YouVersion Logo
Search Icon

ဝတ်ပြုရာကျမ်း 8

8
အာရုန်နှင့်သူ့သားတို့ကို ဘိသိက်ပေးခြင်း
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​အာရုန်​နှင့်​သူ​၏​သား​များ​၊ အဝတ်တန်ဆာ​များ​၊ ဘိသိက်​ဆီ​၊ အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​တစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တဆေးမဲ့မုန့်​တောင်း​ကို ယူဆောင်​လာ​ပြီး 3လူထု​အပေါင်း​တို့​ကို​လည်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စုရုံး​စေ​လော့​”​ဟု မိန့်​တော်မူ​၏​။ 4မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း​ပြု​၏​။ လူထု​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စုရုံး​လာ​စေ​၏​။ 5ထိုအခါ မောရှေ​က လူထု​တို့​အား “​ဤ​အမှု​ကို လုပ်ဆောင်​ရန် ထာဝရဘုရား​မိန့်မှာ​တော်မူ​ပြီ​”​ဟု ဆို​၏​။
6ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အာရုန်​နှင့်​သူ​၏​သား​တို့​ကို​ခေါ်ဆောင်​လာ​၍ သူ​တို့​ကို ရေ​ဖြင့် ဆေးကြော​ပေး​ပြီးလျှင် 7အာရုန်​အား အတွင်းသင်တိုင်း​ဝတ်ပေး​ပြီး ခါးစည်း​စည်း​ပေး​၏​။ ဝတ်လုံ​ဝတ်ပေး​ပြီး ဧဖုဒ်#8:7 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​ဆင်ပေး​၏​။ ဧဖုဒ်#8:7 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​၏​ခါးပတ်ပြား​ကို​စည်းပေး​၍ ခါးပတ်ပြား​ကို ဧဖုဒ်​နှင့် တွဲချည်​ပေး​၏​။ 8ရင်ခံပြား​ကို​ဝတ်ဆင်​ပေး​၍ ရင်ခံပြား​ထဲ၌ ဥရိမ်​နှင့်​သုမိမ်​ကို​ထည့်​ထား​ပေး​၏​။ 9ခေါင်း​ပေါ်၌ ခေါင်းပေါင်း​ကို​ဆောင်းပေး​၍ သန့်ရှင်း​သော​ရွှေစင်​ပြား​သရဖူ​ကို ခေါင်းပေါင်း​ရှေ့ဘက်ခြမ်း​၌ တပ်​ပေး​၏​။
10ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဘိသိက်​ဆီ​ကို​ယူ​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် အထဲ​ရှိ​အရာ​အားလုံး​ကို ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​၏​။ 11ဘိသိက်​ဆီ​အချို့​ကို ယဇ်ပလ္လင်​ပေါ်၌ ခုနစ်​ကြိမ်​ဖျန်း​ပြီးလျှင် ယဇ်ပလ္လင်​နှင့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​၊ အင်တုံ​နှင့်​အင်တုံ​၏​ခြေတိုင်​တို့​ကို သန့်ရှင်း​စေရန် ဘိသိက်သွန်း​၏​။ 12ဘိသိက်​ဆီ​အချို့​ကို အာရုန်​၏​ခေါင်း​ပေါ်၌ လောင်း​၍ သူ့​ကို​သန့်ရှင်း​စေရန် ဘိသိက်ပေး​လေ​၏​။ 13မောရှေ​သည် အာရုန်​၏​သား​တို့​ကို​လည်း ခေါ်ဆောင်​လာ​၍ သူ​တို့​အား အတွင်းသင်တိုင်း​ဝတ်ပေး​ပြီး ခါးစည်း​စည်းပေး​၏​။ ခေါင်းပေါင်း​ကို​လည်း ပေါင်းပေး​၏​။
14ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​တစ်​ကောင်​ကို​ယူဆောင်​လာ​ပြီး အာရုန်​နှင့်​သူ​၏​သား​တို့​သည် မိမိ​တို့​လက်​ကို အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​၏​ခေါင်း​ပေါ်၌ တင်​ကြ​၏​။ 15မောရှေ​သည် နွား​ကို​သတ်​ပြီးသည့်နောက် သွေး​ကို​ယူ​ပြီး သူ​၏​လက်ချောင်း​ဖြင့် ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​၍ ယဇ်ပလ္လင်​ကို​သန့်စင်​စေ​ပြီးလျှင် ကျန်​သွေး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ခြင်း​ဖြင့် ယဇ်ပလ္လင်​ပေါ်၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​နိုင်​ရန် ယဇ်ပလ္လင်​ကို​သန့်ရှင်း​စေ​၏​။ 16အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊ အသည်း​အဆီပျဉ်​၊ ကျောက်ကပ်​နှစ်​ခု​နှင့်​ကျောက်ကပ်​တို့​၏​အဆီ​ကို ယူ​၍ မောရှေ​သည် ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။ 17ထို​နွား​နှင့်အတူ အရေခွံ​၊ အသား​၊ မစင်​တို့​ကို​ကား တပ်စခန်း​၏​အပြင်ဘက်​၌ မီး​ရှို့​ပစ်​၏​။
18ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မီးရှို့ရာယဇ်​ဖြစ်​သော​သိုးထီး​ကို​ယူဆောင်​လာ​ပြီး အာရုန်​နှင့်​သူ​၏​သား​တို့​သည် မိမိ​တို့​လက်​ကို သိုးထီး​၏​ခေါင်း​ပေါ်၌ တင်​ကြ​၏​။ 19မောရှေ​သည် သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​၏​။ 20မောရှေ​သည် သိုးထီး​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​၍ ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​နှင့်အတူ ဦးခေါင်း​နှင့်​အဆီ​တို့​ကို ရှို့​၏​။ 21မောရှေ​သည် အူ​နှင့်​ခြေထောက်​ကို​လည်း ရေ​ဖြင့်​ဆေးကြော​၍ သိုးထီး​တစ်ကောင်လုံး​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။ ဤသည်ကား ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့်​မီးရှို့ရာယဇ်​ဖြစ်​၏​။
22ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း နောက်​သိုးထီး​တစ်​ကောင်​ဖြစ်​သည့် အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​ကို ယူဆောင်​လာ​ပြီး အာရုန်​နှင့်​သူ​၏​သား​တို့​သည် မိမိ​တို့​လက်​ကို သိုးထီး​၏​ခေါင်း​ပေါ်၌ တင်​ကြ​၏​။ 23မောရှေ​သည် သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့် ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​၏​။ 24မောရှေ​သည် အာရုန်​၏​သား​တို့​ကို​လည်း​ခေါ်ဆောင်​လာ​၍ သွေး​အချို့​ဖြင့် သူ​တို့​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​၏​။ ထို့နောက် မောရှေ​သည် ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌​လည်း သွေး​ကို​ဖျန်း​၏​။ 25အဆီ​နှင့်​အမြီးပိုင်း​အဆီ​ကို​လည်းကောင်း​၊ အူ​၌​ရှိ​သော​အဆီ​အားလုံး​ကို​လည်းကောင်း​၊ အသည်း​ပေါ်မှ​အဆီပျဉ်​ကို​လည်းကောင်း​၊ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​၏​အဆီ​ကို​လည်းကောင်း​၊ ယာဘက်​ပေါင်​ကို​လည်းကောင်း​၊ 26ထာဝရဘုရား​ရှေ့​တော်​ရှိ တဆေးမဲ့မုန့်​တောင်း​ထဲမှ တဆေးမဲ့​မုန့်ဝိုင်း​တစ်​ခု​၊ ဆီ​ရော​သော​မုန့်ကွင်း​တစ်​ခု​နှင့် မုန့်ကြွပ်​တစ်​ခု စသည်​တို့​ကို​ယူ​၍ အဆီ​နှင့်​ယာဘက်​ပေါင်​ပေါ်၌ တင်​၏​။ 27ထို့နောက် ထို​အရာ​အားလုံး​ကို အာရုန်​နှင့် သူ့​သား​တို့​၏​လက်​ထဲသို့ ထည့်ပေး​၍ ၎င်း​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ကြ​၏​။ 28ထို့နောက် မောရှေ​သည် ထို​အရာ​တို့​ကို သူ​တို့​၏​လက်​ထဲ​မှ​ယူ​၍ ယဇ်ပလ္လင်​ပေါ်​ရှိ မီးရှို့ရာယဇ်​ပေါ်၌ ရှို့​၏​။ ဤသည်ကား ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​ယဇ်​ဖြစ်​၏​။ 29မောရှေ​သည် ရင်ပုံ​ကို​ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​၏​။ အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​၏​ရင်ပုံ​သည် မောရှေ​အတွက် ဝေစု​ဖြစ်​၏​။
30မောရှေ​သည် ဘိသိက်​ဆီ​အချို့​နှင့် ယဇ်ပလ္လင်​ပေါ်​ရှိ​သွေး​အချို့​ကို​ယူ​၍ အာရုန်​နှင့်​သူ​၏​အဝတ်တန်ဆာ​၊ သူ့​သား​တို့​နှင့်​သူ့​သား​တို့​၏​အဝတ်တန်ဆာ တို့​အပေါ်​၌ ဖျန်း​၏​။ ဤသို့ဖြင့် အာရုန်​နှင့်​သူ​၏​အဝတ်တန်ဆာ​၊ သူ့​သား​တို့​နှင့်​သူ့​သား​တို့​၏​အဝတ်တန်ဆာ တို့​ကို​သန့်ရှင်း​စေ​၏​။
31ထို့နောက် မောရှေ​က အာရုန်​နှင့်​သူ​၏​သား​တို့​အား “​အသား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပြုတ်​ကြ​လော့​။ ‘​အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​အသား​ကို​စား​ရ​မည်​’​ဟု မိန့်မှာ​ထား​တော်မူ​သည်​နှင့်အညီ သင်​တို့​သည် ထို​အသား​ကို အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​တောင်း​ထဲ​ရှိ​မုန့်​နှင့်အတူ ထို​နေရာ​၌ စား​ရ​မည်​။ 32ကြွင်းကျန်​သော​အသား​နှင့်​မုန့်​ကို မီး​ရှို့​ပစ်​ရ​မည်​။ 33သင်​တို့​၏​အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​ပွဲ​သည် ခုနစ်​ရက်​ဖြစ်၍ သင်​တို့​၏​အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​နေ့ရက်​မ​ပြည့်​မ​ချင်း ခုနစ်​ရက်​ပတ်လုံး တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​မှ မ​ထွက်​ရ​။ 34ဤ​နေ့ရက်​၌​ပြု​သည့်​နည်းတူ သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​၏​။ 35သင်​တို့ မ​သေ​ရ​မည့်​အကြောင်း ခုနစ်​ရက်​ပတ်လုံး နေ့ညမပြတ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌​နေ​၍ ထာဝရဘုရား​ညွှန်ကြား​သည့်​အတိုင်း​ဆောင်ရွက်​ရ​မည်​ဟု ငါ့​အား ထိုသို့​မိန့်မှာ​တော်မူ​ခဲ့​၏​”​ဟု ဆို​လေ​၏​။ 36အာရုန်​နှင့်​သူ​၏​သား​တို့​သည် မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သော​အရာ​ရှိသမျှ​တို့​ကို လုပ်ဆောင်​ကြ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in