YouVersion Logo
Search Icon

ဆာလံကျမ်း 59

59
ကျွန်ုပ်တို့၏ခိုကိုးရာဖြစ်တော်မူသောဘုရားသခင်
ဂီတမှူး​အတွက်​၊ “​မ​ဖျက်ဆီး​ပါ​နှင့်​” သံစဉ်​၊ ရှောလု​သည် ဒါဝိဒ်​ကို​သတ်​ရန် လူ​တို့​ကို​စေလွှတ်​၍ အိမ်​ကို​စောင့်ကြည့်​စေ​သောအခါ ဒါဝိဒ်​စပ်ဆို​သော​မိတ္တမ်​သီချင်း​။
1အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​ရန်သူ​တို့​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။
အကျွန်ုပ်​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​၏​ဘေး​မှ အကျွန်ုပ်​ကို​လုံခြုံ​စွာ​စောင့်ရှောက်​တော်မူ​ပါ​။
2အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​ထံမှ အကျွန်ုပ်​ကို​ကယ်နုတ်​၍
သွေးဆာ​သော​သူ​တို့​လက်​မှ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။
3အကြောင်းမူကား သူ​တို့​သည် အကျွန်ုပ်​၏​အသက်​ကို​သတ်​ရန် ချောင်းမြောင်း​ကြ​ပါ​၏​။
ခွန်အားကြီး​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် ပူးပေါင်းကြံစည်​ကြ​ပါ​၏​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​ကြောင့် မ​ဟုတ်​ပါ​။
အကျွန်ုပ်​၏​အပြစ်​ကြောင့်​လည်း​မ​ဟုတ်​ပါ​။
4အကျွန်ုပ်​၌ ဒုစရိုက်​မ​ရှိ​ဘဲ​လျက် သူ​တို့​သည် ပြေးလာ​၍ အသင့်ပြင်​ထား​ကြ​ပါ​၏​။
အကျွန်ုပ်​ကို​မစ​ရန် နိုးကြွ​၍​ကြည့်ရှု​တော်မူ​ပါ​။
5ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​၊
ကိုယ်တော်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဖြစ်​ပါ​၏​။
လူမျိုး​အပေါင်း​တို့​ကို​ဒဏ်ခတ်​ရန် ထ​တော်မူ​ပါ​။
သစ္စာမဲ့​သော​ယုတ်ညံ့​သူ​တစ်စုံတစ်ဦး​ကို​မျှ သနား​တော်​မ​မူ​ပါ​နှင့်​။(​စေလာ#59:5 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
6သူ​တို့​သည် နေဝင်ချိန်​၌​ပြန်လာ​၍ ခွေး​ကဲ့သို့
မာန်ဖီဟိန်းဟောက်​လျက် မြို့​ကို​လှည့်ပတ်​ကြ​ပါ​၏​။
7သူ​တို့​သည် မိမိ​တို့​ပါးစပ်​ဖြင့် မြွက်ဟ​ကြ​ပါ​၏​။
သူ​တို့​၏​နှုတ်ခမ်း​၌ ဓား​များ​ရှိ​ပါ​၏​။
သူ​တို့​က “​မည်သူ​ကြား​သနည်း​”​ဟု ဆို​ကြ​ပါ​၏​။
8သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို​ရယ်မော​တော်မူ​၏​။
လူမျိုး​အပေါင်း​တို့​ကို ပြက်ရယ်ပြု​တော်မူ​၏​။
9အို အကျွန်ုပ်#59:9 အချို့မူရင်းကျမ်း၌ “ကိုယ်တော်”။​၏​အစွမ်းသတ္တိ​၊ ကိုယ်တော်​ကို အကျွန်ုပ်​စောင့်စား​ပါ​၏​။
အကြောင်းမူကား ဘုရားသခင်​သည် အကျွန်ုပ်​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။
10အကျွန်ုပ်​၏​မေတ္တာကရုဏာ​ရှင် ဘုရားသခင်​သည် အကျွန်ုပ်​ကို​ကြိုဆို​တော်မူ​လိမ့်မည်​။
ဘုရားသခင်​သည် အကျွန်ုပ်​အား ရန်သူ​တို့​ကို
အပေါ်စီး​မှ​ကြည့်မြင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​လိမ့်မည်​။
11ထို​သူ​တို့​ကို​သတ်​တော်​မ​မူ​ပါ​နှင့်​။
သတ်​လျှင် အကျွန်ုပ်​၏​လူမျိုး​တို့​သည် မေ့လျော့​ကြ​ပါ​လိမ့်မည်​။
ကိုယ်တော်​၏​တန်ခိုး​တော်​အားဖြင့် သူ​တို့​ကို​လှည့်လည်​သွားလာ​စေ​တော်မူ​ပါ​။
အကျွန်ုပ်​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​သော​ဘုရားရှင်​၊ သူ​တို့​ကို​နိမ့်ကျ​စေ​တော်မူ​ပါ​။
12သူ​တို့​နှုတ်​၏​အပြစ်​နှင့် သူ​တို့​နှုတ်ထွက်​စကား​ကြောင့်​လည်းကောင်း​၊
သူ​တို့​ရေရွတ်​သော ကျိန်ဆဲစကား​နှင့်​မုသားစကား​ကြောင့်​လည်းကောင်း
သူ​တို့​သည် မိမိ​တို့​၏​မာနကြီး​ခြင်း​ထဲ၌ ကျော့မိ​ကြ​ပါစေ​။
13သူ​တို့​ကို အမျက်ဒေါသ​ဖြင့် အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။
သူ​တို့​မ​ရှိ​တော့​သည်​အထိ အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။
ထိုအခါ ဘုရားသခင်​သည် ယာကုပ်​မှစ၍
ကမ္ဘာမြေ​အစွန်း​တိုင်အောင် အုပ်စိုး​တော်မူ​ကြောင်း သိ​ကြ​ပါ​လိမ့်မည်​။(​စေလာ#59:13 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
14သူ​တို့​သည် နေဝင်ချိန်​၌​ပြန်လာ​လျက်
ခွေး​ကဲ့သို့​မာန်ဖီဟိန်းဟောက်​ကာ မြို့​အနှံ့​လှည့်လည်​ကြ​ပါ​၏​။
15သူ​တို့​သည် အစာ​အတွက်​လှည့်လည်​သွားလာ​ကြ​ပြီး
အစာ​မ​ဝ​ပါက အော်မြည်​ကြ​ပါ​၏​။
16အကျွန်ုပ်​မူကား ကိုယ်တော်​၏ အစွမ်းသတ္တိ​အကြောင်း​ကို သီကျူး​ပါ​မည်​။
နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို ရွှင်လန်း​စွာ​ကြွေးကြော်​ပါ​မည်​။
အကြောင်းမူကား အကျွန်ုပ်​ဘေးဥပဒ်​နှင့်​ကြုံတွေ့​ရ​သော​အချိန်​တွင်
ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုကိုး​ရာ​နှင့် ဘေးလွတ်​ရာ​ဖြစ်​တော်မူ​၏​။
17အို အကျွန်ုပ်​၏​အစွမ်းသတ္တိ​၊ ကိုယ်တော်​ကို အကျွန်ုပ်​သီဆိုချီးမွမ်း​ပါ​မည်​။
အကြောင်းမူကား ဘုရားသခင်​သည် အကျွန်ုပ်​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။
အကျွန်ုပ်​၏​မေတ္တာကရုဏာ​ရှင် ဘုရားသခင်​ဖြစ်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in