YouVersion Logo
Search Icon

ဆာလံကျမ်း 110

110
ထာဝရယဇ်ပုရောဟိတ်မင်း
ဒါဝိဒ်​၏​ဆာလံ
1ထာဝရဘုရား​သည် ငါ​၏​သခင်​အား “​သင်​၏​ရန်သူ​တို့​ကို သင်​၏​ခြေတင်ခုံ​အောက်​၌
ငါ​ချထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​”​ဟု မိန့်​တော်မူ​၏​။#မ 22:44၊ မာ 12:36၊ လု 20:43၊ တ 2:34-35၊ ဟေဗြဲ 1:13၊ 10:13။
2ထာဝရဘုရား​သည် သင်​၏​တန်ခိုးကြီး​သော ရာဇလှံတံ​ကို ဇိအုန်​မှ​စေလွှတ်​တော်မူ​လိမ့်မည်​။
သင်​၏​ရန်သူ​များ​အလယ်​၌ အုပ်စိုး​လော့​။
3သင်​၏​တန်ခိုး​ထင်ရှား​သော​နေ့​၌ သင်​၏​လူမျိုး​သည် စေတနာစိတ်​နှင့်​ပါဝင်​ကြ​လိမ့်မည်​။
သင်​၏​ပျိုရွယ်​ခြင်း​နှင်းစက်​သည် သန့်ရှင်း​သော​ဘုန်းအာနုဘော်​ကို​ဆောင်​လျက်
နံနက်အချိန်​ဝမ်းဗိုက်​ထဲမှ သင့်​ထံသို့​လာ​လိမ့်မည်​။
4ထာဝရဘုရား​က “​သင်​သည် မေလခိဇေဒက်​နှင့်တူ​သော
ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏​”​ဟု ကျိန်ဆို​တော်မူ​သည်​ဖြစ်၍ စိတ်​တော်​ပြောင်းလဲ​မည်​မ​ဟုတ်​။#ဟေဗြဲ 5:6၊ 7:21။
5ဘုရားရှင်​သည် သင်​၏​လက်ယာ​ဘက်​တွင် ရှိ​တော်မူ​၏​။
ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​နေ့​၌ ရှင်ဘုရင်​တို့​ကို ချေမှုန်း​တော်မူ​လိမ့်မည်​။
6တိုင်းနိုင်ငံ​တို့​ကို စစ်ကြောစီရင်​လျက် အလောင်း​နှင့်​ပြည့်နှက်​စေ​ကာ
ကမ္ဘာမြေ​တစ်ဝန်းလုံး​ရှိ​ခေါင်းဆောင်​များ​ကို ချေမှုန်း​တော်မူ​လိမ့်မည်​။
7လမ်း​အနား​ရှိ စမ်းချောင်း​မှ​ရေ​ကို သောက်​တော်မူ​လိမ့်မည်​။
ထို့ကြောင့် ကိုယ်တော်​သည် ဦးခေါင်း​တော်​ကို ချီးမြှောက်​တော်မူ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in