YouVersion Logo
Search Icon

တမန်တော် 9

9
ရှောလု ပ္လောန်းလဲဟှူကြောန်း
(တမန်တော် ၂၂.၆–၁၆; ၂၆.၁၂–၁၈)
1အယ်ခီမာ ရှောလုဟှာ သခင်ဘုရားရဲ့ တဗဲ့တော်လေဟှို သတ်ဟှို့တွပ် ချီးခြော့‑က်နေဟှယ်။ သူဟှာ ယဇ်ပုရောဟိတ်မန်း နားဟှို သွားဘီးဟှာ၊ 2သခင်ဘုရားရဲ့ လမ်းစဉ်ဟှို လိုက်ရှော့‑က်ဟှူ ယော့‑က်ကျားန မီးမလေဟှိုတွိမယ် ဆိုဟှာ အယ်လူလေဟှို ဖမ်းဘီးဟှာ ယေရုရှလင်ဗြို့ဟှို ခေါ်လာနိုင်ဟှို့တွပ် ဒမာသက်ဗြို့မာရှိဟှူ ဝါလယ်ဇရပ်လေဟှို မှာစာလေဟှို ရေးပေးဟှို့တွပ် တောန်းရှော့‑က်လေဟှယ်။
3ရှောလုဟှာ ဒမာသက်ဗြို့နားဟှို ရော့‑က်ခါနီးမာ ကောန်းဂန်ဟှနေ လန်းရောန်တခုဟှာ သူ့ပတ်လည်မာ ရောက်တရစ် ထွန်းတော့‑က်လာဟှယ်။ 4သူဟှာ မ္လေဂီးထတ်ဟှို လဲက္လဘီးန “ရှောလု၊ ရှောလု နန်ဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို ညှဉ်းဆဲနူး” ဆိုဘီး သူ့ဟှို မေးနေဟှူ သံဟှို ကြားရဟှယ်။
5ရှောလုဟှ “သခင်၊ ကိုယ်တော်ဟှ ဖယ်သူနူး” ဆိုဘီး မေးလျှော့‑က်လိုက်ဟှယ်။ သံတော်ဟှ “ငါဟှာ နန်ညှဉ်းဆဲနေဟှူ ယေရှုဘဲ့ဖြစ်ဟှယ်။”
6“အယ်ဘေမဲ့ ထဘီးဟှာ ဗြို့ထဲဟှို သွားလိုက်။ အယ်နေရာမာ နန်လောက်ရဟှို့ ဇာလေဟှို ငါပြောပြမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
7ရှောလုနတူးဒူ ခရီးသွားနေဂေ့ဟှူ လူလေဟှာ အယ်သံဟှို ကြားရဘေမဲ့ ဖယ်လူဟှိုလည်း ဗြင်ရဘဲ့ဟှူကြောန့် တွေဝေဘီးဟှာ ရပ်နေဂေ့ဟှယ်။ 8ရှောလုဟှာ မ္လေဂီးဟှထဘီးန မျစ်စိဟှို ဖွမ့်လိုက်ဟှူ ခီမာ ဖြားလည်း ဗြင်ရဟှမ်း။ အယ်ကြောန့် အယ်လူလေဟှာ သူ့လတ်ဟှို ဆွဲဘီးဟှာ ဒမာသက်ဗြို့ထဲဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။ 9သူဟှာ သောင်းရစ်လောင်းလောင်း မျစ်ကန်းဖြစ်ဟှားဘီး ဖြားဇာလည်း စားသော့‑က်ဘဲန နေလေဟှယ်။
10ဒမာသက်ဗြို့မာ အာနနိ နာမယ်ရှိဟှူ တဗဲ့တော် တယော့‑က်ရှိဟှယ်။ ရူပါရောင်ထဲမာ သခင်ဘုရားဟှ အာနနိဟှို “အာနနိ!” ဆိုဘီး ခေါ်လိုက်ဟှယ်။
အာနနိဟှ “ကျွန်တော်ရှိပါဟှယ်။ သခင်ဘုရား” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
11သခင်ဘုရားဟှ “နန်ထဘီး လမ်းဖြောန့် နာမယ်ရှိဟှူ လမ်းဟှိုသွားလိုက်။ တာရှုဗြို့သား ရှောလု နာမယ်ရှိဟှူ လူဟှို ယုဒရဲ့အီမာ မေးလိုက်ပါ။ သူဟှာ ဆုတောန်းနေဟှယ်။ 12သူဟှာ မျစ်စိ ပ္လန်ဗြင်ရဟှို့တွပ် အာနနိ နာမယ်ရှိဟှူလူ လာဘီးဟှာ သူ့ထတ်မာ လတ်လာတန်ဇာဟှို ရူပါရောင်ထဲမာ ဗြင်ဟှားပီးဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
13အာနနိဟှ “သခင်ဘုရား၊ အယ်လူဟှာ ယေရုရှလင်ဗြို့မာရှိဟှူ ကိုယ်တော်ရဲ့ သန့်ရှင်းဟှူ လူလေဟှို ဖယ်မျှလော့‑က် ဒေါက်ခပေးဟှယ် ဆိုဇာ လူလေဘောင်ဂီးနားဟှနေ ကျွန်တော်ကြားရဟှယ်။ 14ကိုယ်တော်နာမဟှို ဆုတောန်းဟှူ လူလေရှိမျှဟှို ဖမ်းဟှို့တွပ် ယဇ်ပုရောဟိတ်ဂီးလေရဲ့ ခွမ့်အာဏာန ဒမာသက်ဗြို့ဟှို လာဟှူလူဖြစ်ဟှယ်” ဆိုဘီး ရှော့‑က်လိုက်ဟှယ်။
15သခင်ဘုရားဟှ “သွားလိုက်။ အယ်လူဟှို လူမျိုးခြားလေ၊ မန်းဂီးလေန ဣသရေလလူမျိုးလေဟှို ငါ့နာမဟှို ကြေညာဟှို့တွပ် ငါဝီးကော့‑က်ဟှားဟှယ်။ 16ငါ့ရဲ့ နာမတော်ကြောန့် သူခံရမယ့် ဆင်းရဲဒေါက်ခကြောန်းဟှို သူ့ဟှို ငါကိုယ်တိုင် ဖော်ပြမယ်” ဆိုဘီး ပြောလေဟှယ်။
17အယ်ကြောန့် အာနနိဟှာ ရှောလုရှိဟှူအီဟှို သွားဘီး ရှောလုထတ်မာ လတ်ဟှိုတန်ဘီးန “ညီရှောလု၊ နန့်မျစ်စိ ပ္လန်ဗြင်ဟှို့တွပ်ရော၊ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝဟှို့တွပ်ရော လမ်းမာနန့်ဟှို ထန်ရှားပြဟှူ သခင်ယေရှုဟှာ ငါ့ဟှို နန့်နားဟှို လွှတ်လိုက်ဟှယ်” ဆိုဘီး ပြောဟှယ်။ 18ရှစ်ရှင်းဘဲ့ ရှောလုရဲ့ မျစ်စိဟှနေ ငါးကြေးလေဟှာ ကွာက္လမျိုးဖြစ်ဘီးဟှာ မျစ်စိပ္လန်ဗြင်ဟှားဟှယ်။ သူဟှာ ထဘီးန ဗတ္တိဇံခံလေဟှယ်။ 19သူဟှာ စားဇာစားဘီးန ခွန်အား ပ္လဲ့လာလေဟှယ်။
ဒမာသက်ဗြို့မာ ရှောလု ဟောပြောကြောန်း
ရှောလုဟှာ ဒမာသက်ဗြို့မာ တဗဲ့တော်လေန ရစ်နဲနဲ ကြာအောန်နေလေဟှယ်။ 20ရှစ်ရှင်းဘဲ့ ဝါလယ်ဇရပ်လေဟှို သွားဘီးဟှာ ယေရှုဟှာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ် ဆိုဇာဟှို စဘီးဟှာ ဟောပြောဟှယ်။
21သူ့စကားဟှို ကြားဟှူလူလေဟှာ အံ့ဩဂေ့ဘီးဟှာ “အယ်လူဟှာ ယေရုရှလင်ဗြို့မာ ယေရှုဟှို ကိုးကွယ်ဟှူ လူလေဟှို သတ်ဟှူလူ မှုဟှလော။ သူဟှာ အယ်လူလေဟှို ဖမ်းဘီးဟှာ ယဇ်ပုရောဟိတ်ဂီးလေနားဟှို ပို့ဟှူလူ မှုဟှလော” ဆိုဘီး မေးဂေ့ဟှယ်။
22အယ်ဘေမဲ့ ရှောလုရဲ့ ဟောပြောချစ်ဟှာ တဂိုးန ပိုဘီး ဟှာ ပ္လဲ့ဇောင်လာဘီး သခင်ယေရှုဟှာ မေရှိယဖြစ်ဟှယ် ဆိုဇာဟှို သတ်သေပြဘီး ဟောပြောဟှူကြောန့် ဒမာသက်ဗြို့မာနေဟှူ ယုဒလူမျိုးလေဟှ ပ္လန်ဘီးချေပဟှို့ နိုင်ဂေ့ဟှ။
23 # ၂ ကော ၁၁.၃၂,၃၃ ရစ်လေကြာဟှားဘီးန ရှောလုဟှို သတ်ဟှို့တွပ် ယုဒလူမျိုးလေဟှာ ကြံစည်ဂေ့ဟှယ်။ 24အယ်ဘေမဲ့ သူးနို့ရဲ့ စီစဉ်လေဟှို ရှောလုဟှ သိဟှားဟှယ်။ သူးနို့ဟှာ ရှောလုဟှို သတ်ဟှို့တွပ် နေ့ရော၊ ညဉ့်ရော ဗြို့ရဲ့ ခွဗော့‑က်နားမာ စောန့်နေဂေ့ဟှယ်။ 25ရှောလုရဲ့ တဗဲ့လေဟှာ ညဉ့်ခန်းဇာမာ သူ့ဟှိုယူဘီးန တောန်းထဲဟှို ထဲ့ဘီးဟှာ ဗြို့ရိုးထတ်ဟှနေ ရှောခ္လဂေ့ဟှယ်။
ယေရုရှလင်ဗြို့ဟှို ရှောလု ပ္လန်ဘီးဟှာ ရော့‑က်လာကြောန်း
26သူဟှာ ယေရုရှလင်ဗြို့ဟှို ရော့‑က်လာဟှူ ခီမာ တဗဲ့လေန ပေါန်းဟှို့တွပ် ကြိုးစားဟှယ်။ အယ်ဘေမဲ့ သူဟှာ တဗဲ့တော်တယော့‑က် ဖြစ်ဟှယ် ဆိုဇာဟှို သူးနို့လေဟှာ ယောင်ကြည်ဘဲ့ကြောန့် သူ့ဟှို ကြော့‑က်နေဂေ့ဟှယ်။ 27အယ်ဘီးန ဗာနဗဟှာ သူ့ဟှို ကူညီဘီး တမန်တော်လေနားဟှို ခေါ်လာဟှယ်။ ရှောလုဟှာ လမ်းမာ သခင်ဘုရားဟှို ဗြင်ရဟှူဇာလေရော၊ ဒမာသက်ဗြို့မာ ယေရှုရဲ့နာမန ဖယ်မျှထိ ရဲရဲရင့်ရင့်ဟှား ဟောဇာလေဟှိုရော သူဟှ သူးနို့ဟှို ရှင်းပြလေဟှယ်။ 28ရှောလုဟှာ တမန်တော်လေနတူးဒူ နေဘီး ယေရုရှလင်ဗြို့ဟှို နှံ့အောန်သွားဘီးဟှာ သခင်ဘုရားရဲ့ နာမတော်ဟှို ရဲရဲရင့်ရင့်ဟှား ဟောပြောဟှယ်။ 29သူဟှာ ဟေလသစကားပြောဟှူ ယုဒလေန ဆွေးနွီး ပြောဆိုဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်လူလေဟှာ သူ့ဟှို သတ်ဟှို့တွပ် ကြံစည်ဂေ့ဟှယ်။ 30အယ်ဒန်းဟှို ညီကိုလေဟှ ကြားရဟှူ ခီမာ သူ့ဟှို ကဲသရိဗြို့ဟှို ခေါ်ဆောန်ဟှားဘီး တာရှုဗြို့ဟှို ပို့ဂေ့ဟှယ်။
31အယ်ကြောန့် ယုဒပြည်၊ ဂါလိလဲပြည်န ရှမာရိပြည် နေရာနှံ့မာရှိဟှူ သင်းတော်ဟှာ ငြီသတ်ဟှူ ကာလဟှို ရဂေ့ဟှယ်။ သင်းတော်ဟှာ သခင်ဘုရားဟှို ကြော့‑က်ရွံ့ ရိုသေဇာန သတ်ရှင်ဘီး သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ ကူညီရှင်းကြောန့် ခိုင်ခန့်မြဲမြံဟှားဘီး သင်းသားလေ ဘောင်ဂီးဖြစ်လာဟှယ်။
ပေတရုဟှာ လုဒ္ဒဗြို့န ယုပ္ပေဗြို့ဟှို ရော့‑က်ဟှားကြောန်း
32ပေတရုဟှာ နေရာတိုင်းဟှို သွားဘီး လုဒ္ဒဗြို့မာရှိဟှူ ဘုရားသခင်ရဲ့ သန့်ရှင်းသူလေနားဟှို ရော့‑က်ဟှားဟှယ်။ 33အယ်ဗြို့မာ လေဖြတ်ဘီးဟှာ ရှစ်နှစ်လောင်းလောင်း အိယာထဲမာ လဲနေဟှူ အဲနေနာမယ်ခေါ်ဟှူ လူတယော့‑က်ဟှို တွိဟှားဟှယ်။ 34ပေတရုဟှ “အဲနေ၊ ယေရှုခရစ်တော်ဟှာ နန့်ဟှို ကျန်းမာစေဘီ။ ထဘီးဟှာ အိယာဟှို ကော့‑က်လိုက်” ဆိုဘီး သူ့ဟှို ပြောလိုက်ဟှယ်။ အဲနေဟှာ ရှစ်ရှင်းဘဲ့ ထလိုက်ဟှယ်။ 35လုဒ္ဒဗြို့န ရှာရုန်ဗြို့မာနေဟှူ လူလေ ဂူလောင်းဟှာ အဲနေဟှို ဗြင်ဘီး သခင်ဘုရားဖတ်ဟှို ပ္လောန်းလဲလာဂေ့ဟှယ်။
36ယုပ္ပေဗြို့မာ တဗိသနာမယ်ရှိဟှူ တဗဲ့တော်မ တယော့‑က်ရှိဟှယ်။ သူ့နာမယ်ဟှ ဟေလသစကားန ဆိုဟှာ “ဒေါ်ကာ” ဖြစ်ဘီး “သမင်” ဆိုဘီး ဓိပါယ်ရဟှယ်။ သူဟှာ မြဲဒမ်း ကောန်းဇာဟှို လောက်ဘီး ဆင်းရဲသားလေဟှို ကူညီဟှယ်။ 37အယ်ခီမာ သူဟှာ ဖျားဘီး သေဟှားလေဟှယ်။ သူ့လောန်းဟှို ရေချိုးပေးဂေ့ဘီးဟှာ အီထတ်ခန်းမာ ထားဟှားဂေ့ဟှယ်။ 38လုဒ္ဒဗြို့န ယုပ္ပေဗြို့ဟှာ ရရာတိုင်း ဝီးဘဲကြောန့် လုဒ္ဒဗြို့မာ ပေတရုရှိနေဇာဟှို တဗဲ့တော်လေကြားဟှူ ခီမာ “ကျွန်တော့်ဟှားလေနားဟှို ဗြန်းဗြန်ဟှားလာပါ” ဆိုဘီး လူနှေ့ယော့‑က်ဟှို ပေတရုနားဟှို လွှတ်လိုက်ဘီး တောန်းဗန်ဂေ့ဟှယ်။ 39အယ်ကြောန့် ပေတရုဟှာ အယ်လူနှေ့ယော့‑က်န လိုက်ဟှားဟှယ်။ သူရော့‑က်ဟှူ ခီမာ လူလေဟှာ သူ့ဟှို အီထတ်ခန်းဟှို ခေါ်ဟှားဂေ့ဟှယ်။ မောက်ဆိုးမလေဟှာ ပေတရုနားမာ လာငိုဘီးဟှာ ဒေါ်ကာသေခန်ဒူးဟှ ချောက်ဟှားဟှူ အန်းဂီလေန ဝတ်ရောင်လေဟှို ပြဂေ့ဟှယ်။ 40ပေတရုဟှာ အယ်လူလေဟှို ခန်းပ္လန်ဟှို ထွပ်ခိုင်းဘီးဟှာ ဒူးထော့‑က် ဆုတောန်းလိုက်ဟှယ်။ အယ်ဘီးန လောန်းဖတ်ဟှို လှည့်ဘီးဟှာ “တဗိသ ထလိုက်” ဆိုဘီး ပြောလိုက်ဟှယ်။ ဒေါ်ကာဟှာ မျစ်စိပွမ့်ဘီးန ပေတရုဟှို ဗြင်ဟှူ ခီမာ ထထိုင်လိုက်ဟှယ်။ 41ပေတရုဟှာ လတ်ဟှို ကမ်းပေးဘီးန အယ်မီးမဟှို ဆွဲထူလိုက်ဟှယ်။ အယ်ဘီးန သန့်ရှင်းသူလေန မောက်ဆိုးမလေဟှို ခေါ်ဘီးဟှာ သတ်ရှင်နေဟှူ ဒေါ်ကာဟှို ပေးလိုက်ဟှယ်။ 42အယ်ဒန်းဟှို ယုပ္ပေဗြို့ တဗြို့လောင်း ကြားရဟှူ ခီမာ လူလေဘောင်ဂီးဟှ သခင်ဘုရားဟှို ယောင်ကြည်ဂေ့ဟှယ်။ 43ပေတရုဟှာ ယုပ္ပေဗြို့မာနေဟှူ၊ ရှိမုန် နာမယ်ရှိဟှူ သရေလောက်မားန ခီကြာဂီးနေလေဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in