YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 33

33
ထာဝရဘုရား အရေးယူဆောင်ရွက်တော်မူခြင်း
1ကိုယ်တိုင်​ဖျက်ဆီး​ခြင်း​မ​ခံရ​ဘဲ သူတစ်ပါး​ကို ဖျက်ဆီး​သော​သူ​၊ ကိုယ်တိုင် သစ္စာဖောက်​မ​ခံရ​ဘဲ သူတစ်ပါး​ကို သစ္စာဖောက်​သော​သူ​၊ သင်​သည် အမင်္ဂလာ​ရှိ​၏​။ သင်​သည် သူတစ်ပါး​ကို​ဖျက်ဆီး​ပြီး​လျှင် ပြန်​၍​အဖျက်ဆီး​ခံရ​မည်​။ သူတစ်ပါး​ကို သစ္စာဖောက်​ပြီး​လျှင် ပြန်​၍​သစ္စာအဖောက်​ခံရ​မည်​။ 2အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို စောင့်မျှော်​ကြ​ပါ​၏​။ နံနက်အချိန်​၌ အကျွန်ုပ်​တို့​ကို ခွန်အား​ပေး​တော်မူ​ပါ​။ ဆင်းရဲဒုက္ခ​ရောက်​သည့်​ကာလ​၌ အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​ပါ​။ 3မြည်ဟိန်း​သော​အသံ​တော်​ကြောင့် လူ​တို့​ထွက်ပြေး​ကြ​၏​။ ကိုယ်တော်​ထ​တော်မူ​သောအခါ လူမျိုး​တို့​သည် ကွဲလွင့်​သွား​ကြ​၏​။ 4လူ​တို့​သည် သင်​တို့​၏​လုယက်ပစ္စည်း​ကို ကျိုင်းကောင်​အစုအအုံ​ကဲ့သို့ စုပုံ​ထား​ကြ​မည်​။ ကျိုင်းကောင်​များ​ခုန်ပေါက်​ပြေးလွှား​သကဲ့သို့ ထို​ပစ္စည်း​တို့​အပေါ် ပြေးလွှား​ကြ​မည်​။ 5ထာဝရဘုရား​သည် မြင့်မြတ်​တော်မူ​သည်​ဖြစ်၍ မြင့်ရာအရပ်​၌​ကိန်းဝပ်​တော်မူ​၏​။ ဇိအုန်​တောင်​ကို တရားမျှတ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​ဖြင့် ပြည့်​စေ​တော်မူ​၏​။ 6ကိုယ်တော်​သည် သင်​အသက်ရှင်​သည့်​ကာလ​တွင် တည်ငြိမ်​ခြင်း​၊ ကယ်တင်​ခြင်း​စည်းစိမ်​၊ ဉာဏ်ပညာ​၊ အသိပညာ​ဖြစ်​တော်မူ​မည်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် သင်​၏​ဘဏ္ဍာ ဖြစ်​လိမ့်မည်​။ 7သူရဲကောင်း​တို့​သည် လမ်း​ပေါ်၌ အော်ဟစ်​ကြ​၏​။ ငြိမ်းချမ်းရေး​စေတမန်​တို့​သည် ခါးသီး​စွာ​ငိုကြွေး​ကြ​၏​။ 8လမ်းမ​ပေါ်တွင် လူသူကင်းမဲ့​၏​။ လမ်း​ပေါ်တွင် လူသွားလူလာ​မ​ရှိ​။ ပဋိညာဉ်​ကို ချိုးဖောက်​လေ​ပြီ​။ မြို့#33:8 အချို့မူကွဲကျမ်း၌ “သက်သေ”။​များ​ကို​ပမာဏ​မ​ပြု​။ လူ​ကို​အလေး​မ​ထား​။ 9တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​၍ အားလျော့​လေ​ပြီ​။ လက်ဘနွန်​တောင်​သည် အရှက်ရ​၍ ညှိုးနွမ်း​လေ​ပြီ​။ ရှာရုန်​အရပ်​သည် အရာဗ​လွင်ပြင်​နှင့်​တူ​လေ​ပြီ​။ ဗာရှန်​တောင်​၊ ကရမေလ​တောင်​သည် မိမိ​တို့​အရွက်​များ​ကို​ခါချ​ပြီ​။ 10ထာဝရဘုရား​က “​ယခုပင် ငါ​ထ​မည်​။ ငါ့ကိုယ်ငါ​ချီးမြှောက်​မည်​။ ငါ​သည် ချီးမြှောက်​ခြင်း​ခံရ​မည်​။ 11သင်​တို့​သည် ဖွဲ​ကို​ကိုယ်ဝန်ဆောင်​၍ ကောက်ရိုး​ကို မွေး​မည်​။ သင်​တို့​၏​ထွက်သက်လေ​သည် မီး​ကဲ့သို့​ဖြစ်၍ သင်​တို့​ကို​ဝါးမျို​မည်​။ 12လူ​တို့​သည် ထုံးမှုန့်​ဖြစ်​သည်​အထိ လောင်မြိုက်​ခြင်း​ခံရ​မည်​။ ဆူးပင်​ကို​ခုတ်လှဲ​၍ မီး​ရှို့​လိုက်​သကဲ့သို့ ဖြစ်​မည်​။ 13ရပ်ဝေး​ရှိ​လူ​တို့​၊ ငါ​ပြု​သော​အမှု​ကို ကြားသိ​ကြ​လော့​။ ရပ်နီး​ရှိ​လူ​တို့​၊ ငါ့​အစွမ်းတန်ခိုး​ကို သိမှတ်​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ 14ဇိအုန်​မြို့​ရှိ​အပြစ်သား​တို့​သည် ကြောက်ရွံ့​ကြ​လေ​ပြီ​။ ထိတ်လန့်တုန်လှုပ်​ခြင်း​သည် ဘုရားတရားမဲ့​သူ​တို့​ကို လွှမ်းမိုး​လေ​ပြီ​။ သူ​တို့​က “​ငါ​တို့​တွင် မည်သူ​သည် တောက်လောင်​သော​မီး​ထဲ၌ နေ​နိုင်​သနည်း​။ ငါ​တို့​တွင် မည်သူ​သည် ထာဝရ​မီးတောက်​ထဲ၌ နေ​နိုင်​သနည်း​”​ဟု ဆို​ကြ​၏​။ 15ဖြောင့်မတ်​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ ဟုတ်မှန်​သော​စကား​ကို​ပြော​သူ​၊ ဖိနှိပ်​ညှဉ်းပန်း​ခြင်း​ဖြင့်​ရ​သော​အကျိုးစီးပွား​ကို​ငြင်းပယ်​၍ တံစိုးလက်ဆောင်​ကို လက်​မ​ခံ​ဘဲ ငြင်းဆို​သူ​၊ သတ်ဖြတ်မှု​အကြောင်း​ကို မ​ကြား​မိ​အောင် နား​ပိတ်​ထား​သူ​၊ မကောင်း​သော​အရာ​များ​ကို မ​ကြည့်မိ​အောင် မျက်စိ​ပိတ်​ထား​သူ​၊ 16ထို​သူ​သည် မြင့်ရာအရပ်​၌ နေ​ရ​လိမ့်မည်​။ ခိုင်ခံ့​သော​ကျောက်တောင်​၌ ခိုလှုံ​ရ​၍ သူ့​အား အစားအစာ​ပေး​ကြ​၏​။ သူ​၌ သောက်ရေ​မပြတ်​။ 17သင့်​မျက်စိ​သည် တင့်တယ်​သော​ရှင်ဘုရင်​ကို တွေ့မြင်​ရ​မည်​။ အဝေး၌ရှိ​သော​ပြည်​ကို ရှုမြင်​ရ​မည်​။ 18“​စာရေးတော်ကြီး အဘယ်မှာ​ရှိ​သနည်း​၊ အခွန်ကောက်ခံ​သူ#33:18 တိုက်ရိုက်ပြန်ဆိုလျှင် “ချိန်တွယ်သောသူ”။ အဘယ်မှာ​ရှိ​သနည်း​၊ ပြအိုး​ရေတွက်​သူ အဘယ်မှာ​ရှိ​သနည်း​”​ဟု သင့်​စိတ်နှလုံး​သည် ကြောက်ရွံ့ထိတ်လန့်ဖွယ်​ရာ​ကို ပြန်တွေး​လိမ့်မည်​။ 19နားမလည်​နိုင်​အောင် ထူးဆန်း​သော​ဘာသာစကား​ပြောဆို​သော​၊ နား​မ​လည်​နိုင်​အောင် မပီမသ​စကား​ပြောဆို​သော ရိုင်းစိုင်း​သည့်​လူမျိုး​ကို သင်​တွေ့​ရ​တော့​မည်​မ​ဟုတ်​။ 20ငါ​တို့​ပွဲတော်​မြို့​ဖြစ်​သည့် ဇိအုန်​မြို့​ကို​ကြည့်ရှု​လော့​။ အပြောင်းအရွှေ့​မ​ရှိ​သော​တဲ​ဖြစ်​သည့် ငြိမ်းအေး​ရာ​ဂျေရုဆလင်​မြို့​ကို သင်​သည် ကိုယ့်​မျက်စိ​နှင့် မြင်​ရ​လိမ့်မည်​။ ထို​တဲ​၏​တိုင်​များ​သည် မည်သည့်​အခါ​မျှ ဆွဲနုတ်ခြင်း​ခံရ​မည်​မ​ဟုတ်​။ ကြိုး​များ​သည်​လည်း တစ်ချောင်းမျှ​ဖြတ်တောက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။ 21ထို​အရပ်​၌ တန်ခိုးကြီး​သော​ထာဝရဘုရား​သည် ငါ​တို့​အတွက် မြစ်ကြီး​၊ ချောင်း​ကြီး​များ ဖြစ်​တော်မူ​မည်​။ ထို​နေရာ​တွင် တက်​ခတ်​လှေ​လည်း မ​သွား​နိုင်​၊ သင်္ဘော​ကြီး​လည်း ဖြတ်​မ​ကူး​နိုင်​။ 22အကြောင်းမူကား ထာဝရဘုရား​သည် ငါ​တို့​၏ တရားသူကြီး​၊ ပညတ်တရား​ရှင်​၊ ရှင်ဘုရင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​ကို ကယ်တင်​တော်မူ​မည်​။ 23သင်​၏​ကြိုး​တို့​သည် လျော့​၍ ရွက်တိုင်​ကို မြဲမြံ​စွာ​မ​ဆွဲ​ထား​နိုင်​၊ ရွက်​ကို​လည်း မ​ဖြန့်​နိုင်​။ ထိုအခါ သင်​တိုက်ခိုက်လုယူ​ထား​သည့် ဥစ္စာပစ္စည်း​များစွာ​တို့​ကို ခွဲဝေ​ယူ​ကြ​လိမ့်မည်​။ ခြေမသန်သူ​တို့​ပင် တိုက်ရာပါပစ္စည်း​ကို သိမ်းယူ​နိုင်​ကြ​လိမ့်မည်​။ 24မြို့သူမြို့သား​တစ်​ဦး​မျှ “​ငါ​ဖျားနာ​၏​”​ဟု ပြော​မည်​မ​ဟုတ်​။ ထို​မြို့​၌ နေထိုင်​သော​လူ​တို့​သည် အပြစ်​လွတ်ခွင့်​ရ​ကြ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 33