YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 18

18
အာဗြဟံ၏ဧည့်သည်သုံးဦး
1တစ်ဖန် ထာဝရဘုရား​သည် မံရေ​ဝက်သစ်ချပင်​များ​အနီး​၌ အာဗြဟံ​အား ကိုယ်ထင်ရှားပြ​တော်မူ​၏​။ နေရှိန်ပြင်း​သော​အချိန်​တွင် အာဗြဟံ​သည် တဲ​အဝင်ဝ​၌ ထိုင်​လျက်​နေ​၏​။ 2သူ​သည် မျှော်ကြည့်​လိုက်​ရာ လူ​သုံး​ယောက်​သည် သူ​နှင့်​မလှမ်းမကမ်း​တွင်​ရပ်​နေ​ကြ​သည်​ကို မြင်​လေ​၏​။ အာဗြဟံ​သည် သူ​တို့​ကို​မြင်​သောအခါ ကြိုဆို​ရန် တဲ​အဝင်ဝ​မှ​ပြေးထွက်​လာ​၍ မြေ​မှာ​ပျပ်ဝပ်​ပြီးလျှင် 3“​အကျွန်ုပ်​၏​အရှင်​တို့​၊ အကျွန်ုပ်​သည် အရှင်​၏​ရှေ့​၌ မျက်နှာရ​သည်​ဆို​လျှင် အရှင်​၏​အစေအပါး​ကို​ကျော်​မ​သွား​ပါ​နှင့်​။ 4ရေ​အနည်းငယ်​ယူ​ခဲ့​ပါရစေ​။ အရှင်​တို့​၏​ခြေ​ကို​ဆေး​ပြီး ဤ​သစ်ပင်​အောက်​၌​နား​ကြ​ပါ​။ 5စားစရာ​အနည်းငယ်​ကို​လည်း ယူလာ​ပါ​မည်​။ အရှင်​တို့​၏​အစေအပါး​ထံသို့​ရောက်လာ​ပြီ​ဖြစ်၍ အားဖြည့်​ပြီးမှ ခရီးဆက်​ကြ​ပါ​”​ဟု ဆို​လေ​၏​။ သူ​တို့​က​လည်း “​သင်​ပြော​သည့်​အတိုင်း​ပြု​ပါ​လော့​”​ဟု ဆို​ကြ​၏​။
6ထိုအခါ အာဗြဟံ​သည် တဲ​ထဲ၌​ရှိ​သော​စာရာ​ထံသို့ အလျင်အမြန်​ဝင်သွား​ပြီး “​အကောင်းဆုံး​ဂျုံမှုန့် သုံး​စေအာ#18:6 “9 ပြည် သို့မဟုတ် 22 လီတာ”။​ကို​နယ်​၍ မုန့်ပြား​များ အမြန်​လုပ်​ပါ​”​ဟု ဆို​၏​။ 7ထို့နောက် အာဗြဟံ​သည် နွားအုပ်​ရှိ​ရာ​သို့​ပြေး​၍ နုနယ်​ဆူဖြိုး​သော​နွားသငယ်​တစ်​ကောင်​ကို​ရွေးယူ​ပြီးလျှင် ငယ်သား​ထံ​အပ်​လိုက်​ရာ ထို​ငယ်သား​သည် အလျင်အမြန်​ချက်ပြုတ်​လေ​၏​။ 8ထို့နောက်တွင် အာဗြဟံ​သည် ထောပတ်​နှင့်​နို့​ကို​လည်းကောင်း​၊ ချက်ပြုတ်​ထား​သော​အမဲဟင်း​ကို​လည်းကောင်း ယူ​၍ သူ​တို့​ရှေ့​၌​ချပေး​လေ​၏​။ သူ​တို့​စား​နေ​ကြ​စဉ် အာဗြဟံ​သည် သူ​တို့​အနား သစ်ပင်​အောက်​တွင် ရပ်​နေ​၏​။
စာရာရယ်ခြင်း
9ထို​သူ​တို့​က “​သင်​၏​မယား​စာရာ​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု အာဗြဟံ​အား မေး​ကြ​လျှင် “​တဲ​ထဲ၌​ရှိ​ပါ​သည်​”​ဟု ပြန်ဖြေ​လေ​၏​။ 10သူ​တို့​ထဲမှ တစ်​ယောက်​က “​နောင်နှစ် ဤသို့သော​အချိန်အခါ​၌ ငါ​သည် သင့်​ထံသို့ မုချ​ပြန်လာ​မည်​။ သင်​၏​မယား​စာရာ​သည်​လည်း သား​တစ်​ဦး​ကို​ရရှိ​လိမ့်မည်​”#ရော 9:9။​ဟု ဆို​လေ​၏​။ စာရာ​သည် ထို​သူ​၏​နောက်ဘက်​ရှိ တဲ​အဝင်ဝ​၌ နားထောင်​လျက်​နေ​၏​။
11အာဗြဟံ​နှင့်​စာရာ​သည် အသက်အရွယ်​ကြီးရင့်​လေ​ပြီ​။ စာရာ​သည် အမျိုးသမီး​ဓမ္မတာ​ကုန်ဆုံး​ပြီ​ဖြစ်​၏​။ 12ထို့ကြောင့် စာရာ​က “​အိုမင်း​ပြီးမှ ငါ​၌ သာယာပျော်ရွှင်မှု​ရှိ​လိမ့်​မည်လော​။ ငါ့​သခင်​သည်​လည်း အသက်ကြီး​ပြီ​”​ဟု မိမိ​စိတ်​ထဲ၌ ရယ်​လျက်​ဆို​လေ​၏​။
13ထိုအခါ ထာဝရဘုရား​က အာဗြဟံ​အား “​စာရာ​က ‘​အသက်ကြီး​သော​ငါ​သည် အမှန်ပင် သားဖွား​နိုင်​မည်လော​’​ဟု အဘယ်ကြောင့် ရယ်​လျက်​ဆို​ရ​သနည်း​။ 14ထာဝရဘုရား​အတွက် ခက်ခဲလွန်း#18:14 သို့မဟုတ် “အံ့ဖွယ်”။​သော​အမှု​တစ်စုံတစ်ခု​ရှိ​သလော​။ သတ်မှတ်​ထား​သော​အချိန်​တည်းဟူသော နောင်နှစ် ဤသို့သော​အချိန်အခါ​၌ ငါ​သည် သင့်​ထံသို့ ပြန်လာ​မည်​။ စာရာ​သည်​လည်း သား​တစ်​ဦး​ကို ရရှိ​လိမ့်မည်​”#မာ 10:27၊ ရော 9:9။​ဟု မိန့်​တော်မူ​၏​။
15စာရာ​သည် ကြောက်​သဖြင့် “​ကျွန်မ မ​ရယ်​ပါ​”​ဟု ငြင်းဆို#18:15 သို့မဟုတ် “လိမ်ညာ”။​လေ​၏​။ ကိုယ်တော်​က​လည်း “​မ​ဟုတ်​ပါ​။ သင်​အမှန်ပင် ရယ်​သည်​”​ဟု မိန့်​တော်မူ​၏​။
သောဒုံမြို့အတွက် အာဗြဟံအသနားခံခြင်း
16ထို့နောက် ထို​လူ​တို့​သည် ထို​အရပ်​မှ​ထသွား​ပြီး သောဒုံ​မြို့​ကို​အပေါ်​စီး​မှ​ကြည့်​ကြ​၏​။ အာဗြဟံ​သည်​လည်း သူ​တို့​ကို​လိုက်ပို့​ရန် သူ​တို့​နှင့်အတူ​သွား​လေ​၏​။ 17ထိုအခါ ထာဝရဘုရား​က “​ငါ​ပြု​မည့်​အရာ​ကို အာဗြဟံ​အား ငါ​ဖုံးကွယ်​ထား​ရ​မည်လော​။ 18အာဗြဟံ​သည် အမှန်ပင် ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​ဖြစ်လာ​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ လူမျိုး​အပေါင်း​တို့​သည်​လည်း သူ့​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။#က 12:3၊ 22:18၊ 26:4၊ တ 3:25၊ ဂလ 3:8။ 19အကြောင်းမူကား အာဗြဟံ​သည် သူ​၏​သားသမီး​တို့​နှင့် နောင်လာမည့်​သူ​၏​အမျိုးအနွယ်​တို့​အား ဖြောင့်မတ်​သော​အမှု​၊ တရားမျှတ​သော​အမှု​ကို​ပြုကျင့်​၍ ထာဝရဘုရား​၏​လမ်း​တော်​ကို​စောင့်ထိန်း​ကြ​စေရန် မှာကြား​ခြင်း​အားဖြင့် သူ့​အား​ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​အရာ​ကို သူ​၌​ပြည့်စုံ​စေ​မည့်​အကြောင်း သူ့​ကို ငါ​ရွေးကောက်​ထား​ပြီ#18:19 သို့မဟုတ် “ငါသိ၏”။​”​ဟု မိန့်​တော်မူ​၏​။ 20တစ်ဖန် ထာဝရဘုရား​က “​သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​၏​အော်ဟစ်သံ​သည် ပြင်းထန်​၍ သူ​တို့​၏​အပြစ်​သည် အလွန်​ကြီးလေး​သောကြောင့် 21ငါ​ဆင်းသွား​၍ ငါ့​ထံသို့​ရောက်လာ​သည့် အော်ဟစ်ငိုကြွေးသံ​အတိုင်း သူ​တို့​အမှန်တကယ်​ပြု​သည်​၊ မ​ပြု​သည်​ကို ငါ​ကြည့်​မည်​။ ပြု​သည်​၊ မ​ပြု​သည်​ကို ငါ​သိ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
22ထို​လူ​တို့​သည် ထို​အရပ်​မှ​လှည့်​၍ သောဒုံ​မြို့​သို့​သွား​ကြ​၏​။ အာဗြဟံ​မူကား ထာဝရဘုရား​၏​ရှေ့​တော်​၌ ဆက်၍​ရပ်​နေ​၏​။ 23အာဗြဟံ​သည် ချဉ်းကပ်​လာ​၍ “​ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​နှင့်အတူ အမှန်ပင်​ဖျက်ဆီးသုတ်သင်​တော်မူ​မည်လော​။ 24ထို​မြို့​ထဲ​တွင် ဖြောင့်မတ်​သော​သူ အယောက်​ငါးဆယ်​ရှိ​လျှင် ကိုယ်တော်​သည် မြို့​ထဲ​ရှိ​ဖြောင့်မတ်​သော​သူ​အယောက်​ငါးဆယ်​အတွက် ထို​အရပ်​ကို ချမ်းသာ​မ​ပေး​ဘဲ အမှန်ပင်​ဖျက်ဆီးသုတ်သင်​တော်မူ​မည်လော​။ 25ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​နှင့်အတူ ကွပ်မျက်​သော​အမှု​မျိုး​ပြု​ခြင်း​သည် ကိုယ်တော်​နှင့်​ဝေး​ပါစေ​။ ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​ကဲ့သို့ ခံစား​စေ​သော​အမှု​သည် ကိုယ်တော်​နှင့်​ဝေး​ပါစေ​။ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​တရားစီရင်​တော်မူ​သော​အရှင်​သည် တရားမျှတ​စွာ​ပြု​တော်မူ​မည်​မ​ဟုတ်​လော​”​ဟု လျှောက်​လေ​၏​။
26ထာဝရဘုရား​က​လည်း “​သောဒုံ​မြို့​ထဲ၌ ဖြောင့်မတ်​သော​သူ​အယောက်​ငါးဆယ်​ကို ငါ​တွေ့​လျှင် သူ​တို့​အတွက်ကြောင့် ထို​အရပ်​တစ်ခုလုံး​ကို ငါ​ချမ်းသာ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။
27ထိုအခါ အာဗြဟံ​က “​အကျွန်ုပ်​သည် မြေမှုန့်​နှင့်​ပြာ​သက်သက်​ဖြစ်​သော်လည်း အရဲစွန့်​၍ ဘုရားရှင်​အား​လျှောက်ထား​ပါ​မည်​။ 28ဖြောင့်မတ်​သော​သူ အယောက်​ငါးဆယ်​တွင် ငါး​ယောက်​လျော့​လျှင် ငါး​ယောက်​လျော့​သည့်​အတွက်​ကြောင့် ထို​မြို့​တစ်မြို့လုံး​ကို ဖျက်ဆီး​တော်မူ​မည်လော​”​ဟု မေးလျှောက်​လျှင် ကိုယ်တော်​က “​ထို​အရပ်​တွင် လေးဆယ့်​ငါး​ယောက်​တွေ့​လျှင် ငါ​မ​ဖျက်ဆီး​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။ 29အာဗြဟံ​က​လည်း “​ထို​အရပ်​တွင် အယောက်​လေးဆယ် တွေ့​ကောင်း​တွေ့​တော်မူ​လိမ့်မည်​”​ဟု တစ်ဖန် လျှောက်​ပြန်​လျှင် ကိုယ်တော်​က “​ထို​အယောက်​လေးဆယ်​အတွက်ကြောင့် ထို​အမှု​ကို ငါ​မ​ပြု​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။ 30တစ်ဖန် အာဗြဟံ​က “​အို ဘုရားရှင်​၊ အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ် ထပ်၍​လျှောက်ထား​ပါရစေ​။ ထို​အရပ်​တွင် အယောက်​သုံးဆယ် တွေ့​ကောင်း​တွေ့​တော်မူ​လိမ့်မည်​”​ဟု လျှောက်​လျှင် ကိုယ်တော်​က “​ထို​အရပ်​တွင် အယောက်​သုံးဆယ်​တွေ့​လျှင် ထို​အမှု​ကို​ငါ​မ​ပြု​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။ 31ထိုအခါ အာဗြဟံ​က “​အကျွန်ုပ်​သည် အရဲစွန့်​၍ ဘုရားရှင်​အား ထပ်မံ​လျှောက်ထား​ပါ​မည်​။ ထို​အရပ်​တွင် အယောက်​နှစ်ဆယ် တွေ့​ကောင်း​တွေ့​တော်မူ​လိမ့်မည်​”​ဟု လျှောက်​လျှင် ကိုယ်တော်​က “​ထို​အယောက်​နှစ်ဆယ်​အတွက်ကြောင့် ငါ​မ​ဖျက်ဆီး​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။
32တစ်ဖန် အာဗြဟံ​က “​အို ဘုရားရှင်​၊ အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ နောက်တစ်ကြိမ်​သာ အကျွန်ုပ်​လျှောက်ထား​ပါရစေ​။ ထို​အရပ်​တွင် ဆယ်​ယောက် တွေ့​ကောင်း​တွေ့​တော်မူ​လိမ့်မည်​”​ဟု လျှောက်​လျှင် ကိုယ်တော်​က “​ထို​ဆယ်​ယောက်​အတွက်ကြောင့် ငါ​မ​ဖျက်ဆီး​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။ 33ထာဝရဘုရား​သည် အာဗြဟံ​နှင့်​စကားပြော​တော်မူ​ပြီး​သောအခါ ကြွသွား​တော်မူ​၏​။ အာဗြဟံ​သည်​လည်း မိမိ​နေရပ်​သို့​ပြန်သွား​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in