း ငါကြားရဟှယ်။
14ပေတရုဟှ “သခင်၊ ဖယ်မျိုးလည်းဖြစ်နိုင်ဟှ! ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျွန်တော်ဟှာ ညစ်ညူးဇာန သန့်ရှင်းဘဲဟှူဇာဟှို ဖယ်ဒူးဟှလည်း စားဖူးဟှ” ဆိုဘီး လျှော့‑က်လိုက်ဟှယ်။
15သံတော်ဟှ “ဘုရားသခင်ဟှ သန့်ရှင်းဟှယ် ဆိုဇာဟှို ညစ်ညူးဟှယ် ဆိုဘီး ပြောန” ဆိုဘီး ဒုတိယခါ မိန့်တော်မူလေဟှယ်။ 16အယ်မျိုး သောင်းခါဖြစ်ဘီးန ရှစ်ရှင်းဘဲ အယ်ပိစဟှို ကောန်းဂန်ထဲဟှို ပ္လန်ဘီးဟှာ ဆွဲဒန်လိုက်ဟှယ်။
17ပေတရုဟှာ အယ်ရူပါရောင်ရဲ့ ဓိပါယ်ဟှို စဉ်းစားနေဒူးမာ ကော်နေလိ လွှတ်လိုက်ဟှူ လူလေဟှာ ရှိမုန်ရဲ့ အီဟှို ရှာတွိဟှားဘီး အီခွဗော့‑က်ရှေ့မာ ရပ်နေဂေ့ဟှယ်။ 18အယ်လူလေဟှ “ပေတရုနာမယ်ရှိဟှူ ရှိမုန်ဟှာ အယ်အီမာရှိလော” ဆိုဘီး အော်ဘီးဟှာ မေးဂေ့ဟှယ်။
19ပေတရုဟှာ ရူပါရောင်ကြောန်းဟှို စဉ်းစားနေဒူးမာ ဝိညာဉ်တော်ဟှ “လူသောင်းယော့‑က်#၁၀.၁၉ သောင်းယော့‑က်၊ တချို့ မူရင်းလတ်ရေးမူလေမာ တချို့၊ ဆိုဘီး ပါရှိဟှယ်။ မူရင်းလတ်ရေးမူတခုမာ နှေ့ယော့‑က်၊ ဆိုဘီး ပါရှိဟှယ်။ဟှာ နန့်ဟှို ရှာနေဂေ့ဟှယ်။ 20သူးနို့လေဟှို ငါဘဲ့ လွှတ်လိုက်ဟှူကြောန့် ထဘီးဆင်းဟှားလိုက်။ သံသယမှေ့ဘဲန သူးနို့န လိုက်ဟှားလိုက်” ဆိုဘီး ပြောဟှယ်။ 21ပေတရုဟှာ အယ်လူလေနားဟှို ဆင်းဟှားဘီးဟှာ “နန်းနို့ ရှာနေဟှူလူဟှာ ငါဘဲ့ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့် နန်းနို့ ရော့‑က်လာဂေ့နူး” ဆိုဘီး မေးဟှယ်။
22အယ်လူလေဟှ “ဖြောန့်မတ်ဘီး ဘုရားသခင်ဟှို ကြော့‑က်ဟှူ၊ ယုဒလူမျိုးလေရဲ့ ချီးကျူးဘီး လေးစားခံရဟှူ တပ်မှူးကော်နေလိဟှ လွှတ်လိုက်ဟှယ်။ သင့်ဟှို ဖိခေါ်ဘီး သင့်ရဲ့စကားဟှို နားထောန်ရမယ် ဆိုဘီး သန့်ရှင်းဟှူ ကောန်းဂန်တမန်တပါးရဲ့ စကားတော်ဟှို လတ်ခံရရှိဟှယ်” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။ 23ပေတရုဟှာ အယ်လူလေဟှို အီထဲဟှို ခေါ်ဖိဘီးဟှာ တည်းခိုစေလေဟှယ်။
နတ်ကီးတိုင်န သူဟှာ အယ်လူလေန တူးဒူ ထွပ်ဟှားဘီးဟှာ ယုပ္ပေဗြို့ဟှ ယောင်ကြည်သူ ညီကိုတချို့လည်း သူ့နတူးဒူ လိုက်ဟှားဂေ့ဟှယ်။ 24နော့‑က်နေ့မာ ပေတရုဟှာ ကဲသရိဗြို့ဟှို ရော့‑က်ဟှားဟှယ်။ အယ်ဗြို့မာ ကော်နေလိဟှာ သူခေါ်ဖိဟှားဟှူ ဆွေမျိုးလေန ရင်းနှီးဟှူ မိဆွေလေန တူးဒူ သူ့ဟှိုစောန့်နေဂေ့ဟှယ်။ 25ပေတရု ဝမ်လာဟှူ ခီမာ ကော်နေလိဟှာ ကြိုဆိုဘီးဟှာ သူ့ရဲ့ ခေရင်းမာ ပျပ်ဝပ်လိုက်ဟှယ်။ 26ပေတရုဟှ သူ့ဟှို ဆွဲဒန်ဘီး “ထဒန်၊ ငါကိုယ်တိုင်လည်း လူဘဲ့ဖြစ်ဟှယ်” ဆိုဘီး ကော်နေလိဟှို ပြောလိုက်ဟှယ်။ 27ပေတရုဟှာ ကော်နေလိန စကားပြောရင်း အီထဲဟှို ဝမ်ဟှားဟှူ ခီမာ လူလေဘောင်ဂီး စုနေဇာဟှို တွိလေဟှယ်။ 28အယ်လူလေဟှို ပေတရုဟှ “ယုဒလူလေဟှာ လူမျိုးခြားလေန ပေါန်းဖော်ဟှို့န သူးနို့နားဟှို အီးခ္လယ်သွားဟှို့တွပ် ဘာသာတရားဟှ ခွမ့်ပြုဟှ ဆိုဇာဟှို နန်းနို့ ကိုယ်တိုင်လည်း ကောန်းကောန်း သိဂေ့ဟှယ်။ အယ်ဘေမဲ့ ဖယ်လူဟှိုမျှ ညစ်ညူးဟှူလူ၊ စင်ကြယ်ဘဲဟှူလူ ဆိုဘီး ခေါ်ဘဲနေဟှို့တွပ် ဘုရားသခင်ဟှာ ငါ့ဟှို ဖော်ပြတော်မူဟှယ်။ 29အယ်ကြောန့် ငါ့ဟှို နန်းနို့ ခေါ်ဖိဟှူ ခီမာ ငါဟှာ ငြင်းဆိုဘဲန လိုက်လာဟှယ်။ ဖြားဖြစ်ကြောန့် ငါ့ဟှို ခေါ်ဖိရနူး” ဆိုဘီး မေးလေဟှယ်။
30ကော်နေလိဟှ “ပီးဟှားဟှူ သောင်းရစ်လော့‑က်ဒူးဟှ နေဒန်သောင်းနာရီမာ ကျွန်တော်ဟှာ အီမာ ဆုတောန်းနေဟှယ်။#၁၀.၃၀ ဆုတောန်းနေဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ စာရှောန်ဘီး ဆုတောန်းနေဟှယ်၊ ဆိုဘီး ပါရှိဟှယ်။ အယ်ခီမာ တော့‑က်ပြောန်နေဟှူဝတ်န လူတယော့‑က်ဟှာ ကျွန်တော့်ရှေ့မာ ရော့‑က်တရစ်ရပ်ဘီး 31‘ကော်နေလိ၊ နန့်ဆုတောန်းသံဟှို ဘုရားသခင်ဟှ ကြားဟှယ်။ နန့် စွန့်ကြဲပေးကမ်းဟှူ ဇာလေဟှိုလည်း သိဟှယ်။ 32အယ်ကြောန့် ယုပ္ပေဗြို့ဟှို လူလွှတ်ဘီးဟှာ ပေတရု နာမယ်ရှိဟှူ ရှိမုန်ဟှို ခေါ်ဖိလိုက်။ သူဟှာ ပန်လယ်ကမ်းနားမာရှိဟှူ သရေလောက်မား ရှိမုန်အီမာ ရှိနေဟှယ်’ ဆိုဘီး ပြောဟှယ်။ 33အယ်ကြောန့် ကျွန်တော်ဟှာ ရှစ်ရှင်းဘဲ သင့်နားဟှို လူလွှတ်လိုက်ဟှယ်။ သင်ကြွလာဇာတွပ် ကျေးဇူးတန်ဟှယ်။ သင့်ဟှို သခင်ဘုရား ပြောဟှားဟှူ စကားလေဟှို ကြားရဟှို့တွပ် ကျွန်တော့်လေဟှာ ဘုရားသခင်ရှေ့မာ ဆင်သင့်ဖြစ်နေဂေ့ဟှယ်” ဆိုဘီး ပြောဟှယ်။
ပေတရုရဲ့ ဟောပြောဇာကြောန်း
34အယ်ဘီးန ပေတရုဟှ “ဘုရားသခင်ဟှာ မှန်တိုင်းဘဲ့ မျစ်နှာလိုက်ဟှ ဆိုဇာဟှို ခု ငါဟှာ နားလည်ဟှားဘီ။ 35ဘုရားသခင်ဟှို ကြော့‑က်ဘီး ဖြောန့်မတ်ဟှူ လူမျိုးတိုင်းဟှိုဘဲ့ လတ်ခံဟှယ်။ 36ဘုရားသခင်ဟှာ ဂူလောင်းရဲ့ သခင်ဖြစ်ဟှူ ယေရှုခရစ်တော်အားဖြင့် ငြီသတ်ဇာနဆိုင်ဟှူ ဒန်းကောန်းဟှို ဣသရေလလူမျိုးလေဟှို ဟောဟှို့တွပ် စေလွှတ်လိုက်ဟှယ် ဆိုဇာဟှို နန်းနို့ သိဂေ့ဟှယ်။ 37ဗတ္တိဇံတရားဟှို ယောဟန်ဟောပြောဘီးန ဂါလိလဲပြည်ဟှနေ စဘီးဟှာ ယုဒပြည် တရှော့‑က်လောင်းမာ ကီးမားဟှူ ဖြစ်ပျစ်ဟှို နန်းနို့ သိဂေ့ဟှယ်။ 38ဘုရားသခင်ဟှာ နာဇရက်ဗြို့သား ယေရှုဟှို သန့်ရှင်းဟှူဝိညာဉ်တော်န တဂိုးတော်လေ ကိုယ်တော်ထတ်ဟှို ဖယ်မျိုးလောန်းခ္လဟှားဟှယ် ဆိုဇာဟှို နန်းနို့ သိဂေ့ဟှယ်။ ဘုရားသခင်ဟှာ ကိုယ်တော်နတူးဒူ ရှိဟှူကြောန့် ကိုယ်တော်ဟှာ နေရာတိုင်းဟှို သွားဘီးဟှာ ကောန်းဇာလေ လောက်ဆောန်ဘီး မာရ်နတ်ရဲ့ တဂိုးအော့‑က်မာရှိဟှူ လူလေ ဂူလောင်းဟှို ကျန်းမာစေဟှယ်။ 39နို့လေဟှာ ယေရုရှလင်ဗြို့န ယုဒပြည်မာ ကိုယ်တော်လောက်ဟှူဇာ ဂူလောင်းရဲ့ သတ်သေလေဖြစ်ဂေ့ဟှယ်။ အယ်ဘီးန လူလေဟှာ ကိုယ်တော့်ဟှို လတ်ဝါးကပ်တိုင်မာ ခိဆွဲဘီး သတ်လိုက်ဂေ့ဟှယ်။ 40အယ်ဘေမဲ့ သောင်းရစ်ကြာဘီးန ဘုရားသခင်ဟှာ ကိုယ်တော့်ဟှို သေရာဟှနေ ထမြော့‑က်စေဘီးဟှာ ကိုယ်ထန်ရှားပြဟှယ်။ 41အယ်ဘေမဲ့ လူတိုင်းဟှာ ကိုယ်တော့်ဟှို ဗြင်ရဂေ့ဇာ မှုဟှ။ သိသတ်သေလေဖြစ်န ဘုရားသခင်ဟှ ကြိုတန်ဘီး ဝီးကော့‑က်ဟှားဟှူ၊ သေရာဟှနေ ထမြော့‑က်ဘီးန ကိုယ်တော်နတူးဒူ စားသောက်ဂေ့ဟှူ နို့လေမျှဘဲ့ ဗြင်ရဂေ့ဟှယ်။ 42ကိုယ်တော်ဟှ လူလေဟှို ဒန်းကောန်း ဟောပြောဟှို့တွပ်န ကိုယ်တော်ဟှာ သတ်ရှင်နေဟှူလူလေန သေဟှားဟှူလူလေဟှို တရားစီရင်ဟှူ သခင်ဖြစ် ဘုရားသခင်ခန့်ဟှားဟှယ် ဆိုဇာဟှို သတ်သေခံဟှို့တွပ် နို့လေဟှို မိန့်မှာဟှားဟှယ်။ 43ကိုယ်တော့်ဟှို ယောင်ကြည်ဟှူ လူတိုင်းဟှာ ကိုယ်တော်ရဲ့ နာမတော်အားဖြင့် ပြစ်လွှတ်ခံရလေ့မယ် ဆိုဘီး ကိုယ်တော်ကြောန်းဟှို ပရောဖက်လေဟှ သတ်သေခံဟှားဟှယ်” ဆိုဘီး ပြောလေဟှယ်။
လူမျိုးခြားလေဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို လတ်ခံဟှူကြောန်း
44အယ်စကားဟှို ပေတရုဟှ ပြောနေဒူးမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ တရားစကားဟှို နားထောန်နေဂေ့ဟှူ လူလေထတ်ဟှို ဆင်းလာဟှယ်။ 45ပေတရုနတူးဒူး လိုက်လာဟှူ ရေဖျားလှီးဟှားဟှူ ယောင်ကြည်သူ ယုဒလူမျိုးလေဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ လတ်ဆောန်ဟှို လူမျိုးခြားလေထတ်ဟှိုလည်း သွန်းလောန်းဟှူကြောန့် ရရာတိုင်း အံ့ဩဂေ့ဟှယ်။ 46ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူမျိုးခြားလေဟှာ ထူးဆန်းဟှူ ဘာသာစကားလေဟှို ပြောနေဂေ့ဇာန ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းဂေ့ဇာဟှို ကြားရဂေ့ဟှယ်။ အယ်ကြောန့် ပေတရုဟှ၊ 47“အယ်လူလေဟှာ နို့လေမျိုးဘဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ခံရဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှို ရေနဗတ္တိဇံဟှို ခံယူဘဲနေအောန် ဖယ်လူဟှ တားနိုင်ဟှို့နူး” ဆိုဘီး ပြောဟှယ်။ 48အယ်ကြောန့် ပေတရုဟှာ သူးနို့ဟှို ယေရှုခရစ်တော်ရဲ့ နာမတော်မာ ဗတ္တိဇံခံဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။ အယ်ဘီးန ပေတရုဟှို သူးနို့လေနတူးဒူ ရစ်နဲနဲနေဟှို့တွပ် တောန်းလျှော့‑က်ဂေ့ဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in