YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 1

1
1အနှစ်​သုံးဆယ်​ပြည့်​သော​နှစ်​၊ စတုတ္ထ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​နှင့်အတူ ခေဗာ​မြစ်​နား​၌​ရှိ​နေ​စဉ် ကောင်းကင်​ပွင့်​၍ ဘုရားသခင်​ဖွင့်ပြ​တော်မူ​သော​နိမိတ်အာရုံ​ကို ငါ​မြင်​ရ​၏​။ 2ယောယခိမ်​မင်းကြီး ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ပဉ္စမ​နှစ်​၊ ထို​လ ငါး​ရက်​နေ့​တွင် 3ခါလဒဲ​ပြည်​၊ ခေဗာ​မြစ်​နား​တွင်​ရှိ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗုဇိ​၏​သား​၊ ယဇ်ပုရောဟိတ် ယေဇကျေလ​ထံသို့ ရောက်လာ​၏​။ ထို​အရပ်​၌ ထာဝရဘုရား​သည် လက်​တော်​ကို သူ့​အပေါ်​တင်​လျက်​ရှိ​၏​။
စိတ်အာရုံတွင် ထာဝရဘုရား၏ဘုန်းတော်ကိုမြင်ရခြင်း
4ငါ​ကြည့်​လိုက်​သော် မြောက်ဘက်​အရပ်​မှ လေပြင်းမုန်တိုင်း လာ​နေ​သည်​ကို မြင်​ရ​၏​။ ထို​လေပြင်းမုန်တိုင်း​တွင် မီးတောက်မီးလျှံ​ဖြင့်​လင်းလက်​နေ​သော တိမ်တိုက်ကြီး​ပါလာ​၍ တိမ်တိုက်ကြီး​ပတ်ပတ်လည်​တွင် ထွန်းလင်း​တောက်ပ​လျက်​ရှိ​၏​။ မီးတောက်မီးလျှံ​အလယ်​တွင် အရောင်တောက်​နေ​သော ကြေးဝါ#1:4 သို့မဟုတ် “ပယင်း”။​ကဲ့သို့သော​အရာ​တစ်​ခု​လည်း​ပါ​၏​။ 5ထို​မီးတောက်မီးလျှံ​အလယ်​တွင်​လည်း သတ္တဝါ​သဏ္ဌာန်​လေး​ခု ပါလာ​၏​။ ထို​သတ္တဝါ​တို့​၏​သဏ္ဌာန်​သည် လူ​၏​သဏ္ဌာန်​နှင့်​တူ​၏​။ 6တစ်ပါးစီ​၌ မျက်နှာ​လေး​ခု​၊ တောင်ပံ​လေး​ခု ပါရှိ​၏​။ 7သူ​တို့​၏​ခြေ​သည် ဖြောင့်တန်း​၍ ခြေဖဝါး​မူကား နွားသငယ်​၏​ခွာ​နှင့်​တူ​ပြီး တိုက်ချွတ်​ထား​သော​ကြေးနီ​ကဲ့သို့ ပြောင်လက်​လျက်​ရှိ​၏​။ 8ဘေး​၌​ရှိ​သော အတောင်ပံ​လေး​ခု​အောက်​တွင် လူ​လက်​ပါ​၏​။ ထို​သတ္တဝါ​လေး​ပါး​တို့​တွင် မျက်နှာ​နှင့်​တောင်ပံ​များ​ရှိ​၏​။ 9အတောင်ပံ​တို့​သည် တစ်​ခု​နှင့်​တစ်​ခု ထိစပ်​လျက်​ရှိ​၏​။ ထို​သတ္တဝါ​လေး​ပါး​တို့​သည် သွား​သောအခါ​တွင်​လည်း ဟိုဘက်​သည်ဘက်​မ​လှည့်​ဘဲ မျက်နှာမူ​ရာ​သို့သာ တည့်တည့်​သွား​တတ်​၏​။ 10တစ်ပါးစီ​၏​မျက်နှာ​ပုံသဏ္ဌာန်​မှာ ရှေ့​မျက်နှာ​သည် လူ​မျက်နှာ​၊ ယာဘက်​မျက်နှာ​သည် ခြင်္သေ့​မျက်နှာ​၊ ဝဲဘက်​မျက်နှာ​သည် နွား​မျက်နှာ​၊ အနောက်ဘက်​မျက်နှာ​သည် လင်းယုန်ငှက်​မျက်နှာ စသည်​ဖြင့်#ယေဇ 10:14၊ ဗျာ 4:7။ 11မျက်နှာ​ပုံစံ​များ ရှိ​၏​။ အတောင်ပံ​များ​သည်​လည်း တစ်စုံ​မှာ အထက်​သို့​ဖြန့်​၍ တစ်ပါး​နှင့်​တစ်ပါး အတောင်​ချင်း​ထိ​ထား​၏​။ ကျန်​တောင်ပံ​တစ်စုံ​မှာ ကိုယ်​ကို​ဖုံးအုပ်​ထား​၏​။ 12သူ​တို့​သည် မျက်နှာမူ​ရာ​သို့သာ တည့်တည့်​သွား​တတ်​၏​။ သွား​သောအခါ ဟိုဘက်​သည်ဘက်​မ​လှည့်​ဘဲ ဝိညာဉ်​တော်​ညွှန်ပြ​ရာ​သို့​သာ​သွား​၏​။
13ထို​သတ္တဝါ​တို့​၏​သဏ္ဌာန်​သည် မီးတောက်​နေ​သော မီးခဲ​သဏ္ဌာန်​နှင့်​တူ​၏​။ မီးရှူးမီးပန်း​သဏ္ဌာန်​နှင့်​တူ​သော​အရာ​များ​သည်​လည်း ထို​သတ္တဝါ​တို့​ကြား​တွင် ရွေ့လျား​သွားလာ​လျက်​ရှိ​၏​။ မီး​သည် တောက်ပ​လျက် မီး​ထဲမှ​လည်း လျှပ်စီး​တဖျပ်ဖျပ်လက်​လျက်​ရှိ​၏​။ 14ထို​သတ္တဝါ​တို့ သွား​သောအခါ လျှပ်စီးလက်​သကဲ့သို့ လှစ်ကနဲ​လှစ်ကနဲ ဖြစ်​၏​။
15ထို​သတ္တဝါ​တို့​ကို​ကြည့်​နေ​စဉ် မျက်နှာ​လေး​ဖက်​ပါ​သော သတ္တဝါ​တစ်ပါးစီ​တို့​၏​ဘေး​ရှိ မြေ​ပေါ်တွင် ဘီး​တစ်​ဘီး​စီ​ရှိ​နေ​သည်​ကို တွေ့​ရ​၏​။ 16ဘီး​တို့​သည် ကျောက်မျက်ရွဲ​ဖြင့် ထုလုပ်​ထား​သည်​နှင့်တူ​၏​။ ကျောက်မျက်ရွဲ​အဆင်းအရောင်​ကဲ့သို့​တောက်ပ​၏​။ ဘီး​လေး​ခု​တို့​မှာ တစ်ပုံစံတည်း​ဖြစ်၍ ပြုလုပ်​ထား​သည့်​ပုံစံ​မှာ ဘီး​တစ်​ခု​တွင် နောက်​ဘီး​တစ်​ခု​ကို ကန့်လန့်ဖြတ်​ထည့်​ထား​သည့်​ပုံစံမျိုး ဖြစ်​၏​။ 17သွား​သောအခါ​တွင်​လည်း ဟိုဘက်​သည်ဘက်​မ​ကွေ့​ဘဲ သတ္တဝါ​တို့​မျက်နှာမူ​ရာ လေးဘက်လေးတန်​သို့သာ သွား​တတ်​၏​။ 18ဘီးခွေ​တို့​သည် အလွန်​မြင့်​၍ အံ့ဩဖွယ်​ကောင်း​လှ​၏​။ ဘီး​လေး​ဘီး​စလုံး​၏​ခွေ​မှာ မျက်စိ​အပြည့်​ပါရှိ​၏​။#ယေဇ 10:12၊ ဗျာ 4:8။ 19သတ္တဝါ​တို့​သွား​သောအခါ ဘီး​တို့​သည်​လည်း သူ​တို့​၏​ဘေး​မှ လိုက်​ကြ​၏​။ သတ္တဝါ​တို့ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​လည်း မြေ​မှ​ကြွ​ကြ​၏​။ 20ဝိညာဉ်​တော်​သွား​ရာ​သို့ သတ္တဝါ​တို့​လိုက်ပါ​သွား​ရ​၏​။ သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သည်​ဖြစ်၍ ဝိညာဉ်​တော်​သွား​ရာ​သို့ ဘီး​တို့​သည် ဝိညာဉ်​တော်​နှင့်အတူ ကြွ​ကြ​၏​။ 21သူ​တို့​သွား​သောအခါ ဘီး​တို့​သည်​သွား​ကြ​၏​။ သူ​တို့​ရပ်​သောအခါ ဘီး​တို့​သည်​ရပ်​ကြ​၏​။ သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သောကြောင့် သတ္တဝါ​တို့ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​လည်း သူ​တို့​နှင့်အတူ ကြွ​ကြ​၏​။
22သတ္တဝါ​တို့​၏​ဦးခေါင်း​အထက်​တွင် အံ့ဩဖွယ်​ကောင်း​သော​၊ ကျောက်သလင်း​သဏ္ဌာန်​နှင့်​တူ​သော မျက်နှာပြင်​ကြီး​တစ်​ခု​ရှိ​၍ သူ​တို့​၏​ဦးခေါင်း​အထက်​တွင် ပြန့်​လျက်​နေ​၏​။ 23မျက်နှာပြင်ကြီး​အောက်​တွင် သူ​တို့​၏​အတောင်ပံ​တို့​ကို တစ်​ခု​နှင့်​တစ်​ခု​ထိ​အောင် ဖြန့်​ထား​၏​။ ကျန်​တောင်ပံ​နှစ်ခုစီ နှစ်ခုစီ​သည် သူ​တို့​ကိုယ်​ကို ဖုံး​ထား​လျက်​ရှိ​၏​။ 24သူ​တို့​သွား​သောအခါ ရေလှိုင်းပုတ်သံ​ကြီး​ကဲ့သို့​၊ အနန္တတန်ခိုးရှင်​၏​အသံ​ကဲ့သို့ သူ​တို့​၏​တောင်ပံခတ်သံ​ကို ငါ​ကြား​ရ​၏​။ သူ​တို့​သွား​သော​အသံ​သည် စစ်ချီ​သံ​ကဲ့သို့ ဖြစ်​၏​။ သူ​တို့​ရပ်​နေ​သောအခါ အတောင်ပံ​များ​ကို ချ​ထား​၏​။ 25သူ​တို့​ဦးခေါင်း​အထက် မျက်နှာပြင်ကြီး​ပေါ်​မှ အသံ​ထွက်လာ​၏​။ သူ​တို့​သည် ရပ်​နေ​သောအခါ အတောင်ပံ​များ​ကို ချ​ထား​၏​။
26သူ​တို့​ဦးခေါင်း​အထက်​ရှိ မျက်နှာပြင်ကြီး​ပေါ်​တွင် နီလာ​ကျောက်​အဆင်းအရောင်​နှင့်​တူ​သည့် ရာဇပလ္လင်​ကဲ့သို့ သဏ္ဌာန်​တစ်​ခု​ရှိ​၏​။ ထို​ပလ္လင်​ပေါ်တွင် လူ​နှင့်​တူ​သော သဏ္ဌာန်​တစ်​ခု​ရှိ​၏​။ 27ထို​လူ​၏​ခါး​အပေါ်​ပိုင်း​သည် တောက်ပ​သော​ကြေးဝါ​အဆင်း​ရှိ​၍ ဝန်းကျင်​၌ မီးရောင်​သဖွယ်​ဖြာထွက်​နေ​သည်​ကို တွေ့​ရ​၏​။ ခါး​အောက်ပိုင်း​ဝန်းကျင်​၌​လည်း မီးရောင်​သဖွယ် တောက်ပ​သော​အလင်း​ဖြာထွက်​လျက်​ရှိ​သည်​ကို တွေ့​ရ​၏​။ 28ထို​အလင်း​သည် မိုးရွာ​သော​နေ့​၌ မိုးတိမ်​တွင်​ထွက်ပေါ်​လာ​သော သက်တံ​၏​အရောင်​ကဲ့သို့ ပတ်ပတ်လည်​တွင် ရောင်ခြည်​ဖြာထွက်​နေ​၏​။ ထာဝရဘုရား​၏​ဘုန်းအသရေ ထွန်းလင်း​သကဲ့သို့​ဖြစ်​၏​။ ထို​အရာ​ကို​မြင်​၍ ငါ​ပျပ်ဝပ်​လျက်​နေ​စဉ် တစ်စုံတစ်ယောက်​စကားပြော​သော​အသံ​ကို ငါ​ကြား​ရ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 1