တမန်တော် 11
11
ယေရုရှလင်ဗြို့ဟှ သင်းတော်ဟှို ပေတရုရဲ့ စီရင်ခံစာကြောန်း
1လူမျိုးခြားလေဟှ ဘုရားသခင်ရဲ့ စကားတော်ဟှို လတ်ခံရရှိဂေ့ဟှယ် ဆိုဇာဟှို ယုဒပြည် နေရာနှံ့မာ ရှိနေဟှူ တမန်တော်လေန ယောင်ကြည်သူ ညီကိုလေဟှ ကြားရဂေ့ဟှယ်။ 2ယေရုရှလင်ဗြို့ဟှို ပေတရု ရော့‑က်ဟှူ ခီမာ ရေဖျားလှီးဟှားဟှူ ယောင်ကြည်သူ ညီကိုလေဟှ သံသယဖြစ်ဟှူကြောန့် 3“နန်ဟှာ ရေဖျားလှီးဘဲဟှူ လူမျိုးခြားလေရဲ့ အီဟှို ဝမ်ဘီးဟှာ သူးနို့န တူးဒူ စားသော့‑က်နေမား” ဆိုဘီး သူ့ဟှို ပြောဂေ့ဟှယ်။ 4အယ်ကြောန့် ပေတရုဟှာ ကြောန်းရာတခုလောင်းဟှို စဟှနေဆောင်းထိ ပြောပြလိုက်ဟှယ်။
5ပေတရုဟှ “ငါဟှာ ယုပ္ပေဗြို့မာ ဆုတောန်းနေဒူးမာ ရူပါရောင်ဟှို ဗြင်ရဟှယ်။ ဒေါ့‑က်လေးဒေါ့‑က်န ချောက်ဟှားဟှူ ပိစဂီးတခုန တူဟှူဇာဟှာ ကောန်းဂန်ဟှနေ နိက္လလာဘီး ငါ့နားဟှို ရော့‑က်လာဇာဟှိုလည်း ငါဗြင်ဟှယ်။ 6ငါဟှာ အယ်မူဇာထဲဟှို သေးသေချားချာဟှား ကေ့လိုက်ဟှူ ခီမာ ခေလေးရှောန်းလိဆန်လေ၊ မ္လေဂီးမာနေဟှူ သားရဲလေ၊ တွားဘီးသွားဟှူ လိဆန်လေန ကောန်းဂန်ဟှ ငှတ်လေဟှို ဗြင်ရဟှယ်။ 7အယ်ဘီးန ‘ပေတရု၊ ထဘီး သတ်စားလိုက်’ ဆိုဘီး ငါ့ဟှို ပြောဟှူသံဟှို ငါကြားရဟှယ်။ 8အယ်ဘေမဲ့ ငါဟှ ‘သခင်၊ ဖယ်မျိုးလည်း ဖြစ်နိုင်ဟှ။ ကျွန်တော်ဟှာ ညစ်ညူးဇာန သန့်ရှင်းဘဲဟှူဇာဟှို ဖယ်ဒူးဟှလည်း စားဖူးဟှ’ ဆိုဘီး ပ္လန်လျှော့‑က်လိုက်ဟှယ်။ 9ကောန်းဂန်ဟှနေ သံတော်ဟှ ‘ဘုရားသခင်ဟှ သန့်ရှင်းဟှယ် ဆိုဇာဟှို ညစ်ညူးဟှယ် ဆိုဘီး ပြောန’ ဆိုဘီး ဒုတိယခါ မိန့်တော်မူဟှယ်။ 10အယ်မျိုး သောင်းခါဖြစ်ဘီးန အယ်ဇာတခုလောင်းဟှို ကောန်းဂန်ထဲဟှို ပ္လန်ဘီး ဆွဲဒန်လိုက်ဟှယ်။ 11ရှစ်ဟှားကြာဘီးန ကဲသရိဗြို့ဟှနေဘီး ငါ့နားဟှို လွှတ်လိုက်ဟှူ လူသောင်းယော့‑က်ဟှ ငါတည်းနေဟှူ#၁၁.၁၁ ငါတည်းနေဟှူ၊ တချို့ မူရင်းလတ်ရေးမူလေမာ နို့လေတည်းနေဟှူ၊ ဆိုဘီး ပါရှိဟှယ်။ အီဟှို ရော့‑က်လာဟှယ်။ 12ဝိညာဉ်တော်ဟှ သံသယမှေ့ဘဲန အယ်လူလေန တူးဒူ လိုက်ဟှားဟှို့တွပ် ငါ့ဟှို ပြောဟှယ်။ ယုပ္ပေဗြို့ဟှ ညီကိုခြော့‑က်ယော့‑က်လည်း ငါ့နတူးဒူ လိုက်ဂေ့ဟှယ်။ နို့လေဂူလောင်းဟှာ ကော်နေလိရဲ့ အီထဲဟှို ဝမ်ဂေ့ဟှယ်။ 13ကော်နေလိဟှ သူ့အီမာ ကောန်းဂန်တမန်တပါးဟှ ရပ်ဘီးဟှာ ‘ပေတရု နာမယ်ရှိဟှူ ရှိမုန်ဟှို ခေါ်ဟှို့တွပ် ယုပ္ပေဗြို့ဟှို ယော့‑က်ယော့‑က်ဟှို လွှတ်လိုက်။ 14အယ်လူဟှာ နန့်န နန့်မိသားစု ဂူလောင်းဟှို ကယ်တန်ခံရမယ့် တရားစကားဟှို ပြောလေ့မယ်’ ဆိုဘီး နို့လေဟှို ပြောဟှယ်။ 15အယ်ဘီးန ငါဟှာ စဘီးပြောဟှူ ခီမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ရင်းရင်ဒူးဟှ နို့လေထတ်ဟှို ဆင်းလာမျိုးဘဲ့ အယ်လူလေထတ်ဟှိုလည်း ဆင်းလာဟှယ်။ 16#တ ၁.၅အယ်ခီမာ ‘ယောဟန်ဟှာ ရေန ဗတ္တိဇံပေးဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ဗတ္တိဇံခံရဂေ့လေ့မယ်’ ဆိုဘီး သခင်ဘုရား မိန့်တော်မူဟှားဇာဟှို ငါဟှာ ပ္လန်ဒိရဟှားဟှယ်။ 17ဘုရားသခင်ဟှာ သခင်ယေရှုခရစ်တော်ဟှို ယောင်ကြည်ဟှူ နို့လေဟှို ပေးဟှူမျိုးဘဲ့ အယ်လူမျိုးခြားလေဟှိုလည်း တူညီဟှူ လတ်ဆောန်ဟှို ပေးဟှယ် ဆိုဇာ ထန်ရှားနေဟှယ်။ အယ်ဆိုဟှာ ငါဟှာ ဖယ်မျိုးလူ ဖြစ်ဟှူကြောန့် ဘုရားသခင်ဟှို တားနိုင်ဟှို့နူး!” ဆိုဘီး ပြောဟှယ်။ 18အယ်စကားဟှို ကြားရဟှူ ခီမာ အယ်လူလေဟှာ ပြစ်တန်ဂေ့ဟှမ်း။ အယ်ဘီးန ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဘီး “အယ်ဆိုဟှာ ဘုရားသခင်ဟှာ သတ်ရှင်ဟှို့တွပ် ပို့ဆောန်ဟှူ နောန်ဒတရားဟှို လူမျိုးခြားလေဟှိုလည်း ပေးတော်မူဘီ။”
အန္တိအုတ်ဗြို့ဟှ သင်းတော်ကြောန်း
19 #
တ ၈.၁–၄
ယောင်ကြည်သူလေဟှာ သတေဖန်သတ်ခံရဟှူ ခီမာ ဖြစ်လာဟှူ ညှဉ်းဆဲမှုကြောန့် နေရာတိုင်းဟှို ကွဲဟှားဂေ့ဟှယ်။ တချို့ လူလေဟှာ ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်ဗြို့ထိ ရော့‑က်ဟှားဂေ့ဟှယ်။ သူးနို့ဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ယုဒလူမျိုးလေဟှိုဘဲ့ ဟောပြောဂေ့ဟှယ်။ 20သူးနို့ထဲမာ ကုပရုကျွန်းန ကုရေနေနယ်ဟှ ယောင်ကြည်သူလေ တချို့ပါဟှယ်။ သူးနို့ဟှာ အန္တိအုတ်ဗြို့ဟှို သွားဘီးဟှာ လူမျိုးခြားလေ#၁၁.၂၀ လူမျိုးခြားလေ၊ တချို့ မူရင်းလတ်ရေးမူလေမာ ဟေလသစကားပြောဟှူ ယုဒလူမျိုး၊ အယ်မျိုးမှုဘဲ့နေဟှာ ဟေလသစကားပြောဟှူ လူလေ၊ ဆိုဘီး ပါရှိဟှယ်။ဟှို သခင်ယေရှုရဲ့ ကြောန်းဖြစ်ဟှူ ဒန်းကောန်းဟှို ဟောပြောဂေ့ဟှယ်။ 21သူးနို့ဟှာ သခင်ဘုရားရဲ့ တဂိုးတော်ဟှို ခံရဂေ့ကြောန့် လူလေဘောင်ဂီးဟှ ယောင်ကြည်ဘီးဟှာ သခင်ဘုရားဖတ်ဟှို ပ္လောန်းလဲလာဂေ့ဟှယ်။
22အယ်ဒန်းဟှို ယေရုရှလင်ဗြို့မာရှိဟှူ သင်းတော်ဟှ ကြားရဟှူ ခီမာ ဗာနဗဟှို အန္တိအုတ်ဗြို့ဟှို လွှတ်လိုက်ဟှယ်။ 23သူဟှာ အယ်ဗြို့ဟှို ရော့‑က်ဟှူ ခီမာ လူလေဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ဗြင်ရဟှူ ခီမာ ရရာတိုင်း ဝန်းသာဘီးဟှာ သခင်ဘုရားဟှို စိနှလောင်းကြွင်းမဲ့ ယောင်ကြည်ဘီး သစ်စာစောန့်ဂေ့ဟှို့တွပ် တိုက်တွန်းလေဟှယ်။ 24ဗာနဗဟှာ သူတော်ကောန်းဖြစ်ဘီး သန့်ရှင်းဟှူဝိညာဉ်တော်နရော၊ ယောင်ကြည်ရှင်းနရော ပ္လဲ့ဝနေဟှယ်။ အယ်ကြောန့် လူလေဘောင်ဂီးဟှာ သခင်ဘုရားဖတ်ဟှို ပ္လောန်းလဲလာဂေ့ဟှယ်။
25အယ်ဘီးန ဗာနဗဟှာ ရှောလုဟှို ရှာဟှို့တွပ် တာရှုဗြို့ဟှို သွားလိုက်ဟှယ်။ 26သူ့ဟှို တွိဟှူ ခီမာ အန္တိအုတ်ဗြို့ဟှို ခေါ်လာဟှယ်။ သူးနို့ နှေ့ယော့‑က်ဟှာ တနှစ်လောင်းလောင်း သင်းတော်မာ စုဝေးဂေ့ဘီးဟှာ လူလေဟှို သွန်သန်ဟှယ်။ တဗဲ့တော်လေဟှာ ပထမဦးဆောင်း ခရစ်ယာန် ဆိုဘီး ခေါ်ခံရဟှူနေရာဟှာ အန္တိအုတ်ဗြို့မာ ဖြစ်ဟှယ်။
27အယ်ခီမာ ပရောဖက်တချို့ဟှာ ယေရုရှလင်ဗြို့ဟှနေ အန္တိအုတ်ဗြို့ဟှို လာဂေ့ဟှယ်။ 28#တ ၂၁.၁၀အယ်လူလေထဲဟှ အာဂဗု နာမယ်ရှိဟှူ လူတယော့‑က်ဟှာ ထဘီးဟှာ တကမ္ဘာလောင်းမာ ငတ်မွတ်ခေါန်းပါးဘေး ရော့‑က်လာလေ့မယ် ဆိုဘီး ဝိညာဉ်တော်အားဖြင့် ကြိုတန်ဘီး ဟောပြောလေဟှယ်။ အယ်မူဇာဟှာ မန်းဂီး ကလောဒိ လတ်ထတ်မာ ငတ်မွတ်ခေါန်းပါးဘေး က္လရော့‑က်လာဟှယ်။ 29တဗဲ့တော်လေဟှာ သူးနို့ တတ်နိုင်မျှတိုင်းဘဲ့ ယုဒပြည်မာရှိနေဟှူ ညီကို မောန်နှမလေဟှို ကူညီဟှို့တွပ် ဆောင်းဖြတ်ဂေ့ဟှယ်။ 30အယ်မျိုး ဆောင်းဖြတ်ဂေ့ဘီးန ကပ်လေဟှို ဗာနဗန ရှောလုလေအားဖြင့် ယေရုရှလင်ဗြို့မာရှိဟှူ သင်းတော် လူဂီးလေနားဟှို ပို့ပေးဂေ့ဟှယ်။
Currently Selected:
တမန်တော် 11: NTDWB24
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© The Word for the World International, 2024.