YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 46

46
ထာဝရဘုရားနှင့်တူသောသူမရှိ
1ဗေလ​ဘုရား​သည် ညွတ်တွား​ရ​လေ​ပြီ​။ နေဗော​ဘုရား​သည် ခါးကိုင်း​ရ​လေ​ပြီ​။ ထို​ဘုရား​ရုပ်တု​တို့​ကို တောရိုင်းတိရစ္ဆာန်​များ​၊ သိုးနွား​တိရစ္ဆာန်​များ​အပေါ် တင်​ကြ​၏​။ သင်​တို့​ယူဆောင်​သော​ထို​အရာ​တို့​သည် တိရစ္ဆာန်​တို့​အတွက် လေးလံ​စွာ​ထမ်း​ရ​သော​ဝန်ထုပ်ဝန်ပိုး​များ​ဖြစ်​ကြ​၏​။ 2ထို​ဘုရား​တို့​သည် ခါးကိုင်း​၍ အတူတကွ ဦးညွှတ်​ရ​၏​။ ကိုယ့်​ရုပ်တု​ကို ကိုယ်​မ​ကယ်​နိုင်​ဘဲ ဖမ်းခေါ်​သွား​ရာ​သို့​လိုက်ပါ​သွား​ရ​၏​။ 3အို ယာကုပ်​အမျိုးအနွယ်​တို့​၊ ကြွင်းကျန်​သော​အစ္စရေး​အမျိုးသား​အပေါင်း​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ဝမ်းဗိုက်​ထဲကပင် သင့်​ကို ငါ​လွယ်​ထား​၏​။ မွေးစ​ကပင် သင့်​ကို ငါ​ချီမ​ထား​၏​။ 4ငါ​သည် သင်​တို့​အိုမင်း​သည့်​တိုင်အောင် ထိုသို့​ပြု​ပေး​မည့်​အရှင်​ဖြစ်​၏​။ သင်​တို့​ဆံပင်ဖြူ​သည့်​တိုင်အောင် သင်​တို့​ကို ချီပိုး​ထား​မည်​။ သင်​တို့​ကို ငါ​ဖန်ဆင်း​ခဲ့​ပြီ​။ သင်​တို့​ကို ငါ​ချီမ​ထား​မည်​။ ငါ​သည် သင်​တို့​ကို ထမ်းထား​မည်​။ ကယ်မ​မည်​။ 5သင်​တို့​သည် ငါ့​ကို​မည်သူ​နှင့်​နှိုင်းယှဉ်​မည်နည်း​။ မည်သူ့​ကို ငါ​နှင့်​တူ​သည်​ဟု သတ်မှတ်​မည်နည်း​။ မည်သူ့​ကို ငါ​နှင့်​တူ​သည်​ဟု နှိုင်းယှဉ်​မည်နည်း​။ 6ရွှေ​ကို အိတ်​ထဲမှ​သွန်ချ​သော​သူ​၊ ငွေ​ကို ချိန်ခွင်​နှင့်​ချိန်​သော​သူ​တို့​သည် ပန်းထိမ်သမား​ကို​ငှားရမ်း​၍ ဘုရား​ရုပ်တု​ထုလုပ်​စေ​ပြီး ပျပ်ဝပ်​ကိုးကွယ်​ကြ​၏​။ 7သူ​တို့​သည် ထို​ရုပ်တု​ကို ပခုံး​ပေါ်​ထမ်း​၍ သယ်ဆောင်​သွား​ကြ​၏​။ ထို​ရုပ်တု​သည် ချထား​သော​နေရာ​၌ မတ်တတ်​နေ​ရ​၏​။ နေရာ​မှ​မ​ရွေ့​နိုင်​။ အော်ဟစ်​အသနားခံ​သော​သူ​ကို​လည်း ပြန်​မ​ထူး​နိုင်​။ သူ့​ကို​လည်း ဆင်းရဲဒုက္ခ​ထဲမှ မ​ကယ်တင်​နိုင်​။ 8ဆန့်ကျင်ပုန်ကန်​သူ​တို့​၊ ဤသည်ကို မှတ်သား​၍ ရဲရင့်တည်ကြည်​လော့​။ နှလုံးသွင်း​ဆင်ခြင်​လော့​။ 9ယခင်က​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို အောက်မေ့​လော့​။ ငါ​သာလျှင် ဘုရားသခင်​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​။ ငါ​နှင့်တူသော​ဘုရား​မ​ရှိ​။#ဟေရှာ 43:11၊ 45:18,22၊ မာ 12:29။ 10အစအဦး​ကပင် အဆုံး​ကို​ဖော်ပြ​သော​အရှင်​၊ ရှေးကာလ​ကပင် မ​ဖြစ်​သေး​သော​အရာ​တို့​ကို​ဖော်ပြ​သော​အရှင်​က “​ငါ့​အကြံအစည်​သည် တည်​မည်​။ ငါ​အလို​ရှိသမျှ​ကို ငါ​ပြု​မည်​”​ဟု မိန့်​တော်မူ​၏​။ 11အရှေ့​အရပ်​မှ အသားစားငှက်​ကို ငါ​ခေါ်​ခဲ့​မည်​။ ဝေးလံ​သော​အရပ်​မှ ငါ့​အကြံအစည်​ကို ပြည့်စုံ​စေ​သော​သူ​အား ငါ​ခေါ်​ခဲ့​မည်​။ ငါ​မိန့်ဆို​ပြီ​၊ အကယ်စင်စစ် ငါ​ဖြစ်စေ​မည်​။ ငါ​ကြံရွယ်​ပြီ​၊ အကယ်စင်စစ် ငါ​ပြု​မည်​။ 12စိတ်နှလုံး​မာကျော​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ဖြောင့်မတ်​ခြင်း​နှင့်​ဝေး​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ 13ငါ​၏​ဖြောင့်မတ်​ခြင်း​ကို အနီး​သို့​ငါ​ဆောင်​ခဲ့​ပြီ​။ အဝေး​၌​ရှိ​သည်​မ​ဟုတ်​။ ငါ​၏​ကယ်တင်​ခြင်း​သည် နှောင့်နှေး​မည်​မ​ဟုတ်​။ ကယ်တင်​ခြင်း​ကို ဇိအုန်​တောင်​၌ ငါ​ထား​မည်​။ ငါ​၏​ဂုဏ်ကျက်သရေ​ကို အစ္စရေး​လူမျိုး​အား ငါ​ပေး​မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 46