YouVersion Logo
Search Icon

ဆာလံကျမ်း 111

111
ဘုရားသခင်၏အမှုတော်အတွက် ကိုယ်တော်ကိုချီးမွမ်း
1ဟာလေလုယ​။ ငါ​သည် ဖြောင့်မှန်​သော​သူ​တို့​၏ အစည်းအဝေး​နှင့် လူထုပရိသတ်​အလယ်​တွင်
ထာဝရဘုရား​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​မည်​။
2ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​လှ​ပေ​၏​။
ထို​အမှု​တို့​ကို နှစ်သက်​သော​သူ​အပေါင်း​တို့​သည် ၎င်း​တို့​ကို ရှာဖွေ​လေ့လာ​ကြ​၏​။
3ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​သည်
ဘုန်းကျက်သရေ​နှင့်​ဘုန်းအာနုဘော်​ဖြင့် ပြည့်စုံ​တော်မူ​၏​။
ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည်​လည်း ထာဝရ​တည်​၏​။
4ကိုယ်တော်​သည် မိမိ​၏​အံ့ဖွယ်​သော​အမှု​တို့​ကို အောက်မေ့စရာ​ဖြစ်​စေရန် စီရင်​တော်မူ​၏​။
ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊
သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​၏​။
5ကိုယ်တော်​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​အား စားစရာ​ကို​ပေး​၍
မိမိ​၏​ပဋိညာဉ်​တော်​ကို အစဉ်အမြဲ​အောက်မေ့​တော်မူ​၏​။
6ကိုယ်တော်​သည် လူမျိုးခြား​တို့​၏​အမွေ​ကို မိမိ​၏​လူမျိုး​တော်​အား ပေး​တော်မူ​ခြင်း​ဖြင့်
မိမိ​ပြု​သော​အမှု​တို့​၏​တန်ခိုး​ကို သူ​တို့​အား​ဖော်ပြ​တော်မူ​၏​။
7ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​တို့​သည် သစ္စာ​နှင့်​လည်းကောင်း​၊
တရားမျှတ​ခြင်း​နှင့်​လည်းကောင်း ညီညွတ်​ကြ​၏​။
ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် ယုံကြည်​စိတ်ချ​ရ​၏​။
8ထို​ဥပဒေသ​တို့​သည် ကာလ​အစဉ်အဆက်​တည်မြဲ​၍
၎င်း​တို့​ကို သစ္စာ​နှင့်​ဖြောင့်မှန်​ခြင်း​ဖြင့် စီရင်​ထား​တော်မူ​၏​။
9ကိုယ်တော်​သည် ရွေးနုတ်ကယ်တင်​ခြင်း​ကို မိမိ​၏​လူမျိုး​တော်​ထံ​စေလွှတ်​၍
မိမိ​၏​ပဋိညာဉ်​တော်​ကို ထာဝရ​အတွက် ချမှတ်​ထား​တော်မူ​၏​။
ကိုယ်တော်​၏​နာမ​တော်​သည် သန့်ရှင်း​၍ အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။
10ထာဝရဘုရား​ကို ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​၏​အရင်းအမြစ်​ဖြစ်​၏​။
ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာ​သော​သူ အပေါင်း​တို့​သည်
ကောင်း​သော​ဉာဏ်စွမ်း​ကို​ရရှိ​ကြ​၏​။ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​သည် ထာဝရ​တည်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in