YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 41

41
ဗိမာန်တော်အတွင်းပိုင်း
1ထို့နောက် ငါ့​ကို ဗိမာန်တော်​သို့ ခေါ်ဆောင်​သွား​၍ ကိန်းဝပ်​တော်မူ​ရာ​ဌာန#41:1 တိုက်ရိုက်ပြန်ဆိုလျှင် “တဲ”။​အဝင်ဝ တစ်ဖက်တစ်ချက်​ရှိ တံခါးတိုင်​များ​ကို​တိုင်း​ရာ ထု​ခြောက်​တောင်#41:1 “126 လက်မ သို့မဟုတ် 315 စင်တီမီတာ”။​ရှိ​၏​။ 2တံခါးပေါက်​မှာ အတောင်​တစ်ဆယ်#41:2 “210 လက်မ သို့မဟုတ် 525 စင်တီမီတာ”။​ကျယ်​၏​။ တစ်ဖက်တစ်ချက်​ရှိ​တံခါးတိုင်​၏​ထု​မှာ ငါး​တောင်#41:2 “105 လက်မ သို့မဟုတ် 262.5 စင်တီမီတာ”။​စီ​ရှိ​၏​။ ဗိမာန်တော်​အပြင်ခန်း​ကို​တိုင်း​ရာ အလျား​အတောင်​လေးဆယ်#41:2 “840 လက်မ သို့မဟုတ် 2100 စင်တီမီတာ”။​၊ အနံ​အတောင်​နှစ်ဆယ်#41:2 “420 လက်မ သို့မဟုတ် 1050 စင်တီမီတာ”။​ရှိ​၏​။ 3ထို့နောက် အတွင်းခန်း​သို့​ဝင်​၍ တံခါး​အဝင်ဝ​တိုင်​ကို​တိုင်း​ရာ ထု​နှစ်​တောင်#41:3 “​42 လက်မ သို့မဟုတ် 105 စင်တီမီတာ”။​ရှိ​၏​။ တံခါးပေါက်​အကျယ်​မှာ ခြောက်​တောင်​ရှိ​၏​။ အဝင်ဝ​တစ်ဖက်တစ်ချက်​ရှိ နံရံ​အကျယ်​မှာ ခုနစ်​တောင်#41:3 “147 လက်မ သို့မဟုတ် 367.5 စင်တီမီတာ”။​စီ​ရှိ​၏​။ 4ဗိမာန်တော်​အတွင်းခန်း​ကို​တိုင်း​ရာ အလျား​အတောင်​နှစ်ဆယ်​၊ အနံ​အတောင်​နှစ်ဆယ်​ရှိ​၏​။ “​ဤ​အခန်း​သည် အသန့်ရှင်းဆုံးဌာန​ဖြစ်​သည်​”​ဟု ငါ့​အား ပြောပြ​၏​။
ဗိမာန်တော်အပြင်ပိုင်း
5ထို့နောက် အိမ်​တော်​နံရံ​ကို​တိုင်း​ရာ​ထု​မှာ ခြောက်​တောင်​ရှိ​၏​။ အိမ်​တော်​နှင့်​ကပ်​လျက် အိမ်​တော်​ပတ်ပတ်လည်​ရှိ အခန်းငယ်​များ​မှာ တစ်ခန်း​လျှင်​လေး​တောင်​စီ အကျယ်​ရှိ​၏​။ 6ထို​အခန်းငယ်​တို့​သည် အထပ်​သုံး​ထပ်​ရှိ​၍ တစ်ထပ်​လျှင် အခန်း​ပေါင်း​သုံးဆယ်​စီ​ရှိ​၏​။ အိမ်​တော်​နံရံ​ပတ်ပတ်လည်​တွင် ထို​အခန်းငယ်​များ​ကို ထောက်ပင့်​ထား​သော​တိုင်​များ​ရှိ​၏​။ ထို​ထောက်ပင့်​ထား​သော​တိုင်​တို့​သည် အိမ်​တော်​နံရံ​နှင့် ကပ်​မ​နေ​ပေ​။ 7အိမ်​တော်​အတွင်း​ပတ်ပတ်လည်​ရှိ အခန်း​များ​သည် အထက်​သို့​ရောက်​လေလေ ပို၍​ကျယ်​လေလေ​ဖြစ်​၏​။ အကြောင်းမူကား အိမ်​တော်​၏​ပုံစံ​သည် အောက်​၌​ကျဉ်း​ပြီး အထက်​သို့​ကျယ်သွား​သောကြောင့် အိမ်​တော်​ပတ်ပတ်လည်​ရှိ အခန်းငယ်​တို့​သည်​လည်း အထက်​သို့​ရောက်​လေလေ ပို၍​ကျယ်​လေလေ​ဖြစ်​၏​။ အောက်ထပ်​မှ အပေါ်ဆုံး​ထပ်​သို့ တက်သွား​သောအခါ အလယ်​ထပ်​ကို ဖြတ်သွား​ရ​၏​။ 8အိမ်​တော်​ပတ်ပတ်လည်​၌ စင်္ကြံ​ရှိ​သည်​ကို ငါ​တွေ့​ရ​၏​။ ထို​စင်္ကြံ​မှာ အခန်းငယ်​တို့​၏​အုတ်မြစ်​ဖြစ်၍ အမြင့်​မှာ ခြောက်​တောင်​ရှည်​သော ကျူချောင်း​တစ်ပြန်စာ#41:8 “126 လက်မ သို့မဟုတ် 315 စင်တီမီတာ”။​ရှိ​၏​။ 9အခန်းငယ်​များ​၏​အပြင်ဘက် အုတ်တံတိုင်း​အကျယ်​မှာ ငါး​တောင်​ရှိ​၏​။ အိမ်​တော်​အခန်းငယ်​အပြင်ဘက်​တွင် မြေကွက်လပ်​တစ်​ခု​ရှိ​၏​။ 10အိမ်​တော်​ပတ်ပတ်လည်​တွင် အဆောင်ခန်း​များ​ရှိ​၏​။ အိမ်​တော်​နှင့် ထို​အခန်း​များ​၏​အကွာအဝေး​မှာ အတောင်​နှစ်ဆယ်​ရှိ​၏​။ 11အိမ်​တော်​အခန်းငယ်​များ​ထဲသို့​ဝင်​ရန် မြောက်ဘက်​မြေကွက်လပ်​သို့ မျက်နှာမူ​သော တံခါးပေါက်​တစ်​ပေါက်​၊ တောင်ဘက်​မြေကွက်လပ်​သို့ မျက်နှာမူ​သော တံခါးပေါက်​တစ်​ပေါက်​ရှိ​၏​။ အခန်း​ပတ်ပတ်လည်​ရှိ စင်္ကြံ​၏​အကျယ်​မှာ ငါး​တောင်​ရှိ​၏​။
12အနောက်ဘက်​တွင် မြေကွက်လပ်​ဘက်​မျက်နှာမူ​သော အဆောက်အအုံ​တစ်​ခု​ရှိ​၏​။ အနံ​အတောင်​ခုနစ်ဆယ်#41:12 “1470 လက်မ သို့မဟုတ် 3675 စင်တီမီတာ”။​၊ အလျား​အတောင်​ကိုးဆယ်#41:12 “1890 လက်မ သို့မဟုတ် 4725 စင်တီမီတာ”။​ရှိ​၏​။ အဆောင်​ပတ်ပတ်လည်​ရှိ နံရံ​၏​အထူ​မှာ ငါး​တောင်​ရှိ​၏​။
13ထို့နောက် အိမ်​တော်​ကို​တိုင်း​ရာ အရှည်​အတောင်​တစ်ရာ#41:13 “2100 လက်မ သို့မဟုတ် 5250 စင်တီမီတာ”။​ရှိ​၏​။ မြေကွက်လပ်​၊ အဆောက်အအုံ​နှင့် အဆောက်အအုံ​နံရံ​အပါအဝင် အရှည်​အတောင်​တစ်ရာ​ရှိ​၏​။ 14မြေကွက်လပ်​အပါအဝင် အိမ်​တော်​၏​အရှေ့​မျက်နှာစာ​အကျယ်​မှာ အတောင်​တစ်ရာ​ရှိ​၏​။
အတွင်းပိုင်းကို သစ်သားဖြင့်အလှဆင်ထားခြင်း
15အိမ်​တော်​၏​အနောက်ဘက် မြေကွက်လပ်​ကို မျက်နှာမူ​ထား​သော အဆောက်အအုံ​၏​အလျား​နှင့် အိမ်​တော်​တစ်ဖက်တစ်ချက်​ရှိ လျှောက်လမ်း​ကို​တိုင်း​ရာ အတောင်​တစ်ရာစီ​ရှိ​၏​။ ဗိမာန်တော်​အပြင်ခန်း​၊ အတွင်းခန်း​နှင့် ဗိမာန်တော်​ဆင်ဝင်​တို့​ကို​လည်း တိုင်း​၏​။ 16တံခါးခုံ​များ​၊ ရာဇမတ်ကွက်​ပြတင်းပေါက်ငယ်​များ​နှင့် တံခါးခုံ​ရှေ့​ရှိ သုံးဘက်သုံးတန်​မှ​လျှောက်လမ်း​များ​ကို သစ်သား​ဖြင့် အလှဆင်​ထား​၏​။ ကြမ်းပြင်​မှ​ပြတင်းပေါက်​အထိ​နံရံ​များ​၊ ပြတင်းပေါက်​များ​ကို​လည်း သစ်သား​ဖြင့် အလှဆင်​ထား​၏​။ 17တံခါးဝ​၏​အပေါ်​ဘက်​၊ အိမ်​တော်​၏​အတွင်းခန်း​၊ အပြင်ခန်း​အပေါ်​ဘက်​နှင့် အတွင်းခန်း​၊ အပြင်ခန်း​ပတ်ပတ်လည်​ရှိ​နံရံ​တို့​တွင် 18ခေရုဗိမ်#41:18 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ပုံ​နှင့် စွန်ပလွံပင်ပုံ​တို့​ကို ထွင်းထု​ထား​၏​။ ခေရုဗိမ်​ပုံ​တစ်ပုံ​နှင့်​တစ်ပုံ​ကြား​တွင် စွန်ပလွံပင်ပုံ​တစ်​ပုံ​ရှိ​၏​။ ခေရုဗိမ်​တစ်ပါးစီ​တွင် မျက်နှာ​နှစ်​ဖက်​ပါ​၏​။ 19ထို​မျက်နှာ​နှစ်​ဖက်​မှာ လူ​မျက်နှာပုံ​ပါ​သော​ဘက်​သည် တစ်ဖက်​ရှိ စွန်ပလွံပင်ပုံ​ဘက်​သို့ လှည့်​ထား​၍ ခြင်္သေ့ပျို​မျက်နှာပုံ​ပါ​သော​ဘက်​သည် အခြား​တစ်ဖက်​ရှိ စွန်ပလွံပင်ပုံ​ဘက်​သို့ လှည့်​ထား​၏​။ အိမ်​တော်​တစ်ခုလုံး​ရှိ နံရံ​ပတ်ပတ်လည်​တွင် ထိုသို့​ပုံဖော်​ထား​၏​။ 20ကြမ်းပြင်​မှ တံခါးဝ​အပေါ်​ဘက်​အထိ ခေရုဗိမ်#41:20 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ပုံ​နှင့် စွန်ပလွံပင်ပုံ​များ ထွင်းထု​ထား​၏​။ ဗိမာန်တော်​အပြင်ခန်း​နံရံ​တွင်​လည်း ထိုသို့​ထွင်းထု​ထား​၏​။ 21ဗိမာန်တော်​အပြင်ခန်း​ရှိ​တံခါးတိုင်​သည် စတုရန်းပုံ​ရှိ​၍ သန့်ရှင်းရာဌာန​ရှေ့​ရှိ​တံခါးတိုင်​နှင့် ပုံသဏ္ဌာန်ချင်း​တူ​၏​။ 22ယဇ်ပလ္လင်​ကို သစ်သား​နှင့်​ပြုလုပ်​ထား​ပြီး အမြင့်​သုံး​တောင်#41:22 “273 လက်မ သို့မဟုတ် 682.5 စင်တီမီတာ”။​၊ အလျား​နှစ်​တောင်​ရှိ​၏​။ ပလ္လင်​၏​ထောင့်ချိုး​များ​၊ အောက်ခြေ#41:22 တိုက်ရိုက်ပြန်ဆိုလျှင် “အလျား”။​နှင့် ဘေးနံရံ​တို့​ကို သစ်သား​နှင့်​ပြုလုပ်​ထား​၏​။ ထို​သူ​က “​ဤသည်ကား ထာဝရဘုရား​၏ ရှေ့​တော်​စားပွဲ​ဖြစ်​၏​”​ဟု ပြောပြ​၏​။
23ဗိမာန်တော်​အပြင်ခန်း​နှင့် သန့်ရှင်းရာဌာန​တို့​တွင် တံခါးပေါက်​နှစ်​ပေါက်​ရှိ​၏​။ 24တံခါးပေါက်​တစ်​ပေါက်​တွင် တံခါးရွက်​နှစ်​ရွက်​၊ နောက်​တစ်ပေါက်​တွင် တံခါးရွက်​နှစ်​ရွက်​ပါ​၏​။ 25ဗိမာန်တော်​တံခါး​တို့​တွင် ဗိမာန်တော်​နံရံ​များ​ကဲ့သို့ ခေရုဗိမ်#41:25 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ပုံ​နှင့် စွန်ပလွံပင်ပုံ​တို့​ကို ထွင်းထု​ထား​၏​။ မျက်နှာစာ​ဆင်ဝင်​ပေါက်​တွင် သစ်သား​အမိုး​ပါရှိ​၏​။ 26ဆင်ဝင်​ရှိ​နံရံ​များ​တွင်​လည်းကောင်း​၊ အိမ်​တော်​အခန်းငယ်​များ​တွင်​လည်းကောင်း​၊ အမိုး​များ​တွင်​လည်းကောင်း ပြတင်းပေါက်ငယ်​များ​နှင့် စွန်ပလွံပင်ပုံ​များ​ပါရှိ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 41