ဆာလံကျမ်း 29
29
ထာဝရဘုရား၏အသံတော်
ဒါဝိဒ်၏ဆာလံ
1အို ကောင်းကင်သားတို့၊ ထာဝရဘုရားကိုသိမှတ်ဝန်ခံကြလော့။
ဘုန်းအသရေနှင့်အစွမ်းသတ္တိသည် ထာဝရဘုရားနှင့်ဆိုင်ကြောင်း သိမှတ်ဝန်ခံကြလော့။
2နာမတော်၏ဘုန်းအသရေသည် ထာဝရဘုရားနှင့်ဆိုင်ကြောင်း သိမှတ်ဝန်ခံကြလော့။
သန့်ရှင်းခြင်းအသရေတော်နှင့်ပြည့်စုံသော ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
3ထာဝရဘုရား၏အသံတော်သည် ရေပေါ်၌ရှိတော်မူ၏။ ဘုန်းကြီးသောဘုရားသည် ထစ်ချုန်းတော်မူ၏။
ထာဝရဘုရားသည် များစွာသောရေပေါ်၌ရှိတော်မူ၏။
4ထာဝရဘုရား၏အသံတော်သည် တန်ခိုးနှင့်ပြည့်စုံတော်မူ၏။
ထာဝရဘုရား၏အသံတော်သည် ဘုန်းအာနုဘော်နှင့်ပြည့်စုံတော်မူ၏။
5ထာဝရဘုရား၏အသံတော်သည် သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။
အကယ်စင်စစ် ထာဝရဘုရားသည် လက်ဘနွန်သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။
6ကိုယ်တော်သည် လက်ဘနွန်ကို နွားသငယ်ကဲ့သို့လည်းကောင်း၊
စိရုန်ကို နွားရိုင်းကလေးကဲ့သို့လည်းကောင်း ခုန်ပေါက်စေတော်မူ၏။
7ထာဝရဘုရား၏အသံတော်သည်
မီးတောက်မီးလျှံများကို ထွက်ပေါ်စေတော်မူ၏။
8ထာဝရဘုရား၏အသံတော်သည် တောကန္တာရကိုတုန်လှုပ်စေတော်မူ၏။
ထာဝရဘုရားသည် ကာဒေရှတောကန္တာရကို တုန်လှုပ်စေတော်မူ၏။
9ထာဝရဘုရား၏အသံတော်သည် သမင်တို့ကိုသားဖွားစေ၍ သစ်တောများကို ပြောင်တလင်းခါစေတော်မူ၏။
ကိုယ်တော်၏ဗိမာန်တော်၌ရှိသမျှတို့က “ဘုန်းကြီးစေသတည်း”ဟု ကြွေးကြော်ကြ၏။
10ထာဝရဘုရားသည် လွှမ်းမိုးသောရေပြင်အထက်တွင် စိုးစံတော်မူ၏။
ထာဝရဘုရားသည် ရှင်ဘုရင်အဖြစ် အစဉ်အမြဲစိုးစံတော်မူ၏။
11ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား အစွမ်းသတ္တိကိုပေးတော်မူ၏။
ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား ငြိမ်းချမ်းခြင်းကောင်းချီးမင်္ဂလာကိုပေးတော်မူ၏။
Currently Selected:
ဆာလံကျမ်း 29: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative