YouVersion Logo
Search Icon

ဆာလံကျမ်း 28

28
အကျွန်ုပ်၏အစွမ်းသတ္တိ
ဒါဝိဒ်​၏​ဆာလံ
1အကျွန်ုပ်​၏​ကျောက်ဆောင်​ဖြစ်​တော်မူ​သော ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခေါ်​ပါ​၏​။
အကျွန်ုပ်​ကို​မထူး​ဘဲ​နေ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​မကြား​ဘဲ တိတ်ဆိတ်​စွာ​နေ​တော်မူ​လျှင်
အကျွန်ုပ်​သည် သေတွင်း​ထဲသို့​ဆင်းသွား​သော​သူ​ကဲ့သို့ ဖြစ်​ရ​ပါ​လိမ့်မည်​။
2အကျွန်ုပ်​သည် ကိုယ်တော့်​ထံ အကူအညီ အော်ဟစ်​တောင်းခံ​သောအခါ​၌​လည်းကောင်း​၊
ကိုယ်တော်​၏​သန့်ရှင်း​သော​ဗျာဒိတ်ဌာန​ဘက်​သို့ အကျွန်ုပ်​လက်​ကို​မြှောက်​သောအခါ​၌​လည်းကောင်း​၊
အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားညောင်း​တော်မူ​ပါ​။
3မိမိ​တို့​၏​အိမ်နီးချင်း​များ​အား ငြိမ်းချမ်း​စွာ​ပြောဆို​တတ်​သော်လည်း မိမိ​တို့​စိတ်နှလုံး​၌ မကောင်းမှု​များ​ရှိ​ကြ​သည့်
ဆိုးယုတ်​သော​သူ​များ​၊ အပြစ်ဒုစရိုက်​ပြု​သော​သူ​များ​နှင့်အတူ အကျွန်ုပ်​ကို​ဆွဲခေါ်​သွား​တော်​မ​မူ​ပါ​နှင့်​။
4သူ​တို့​၏​လုပ်ဆောင်ချက်​နှင့် သူ​တို့​ပြု​သော​ဆိုးညစ်မှု​အတိုင်း သူ​တို့​ကို​ဆပ်ပေး​တော်မူ​ပါ​။
သူ​တို့​လက်​ဖြင့်​ပြု​သော​အမှု​အတိုင်း သူ​တို့​ကို​ဆပ်ပေး​တော်မူ​ပါ​။
သူ​တို့​ခံထိုက်​သော​အရာ​ကို သူ​တို့​အား ပြန်​၍​ပေး​တော်မူ​ပါ​။#ဗျာ 22:12။
5သူ​တို့​သည် ထာဝရဘုရား​၏ လုပ်ဆောင်မှု​တို့​ကို​လည်းကောင်း​၊
ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြု​သော အမှု​ကို​လည်းကောင်း အလေးအနက်​ဆင်ခြင်​ခြင်း​မ​ရှိ​ကြ​သောကြောင့်
ကိုယ်တော်​သည် သူ​တို့​ကို​ဖြိုဖျက်​၍ မည်သည့်​အခါ​မျှ သူ​တို့​ကို ပြန်လည်​တည်ဆောက်​တော်မူ​လိမ့်မည်​မ​ဟုတ်​။
6ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ အကြောင်းမူကား ကိုယ်တော်​သည်
ငါ​အသနားခံ​သော​အသံ​ကို နားညောင်း​တော်မူ​ပြီ​။
7ထာဝရဘုရား​သည် ငါ​၏​အစွမ်းသတ္တိ​၊ ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
ငါ​၏​စိတ်နှလုံး​သည် ကိုယ်တော်​ကို ယုံကြည်ကိုးစား​သဖြင့် ငါ​သည် ကူညီမစ​တော်မူ​ခြင်း​ကို​ခံရ​၏​။
ထို့ကြောင့် ငါ​၏​စိတ်နှလုံး​သည် ရွှင်မြူး​၏​။
ငါ​သည် ငါ့​သီချင်း​ဖြင့် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​မည်​။
8ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​၏ အစွမ်းသတ္တိ​ဖြစ်​တော်မူ​၏​။
ကိုယ်တော်​သည် မိမိ​ဘိသိက်ပေး​ထား​သော​သူ​အတွက် ကယ်တင်​ခြင်း​ရဲတိုက်​ဖြစ်​တော်မူ​၏​။
9ကိုယ်တော်​၏​လူမျိုး​တော်​ကို​ကယ်တင်​၍ ကိုယ်တော်​၏​အမွေ​တော်​ကို ကောင်းချီးပေး​တော်မူ​ပါ​။
သူ​တို့​ကို​ထိန်းကျောင်း​၍ သူ​တို့​ကို​အစဉ်အမြဲ ပွေ့ချီ​ခေါ်ဆောင်​တော်မူ​ပါ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in