YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 8

8
အဆီးရီးယားလူမျိုးတို့ လာရောက်ကျူးကျော်မည်ကို ကြိုတင်ဟောပြောခြင်း
1တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​သင်​သည် ကျောက်ပြား​ကြီး​တစ်​ချပ်​ကို​ယူ​၍ ကညစ်တံ#8:1 အချို့မူကွဲကျမ်း၌ “ဘုံသုံးဘာသာစကား”။​ဖြင့် ‘​မဟေရရှာလလဟာရှဗတ်#8:1 “လုယက်သိမ်းယူခြင်းခံရမည်”ဟူသောအဓိပ္ပာယ်ရှိ၏။​’​ဟူ၍ ရေးသား​လော့​။ 2ယုံကြည်​ရ​သော​သက်သေ​များ​အဖြစ် ယဇ်ပုရောဟိတ်​ဥရိယ​နှင့် ယေဗရခိ​၏​သား​ဇာခရိ​တို့​ကို ငါ​ခေါ်​မည်​”​ဟု မိန့်​တော်မူ​၏​။ 3ထို့နောက် ငါ​သည် ပရောဖက်ကတော်​ကို​ချဉ်းကပ်​သဖြင့် သူ​သည် ကိုယ်ဝန်ဆောင်​၍ သား​ယောက်ျား​ကို​မွေးဖွား​လေ​၏​။ ထာဝရဘုရား​က ငါ့​အား “​ထို​သား​၏​အမည်​ကို ‘​မဟေရရှာလလဟာရှဗတ်​’​ဟု မှည့်ခေါ်​လော့​။ 4အကြောင်းမူကား ထို​သူငယ်​သည် အဖေ​၊ အမေ​ဟု မ​ခေါ်​တတ်​မီ ဒမတ်စကပ်​မြို့​၏​ဥစ္စာပစ္စည်း​၊ ရှမာရိ​မြို့​၏​လုယက်ပစ္စည်း​တို့​ကို အဆီးရီးယား​ဘုရင် သိမ်းယူ​သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 5တစ်ဖန် ထာဝရဘုရား​က ငါ့​အား 6“​ဤ​လူမျိုး​သည် ညင်သာ​စွာ​စီးဆင်း​သော ရှိလောင်​ရေ​ကို​စွန့်ပယ်​၍ ရေဇိန်​နှင့် ရေမလိ​၏​သား​တို့​နှင့် သာယာ​နေ​သောကြောင့် 7ကြည့်ရှု​လော့​။ ဘုရားရှင်​သည် အဆီးရီးယား​ဘုရင်​နှင့် သူ​၏​အင်အား​ရှိသမျှ​တည်းဟူသော အဟုန်ပြင်း​၍​များပြား​သော မြစ်#8:7 သို့မဟုတ် “ယူဖရေးတီးမြစ်”။​ရေ​တို့​ကို သူ​တို့​ထံ​ရောက်​စေ​တော်မူ​မည်​။ မြစ်ချောင်း​၊ ကမ်းပါး​ရှိသမျှ​ကို ဖုံးလွှမ်း​လျှံတက်​သွား​လိမ့်မည်​။ 8ယုဒ​ပြည်​ထဲသို့​ဖြတ်သန်း​စီးဝင်​၍ လည်ပင်း​တိုင်အောင် လွှမ်းမိုး​သွား​မည်​။ မိမိ​၏​တောင်ပံ​များ​ကို​ဖြန့်​၍ သင့်​ပြည်​တစ်ပြည်လုံး​သို့ ရောက်​လိမ့်မည်​၊ အို ဧမာနွေလ​”​ဟု မိန့်​တော်မူ​၏​။ 9အချင်း​လူမျိုး​တို့​၊ ဆိုးသွမ်း​ကြ​။ ပြိုကွဲ​ကြ​။ ဝေးလံ​သော​ပြည်​အပေါင်း​တို့​၊ စူးစိုက်​နားထောင်​ကြ​။ စစ်တိုက်​ဖို့​အသင့်ပြင်​ကြ​။ ပြိုကွဲ​ကြ​။ စစ်တိုက်​ဖို့​အသင့်ပြင်​ကြ​။ ပြိုကွဲ​ကြ​။ 10အကြံ​ထုတ်​ကြ​။ သို့သော် ပျက်သွား​လိမ့်မည်​။ တိုင်ပင်ဆွေးနွေး​ကြ​။ သို့သော် တည်​လိမ့်မည်​မ​ဟုတ်​။ အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။
တစ်ပါးတည်းသောခိုလှုံရာကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား
11အကယ်စင်စစ် ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ကို ငါ့​အပေါ်​တင်​လျက် ဤ​လူမျိုး​၏​လမ်း​သို့​မ​လိုက်​ရန် ငါ့​ကို​ပဲ့ပြင်​တော်မူ​သည်​ကား 12“​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​ဟု ဤ​လူမျိုး​တို့​ပြောဆို​တိုင်း လျှို့ဝှက်ကြံစည်မှု​ပါ​တကား​ဟု သင်​တို့​လိုက်​မ​ပြော​ကြ​နှင့်​။ သူ​တို့​ကြောက်ရွံ့​သော​အရာ​ကို မ​ကြောက်ရွံ့​ကြ​နှင့်​။ မ​ထိတ်လန့်​ကြ​နှင့်​။ 13ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သန့်ရှင်း​သည်​ဟု သိမှတ်​ရ​မည်​။ ကိုယ်တော်​သည်​သာ သင်​တို့​ကြောက်ရွံ့​ရာ​၊ သင်​တို့​ထိတ်လန့်​ရာ ဖြစ်​တော်မူ​၏​။ 14ကိုယ်တော်​သည် သန့်ရှင်းရာဌာန​ကဲ့သို့​ဖြစ်​တော်မူ​မည်​။ သို့သော် အစ္စရေး​အမျိုးအနွယ်​နှစ်မျိုးစလုံး​အတွက် ခလုတ်တိုက်စရာ​ကျောက်​၊ ထိမိ​၍​လဲစရာ​ကျောက်​ကဲ့သို့​ဖြစ်​တော်မူ​မည်​။ ဂျေရုဆလင်​မြို့သား​တို့​အတွက် ကျော့ကွင်း​၊ ထောင်ချောက်​ကဲ့သို့​ဖြစ်​တော်မူ​မည်​။ 15သူ​တို့​ထဲမှ လူ​များစွာ​တို့​သည် ခလုတ်တိုက်မိ​ကြ​လိမ့်မည်​။ လဲကျ​၍ ကျိုးပဲ့​ကြ​လိမ့်မည်​။ ကျော့မိ​၍ ဖမ်းဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​”​ဟူ၍​ဖြစ်​၏​။ 16အကျွန်ုပ်​၏​တပည့်​တို့​တွင် သက်သေခံ​တော်မူ​ချက်​ကို​ချည်​ထား​၍ ပညတ်တရား​ကို တံဆိပ်ခတ်​တော်မူ​ပါ​။ 17ယာကုပ်​အမျိုးအနွယ်​ထံမှ မျက်နှာ​လွှဲ​တော်မူ​သော​ထာဝရဘုရား​ကို ငါ​မျှော်လင့်​စောင့်စား​မည်​။
18ဇိအုန်​တောင်​၌​ကိန်းဝပ်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား ပေး​တော်မူ​သော အမှတ်လက္ခဏာ​၊ အံ့ဩဖွယ်အမှု​တို့​မှာ ငါ​နှင့် ထာဝရဘုရား​ငါ့​အား​ပေး​တော်မူ​သော သားသမီး​တို့​ပင်​ဖြစ်​၏​။ 19“​တီးတိုး​ရွတ်ဆို​တတ်​သော နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​ထံ မေးမြန်း​ကြ​လော့​”​ဟု လူ​တို့​က သင်​တို့​အား​ပြောလာ​လျှင် လူ​သည် မိမိ​ဘုရားသခင်​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ အသက်ရှင်​သော​သူ​အတွက် သေ​သော​သူ​ကို မေးမြန်း​သင့်​သလော​။ 20ပညတ်တရား​၊ သက်သေခံ​တော်မူ​ချက်​တို့​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ ဤ​စကား​နှင့်အညီ မ​ပြောဆို​ကြ​လျှင် သူ​တို့​ထဲ၌ အရုဏ်အလင်း​မ​ရောက်​သေး​။
21သူ​တို့​သည် ခက်ခဲ​ပင်ပန်း​လျက်​၊ ဆာလောင်မွတ်သိပ်​လျက် ပြည်​တစ်လျှောက်​ဖြတ်သန်း​သွား​ရ​မည်​။ ဆာလောင်​သောအခါ အမျက်ထွက်​၍ မိမိ​ဘုရင်​၊ မိမိ​ဘုရားသခင်​ကို ကျိန်ဆဲ​မည်​။ အထက်​သို့ မော့ကြည့်​လျှင်​ဖြစ်စေ​၊ 22ကမ္ဘာမြေကြီး​ကို​ကြည့်​လျှင်​ဖြစ်စေ ဆင်းရဲဒုက္ခ​နှင့် ဘေးဥပဒ်​အရိပ်​ဖြင့် မှောင်မည်း​နေ​သည်​ကို​သာ​မြင်​ရ​၍ မှောင်မိုက်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 8