YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 40

40
ဗိမာန်တော်သစ်
1ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး နှစ်ဆယ့်​ငါး​နှစ်​မြောက်​နှစ်​ဦး​ပိုင်း​၊ ဂျေရုဆလင်​မြို့​တိုက်ခိုက်​ခံရ​ပြီး တစ်ဆယ့်​လေး​နှစ်​မြောက်​၊ လဆန်း​ဆယ်​ရက်​နေ့​၊ ထို​နေ့​တွင်​ပင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​ရောက်လာ​၍ ငါ့​အား ထို​မြို့​သို့ ဆောင်သွား​တော်မူ​၏​။ 2နိမိတ်အာရုံ​ထဲတွင် ဘုရားသခင်​က ငါ့​ကို အစ္စရေး​ပြည်​သို့​ဆောင်သွား​၍ အလွန်​မြင့်​သော​တောင်​ပေါ်တွင်​ချထား​၏​။ တောင်ဘက်​တွင် မြို့​နှင့်​တူ​သော​အဆောက်အအုံ​ကို တွေ့​ရ​၏​။#ဗျာ 21:2,10။ 3ထို​အရပ်​သို့​ရောက်​၍ ငါ​ကြည့်​လိုက်​ရာ ကြေးနီ​အဆင်း​နှင့်​တူ​သော​လူ​တစ်​ယောက်​ကို တွေ့​၏​။ ထို​သူ​သည် တိုင်းတာစရာ ချည်ကြိုး​နှင့်​ကျူချောင်း​တစ်​ချောင်း​ကို ကိုင်​ထား​လျက် မုခ်ဆောင်​တံခါး​တွင် ရပ်​နေ​၏​။ 4ထို​သူ​က ငါ့​အား “​အချင်း​လူသား​၊ မျက်စိ​ဖွင့်​၊ နားစွင့်​ပြီး ငါ​ပြ​မည့်​အရာ​အားလုံး​ကို နှလုံးသွင်း​မှတ်ကျုံး​လော့​။ ဤ​အရာ​တို့​ကို သင့်​အား​ငါ​ပြသ​ရန် သင့်​ကို ဤ​နေရာ​သို့ ခေါ်ဆောင်​လာ​ခြင်း​ဖြစ်​၏​။ သင်​မြင်​သမျှ​သော​အရာ​တို့​ကို အစ္စရေး​လူမျိုး​တို့​အား ပြန်လည်​ပြောပြ​လော့”​ဟု မြွက်ဆို​၏​။
တံတိုင်းတော်နှင့် အပြင်ဝင်းမုခ်ဆောင်
5ကြည့်ရှု​လော့​။ အိမ်​တော်​အပြင်ဘက်​ပတ်ပတ်လည်​တွင် တံတိုင်း​ရှိ​၏​။ ထို​သူ​သည် အရှည်​ခြောက်​တောင်#40:5 “126 လက်မ သို့မဟုတ် 315 စင်တီမီတာ”။​ရှိ​သော တိုင်းစရာ​ကျူ​တစ်​ချောင်း​ကို​ကိုင်​ထား​၏​။ ထို​ကျူချောင်း​တစ်တောင်#40:5 “21 လက်မ သို့မဟုတ် 52.5 စင်တီမီတာ”။​လျှင် လူ့​လက်​တစ်တောင်#40:5 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။​နှင့်​လက်တစ်ဝါး#40:5 “3 လက်မ သို့မဟုတ် 7.5 စင်တီမီတာ”။​ရှိ​၏​။ တံတိုင်း​ကို​တိုင်းတာ​ရာ အနံ​ကျူချောင်း​တစ်ပြန်စာ#40:5 “126 လက်မ သို့မဟုတ် 315 စင်တီမီတာ”။​၊ အမြင့်​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ 6ထို့နောက် အရှေ့​မုခ်ဆောင်​တံခါးဝ​သို့​သွား​၍ လှေကား​ကို​တက်​ပြီးမှ တံခါးဝ​ရှိ တံခါးခုံ​ကို​တိုင်း​ရာ အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ နောက်​တံခါးခုံ​တစ်​ခု​မှာ​လည်း အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ 7အခန်းငယ်​များ​သည် တစ်ခန်း​လျှင် အလျား​ကျူချောင်း​တစ်ပြန်စာ​၊ အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ တစ်ခန်း​နှင့်​တစ်ခန်း ငါး​တောင်#40:7 “105 လက်မ သို့မဟုတ် 262.5 စင်တီမီတာ”။​စီ​ကွာ​၏​။ အိမ်​တော်​ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ဆင်ဝင်​တံခါးဝ​ရှိ​တံခါးခုံ​သည်​လည်း ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ 8ထို့နောက် အိမ်​တော်​ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ဆင်ဝင်​ကို​တိုင်း​ရာ ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ 9ထို့နောက် မုခ်ဆောင်​ဆင်ဝင်​ကို​တိုင်း​ရာ အကျယ်​မှာ ရှစ်​တောင်#40:9 “168 လက်မ သို့မဟုတ် 420 စင်တီမီတာ”။​ရှိ​၍ ဆင်ဝင်​ရှိ​တိုင်​များ​၏​ထု​မှာ နှစ်​တောင်#40:9 “42 လက်မ သို့မဟုတ် 105 စင်တီမီတာ”။​စီ​ထူ​၏​။ မုခ်ဆောင်​ဆင်ဝင်​သည် အိမ်​တော်​ဘက်​သို့​မျက်နှာမူ​၏​။
10အရှေ့​မုခ်ဆောင်​တံခါးဝ​၏​ဘေး​တစ်ဖက်တစ်ချက်စီ​တွင် အခန်းငယ်​သုံးခန်းစီ​ရှိ​၏​။ အခန်းငယ်​သုံးခန်းစလုံး အရွယ်အစား​တူ​၏​။ အခန်းငယ်​တို့​၏​တစ်ဖက်တစ်ချက်​ရှိ တိုင်​များ​သည်​လည်း အရွယ်အစား​တူ​၏​။ 11ထို့နောက် မုခ်ဆောင်​တံခါးဝ​အကျယ်​ကို​တိုင်း​ရာ အတောင်​တစ်ဆယ်#40:11 “210 လက်မ သို့မဟုတ် 525 စင်တီမီတာ”။​ရှိ​၏​။ မုခ်ဆောင်​တံခါးဝ​အမြင့်​မှာ တစ်ဆယ့်​သုံး​တောင်#40:11 “273 လက်မ သို့မဟုတ် 682.5 စင်တီမီတာ”။​ရှိ​၏​။ 12တစ်ဖက်တစ်ချက်​ရှိ အခန်းငယ်​တို့​အရှေ့​အောက်ခြေ​တွင် အလျား​တစ်​တောင်​၊ အနံ​တစ်​တောင်​ရှိ​သော အကာ​ရှိ​၏​။ ထို​အခန်းငယ်​တို့​သည် အလျား​ခြောက်​တောင်​၊ အနံ​ခြောက်​တောင်​စီ​ရှိ​၏​။ 13အခန်းပေါက်​ချင်း​မျက်နှာချင်းဆိုင်​နေ​သော အခန်းငယ်​၏​ခေါင်မိုးထိပ်​မှ အခြား​တစ်ဖက်​အခန်းငယ်​ခေါင်မိုးထိပ်​အထိ မုခ်ဆောင်​ကို​တိုင်း​ရာ နှစ်ဆယ့်​ငါး​တောင်#40:13 “525 လက်မ သို့မဟုတ် 1312.5 စင်တီမီတာ”။​ရှိ​၏​။ 14မုခ်ဆောင်​တိုင်​များ​ကို​တိုင်း​ရာ အမြင့်​အတောင်​ခြောက်ဆယ်#40:14 “1260 လက်မ သို့မဟုတ် 3150 စင်တီမီတာ”။​စီ​ရှိ​၏​။ မုခ်ဆောင်​တံတိုင်း​ပတ်ပတ်လည်​သည် မုခ်ဆောင်​တိုင်​အထိ​မြင့်​၏​။ 15မုခ်ဆောင်​ဝင်ပေါက်​မျက်နှာစာ​မှ အတွင်း​ဆင်ဝင်​ပေါက်​အထိ အတောင်​ငါးဆယ်#40:15 “1050 လက်မ သို့မဟုတ် 2625 စင်တီမီတာ”။​ရှိ​၏​။ 16မုခ်ဆောင်​အတွင်း​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​ငယ်​များ​ပါရှိ​၏​။ မုခ်ဆောင်​အတွင်း​ဘက်​ရှိ အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​တို့​တွင် ပြတင်းပေါက်​ငယ်​များ​ပါရှိ​၏​။ တိုင်​များ​တွင် စွန်ပလွံပင်​ပုံ ဖော်​ထား​၏​။
17ထို့နောက် သူ​သည် ငါ့​ကို အပြင်​ဝင်း​သို့ ခေါ်ဆောင်​သွား​၏​။ ဝင်း​ပတ်ပတ်လည်​တွင် အခန်း​များ​နှင့်​ကျောက်ခင်းစင်္ကြံ​ရှိ​၏​။ ထို​ကျောက်ခင်းစင်္ကြံ​ပေါ်တွင် အခန်း​ပေါင်း​သုံးဆယ်​ရှိ​၏​။ 18ကျောက်ခင်းစင်္ကြံ​သည် မုခ်ဆောင်​များ​၏​ဘေး​တစ်လျှောက်​တွင်​ရှိ​၏​။ စင်္ကြံ​၏​အကျယ်​မှာ မုခ်ဆောင်​၏​အရှည်​နှင့်​တူ​၏​။ ဤသည်ကား အောက်စင်္ကြံ​ဖြစ်​၏​။ 19အောက်​မုခ်ဆောင်​ရှေ့​မှ အတွင်း​ဝင်း​ရှေ့​ထိ အကျယ်​ကို​တိုင်း​ရာ အတောင်​တစ်ရာ#40:19 “2100 လက်မ သို့မဟုတ် 5250 စင်တီမီတာ”။​ရှိ​၏​။ အရှေ့ဘက်​နှင့် မြောက်ဘက်​တို့​တွင်​လည်း အတောင်​တစ်ရာ​စီ​ကျယ်​၏​။
20အပြင်​ဝင်း​တွင် မြောက်ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ရှိ​၏​။ ထို​မုခ်ဆောင်​၏​အလျား​အနံ​ကို​လည်း တိုင်းတာ​၏​။ 21မုခ်ဆောင်​တစ်ဘက်စီ​တွင် အခန်းငယ်​သုံးခန်းစီ​ရှိ​၏​။ တိုင်​များ​နှင့်​ဆင်ဝင်​သည် ယခင်​တိုင်း​ခဲ့​သော​မုခ်ဆောင်​နှင့် အတူတူ​ဖြစ်​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။ 22ပြတင်းပေါက်​၊ ဆင်ဝင်​နှင့် စွန်ပလွံပင်ပုံ​တို့​သည် ယခင်​တိုင်း​ခဲ့​သော​အရှေ့​မုခ်ဆောင်​နှင့် အတူတူ​ဖြစ်​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ခုနစ်​ထစ်​ဖြင့် တက်​ရ​၏​။ ရှေ့​တည့်တည့်​တွင် မုခ်ဆောင်​ဆင်ဝင်​ရှိ​၏​။ 23အရှေ့​မုခ်ဆောင်​ကဲ့သို့ပင် မြောက်ဘက်​မုခ်ဆောင်​တွင်​လည်း မျက်နှာချင်းဆိုင်​တွင် အတွင်း​ဝင်း​မုခ်ဆောင်​ရှိ​၍ တစ်ဆောင်​နှင့်​တစ်ဆောင်​အကွာအဝေး​ကို​တိုင်း​ရာ အတောင်​တစ်ရာ​ရှိ​၏​။
24ထို့နောက် သူ​သည် ငါ့​ကို တောင်ဘက်​သို့​ခေါ်ဆောင်​သွား​ရာ တောင်ဘက်​တွင်​လည်း မုခ်ဆောင်​တစ်​ခု​ရှိ​သည်​ကို တွေ့​ရ​၏​။ ထို​မုခ်ဆောင်​၏​တိုင်​၊ ဆင်ဝင်​တို့​ကို​တိုင်း​ရာ အခြား​မုခ်ဆောင်​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​။ 25ထို​မုခ်ဆောင်​နှင့် ဆင်ဝင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​တို့ ပါရှိ​၏​။ ထို​ပြတင်းပေါက်​တို့​သည် အခြား​ပြတင်းပေါက်​တို့​နှင့်​တူ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။ 26ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ခုနစ်​ထစ်​ဖြင့် တက်​ရ​၏​။ ရှေ့တည့်တည့်​တွင် မုခ်ဆောင်​ဆင်ဝင်​ရှိ​၏​။ မုခ်ဆောင်​အတွင်း​တစ်ဖက်တစ်ချက်​ရှိ​တိုင်​များ​တွင် စွန်ပလွံပင်ပုံ ဖော်​ထား​၏​။ 27အတွင်း​ဝင်း​တောင်ဘက်​တွင်​လည်း မုခ်ဆောင်​တစ်​ခု​ရှိ​၏​။ ထို​တောင်ဘက်​မုခ်ဆောင် တစ်ဆောင်​နှင့်​တစ်ဆောင် အကွာအဝေး​ကို​တိုင်း​ရာ အတောင်​တစ်ရာ​ရှိ​၏​။
အတွင်းဝင်းမုခ်ဆောင်
28တောင်​မုခ်ဆောင်​ကို​ဖြတ်​၍ အတွင်း​ဝင်း​သို့ ငါ့​ကို​ခေါ်ဆောင်​သွား​ပြီး အတွင်း​ဝင်း​ရှိ တောင်​မုခ်ဆောင်​ကို​တိုင်း​ရာ အခြား​မုခ်ဆောင်​တို့​နှင့် အတိုင်းအတာ အတူတူ​ဖြစ်​၏​။ 29ထို​မုခ်ဆောင်​၏​အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​၏​အတိုင်းအတာ​သည် အခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​။ မုခ်ဆောင်​ပတ်ပတ်လည်​နှင့် ဆင်ဝင်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။ 30ဝင်း​ပတ်လည်​ရှိ မုခ်ဆောင်​တို့​၏​ဆင်ဝင်​သည် အလျား​နှစ်ဆယ့်​ငါး​တောင်​၊ အနံ​ငါး​တောင်​စီ​ရှိ​ကြ​၏​။ 31မုခ်ဆောင်​ဆင်ဝင်​တို့​သည် အပြင်​ဝင်း​ဘက်​သို့ မျက်နှာမူ​၏​။ တိုင်​များ​တွင် စွန်ပလွံပင်ပုံ ဖော်ထား​၏​။ ထို​မုခ်ဆောင်​သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။
32ထို့နောက် ငါ့​ကို အတွင်း​ဝင်း​၏​အရှေ့ဘက်​သို့ ခေါ်ဆောင်​သွား​ပြီး မုခ်ဆောင်​ကို​တိုင်း​ရာ အခြား​မုခ်ဆောင်​များ​နှင့် အတိုင်းအတာ အတူတူပင်​ဖြစ်​၏​။ 33အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​၏​အတိုင်းအတာ​သည် အခြား​တို့​နှင့် အတူတူပင်​ဖြစ်​၏​။ မုခ်ဆောင်​နှင့် ဆင်ဝင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။ 34ထို​မုခ်ဆောင်​၏​ဆင်ဝင်​သည် အပြင်​ဝင်း​နှင့် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။ တစ်ဖက်တစ်ချက်​ရှိ​တိုင်​များ​တွင် စွန်ပလွံပင်ပုံ ဖော်​ထား​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။ 35တစ်ဖန် ငါ့​ကို မြောက်ဘက်​မုခ်ဆောင်​သို့ ခေါ်ဆောင်​သွား​ပြီး တိုင်း​ရာ အခြား​မုခ်ဆောင်​များ​နှင့် အတိုင်းအတာ အတူတူ​ဖြစ်​၏​။ 36အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​သည် အခြား​တို့​နှင့် အတူတူပင်​ဖြစ်​၏​။ မုခ်ဆောင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ ထို​မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။ 37ထို​မုခ်ဆောင်​၏​ဆင်ဝင်​သည် အပြင်​ဝင်း​နှင့် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။ တစ်ဖက်တစ်ချက်​ရှိ​တိုင်​များ​တွင် စွန်ပလွံပင်​ပုံ ဖော်​ထား​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။
မီးရှို့ရာယဇ်ကောင်များ ပြင်ဆင်ရာအခန်း
38မုခ်ဆောင်​တံခါး​တိုင်​နားတွင် တံခါးပေါက်​ပါ​သော​အခန်း​တစ်ခန်း​ရှိ​၏​။ ထို​နေရာ​တွင် မီးရှို့ရာယဇ်ကောင်​ကို ဆေးကြော​ကြ​၏​။ 39မုခ်ဆောင်​ဆင်ဝင်​တစ်ဖက်တစ်ချက်​တွင် စားပွဲ​နှစ်လုံးစီ​ရှိ​၏​။ ထို​စားပွဲ​ပေါ်တွင် မီးရှို့ရာယဇ်ကောင်​၊ အပြစ်ဖြေရာယဇ်ကောင်​၊ အပြစ်ဒဏ်ဖြေရာယဇ်ကောင်​တို့​ကို တင်သတ်​ကြ​၏​။ 40မြောက်ဘက်​မုခ်ဆောင်​တွင် ဆင်ဝင်​အပြင်ဘက် မုခ်ဆောင်​အဝင်ဝ​သို့​တက်သွား​ရာ လှေကား​တစ်ဖက်တစ်ချက်စီ​တွင် စားပွဲ​နှစ်လုံးစီ​ရှိ​၏​။ 41မုခ်ဆောင်​တစ်ဖက်​တွင် စားပွဲ​လေး​လုံး​၊ အခြား​တစ်ဖက်​တွင် စားပွဲ​လေး​လုံး စုစုပေါင်း​စားပွဲ​ရှစ်​လုံး​ရှိ​၏​။ ထို​စားပွဲ​တို့​အပေါ်​တွင် ယဇ်ကောင်​များ​ကို​တင်သတ်​၏​။ 42မီးရှို့ရာယဇ်​အတွက် အလျား​တစ်​တောင်​ခွဲ#40:42 “31.5 လက်မ သို့မဟုတ် 78.75 စင်တီမီတာ”။​၊ အနံ​တစ်​တောင်​ခွဲ​၊ အမြင့်​တစ်​တောင်​ရှိ​သော ကျောက်ဆစ်​စားပွဲ​လေး​လုံး​လည်း​ရှိ​၏​။ ထို​စားပွဲ​ပေါ်တွင် မီးရှို့ရာယဇ်ကောင်​နှင့် ယဇ်ကောင်​များ​ကို​သတ်​ရာ​တွင် အသုံးပြု​သော လက်နက်ကိရိယာ​များ​ကို တင်​ထား​၏​။ 43နံရံ​ပတ်ပတ်လည်​တွင် လက်တစ်ဝါး​စာ​အရှည်​ရှိ​ချိတ်​များ​ကို တပ်​ထား​၏​။ ပူဇော်သက္ကာ​အသား​များ​ကို စားပွဲ​များ​ပေါ်တွင် တင်​ထား​၏​။
သီချင်းသည်နှင့်ယဇ်ပုရောဟိတ်တို့နေရာအခန်းများ
44အတွင်း​ဝင်း​ထဲရှိ အတွင်း​မုခ်ဆောင်​အပြင်ဘက်​တွင် သီချင်းသည်​တို့​နေ​ရာ​အခန်း​များ​ရှိ​၏​။ တစ်​ခန်း​မှာ မြောက်​မုခ်ဆောင်​၌​ရှိ​ပြီး တောင်ဘက်​သို့​မျက်နှာမူ​ထား​၏​။ နောက်​တစ်​ခန်း​မှာ တောင်#40:44 တိုက်ရိုက်ပြန်ဆိုလျှင် “အရှေ့”။​မုခ်ဆောင်​တွင်​ရှိ​ပြီး မြောက်ဘက်​သို့​မျက်နှာမူ​ထား​၏​။ 45သူ​က ငါ့​အား “​တောင်ဘက်​သို့​မျက်နှာမူ​ထား​သော​အခန်း​သည် အိမ်​တော်​အမှု​ကို​ထမ်းဆောင်​သော ယဇ်ပုရောဟိတ်​တို့​အတွက်​ဖြစ်​၏​။ 46မြောက်ဘက်​သို့​မျက်နှာမူ​သော​အခန်း​သည် ယဇ်ပလ္လင်​အမှု​ကို​ထမ်းဆောင်​သော ယဇ်ပုရောဟိတ်​တို့​အတွက်​ဖြစ်​၏​။ ထို​သူ​တို့​ကား ထာဝရဘုရား​အထံ​တော်​သို့​ဆည်းကပ်​၍ အမှု​တော်​ထမ်းဆောင်​သော လေဝိ​အမျိုး​ဇာဒုတ်​၏​သား​များ​ဖြစ်​ကြ​၏​”​ဟု ပြောပြ​၏​။ 47ထို့နောက် သူ​သည် စတုရန်းပုံ​ဝင်း​ကို​တိုင်း​ရာ အလျား​အတောင်​တစ်ရာ​၊ အနံ​အတောင်​တစ်ရာ​ရှိ​၏​။ အိမ်​တော်​ရှေ့​တွင် ယဇ်ပလ္လင်​ရှိ​၏​။
48ထို့နောက် ငါ့​အား အိမ်​တော်​၏​ဆင်ဝင်​သို့​ခေါ်ဆောင်​သွား​ပြီး ဆင်ဝင်​တိုင်​ကို​တိုင်း​ရာ ဆင်ဝင်​တစ်ဖက်​တွင် ထု​ငါး​တောင်​၊ အခြား​တစ်ဖက်​တွင် ထု​ငါး​တောင်​ရှိ​၏​။ တံခါးပေါက်​တစ်ဖက်​တွင် ထု​သုံး​တောင်#40:48 “63 လက်မ သို့မဟုတ် 157.5 စင်တီမီတာ”။​၊ အခြား​တစ်ဖက်​တွင် ထု​သုံး​တောင်​ရှိ​၏​။ 49ဆင်ဝင်​သည် အလျား​အတောင်​နှစ်ဆယ်#40:49 “420 လက်မ သို့မဟုတ် 1050 စင်တီမီတာ”။​၊ အနံ​တစ်ဆယ့်တစ်​တောင်#40:49 “231 လက်မ သို့မဟုတ် 5775 စင်တီမီတာ”။​ရှိ​၏​။ ထို​နေရာ​သို့ လှေကားထစ်​များ​ဖြင့်​တက်​ရ​၏​။ ဆင်ဝင်​တိုင်​ဘေး​တစ်ဖက်တစ်ချက်စီ​တွင် တိုင်လုံးကြီး​ရှိ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 40