YouVersion Logo
Search Icon

တရားဟောရာကျမ်း 34

34
မောရှေသေဆုံးခြင်း
1ထို့နောက် မောရှေ​သည် မောဘ​လွင်ပြင်​မှ ဂျေရိခေါ​မြို့​နှင့်​မျက်နှာချင်းဆိုင်​၊ နေဗော​တောင်​ဟု​ခေါ်​သော ပိသဂါ​တောင်​ထိပ်​ပေါ်သို့ တက်သွား​လေ​၏​။ ထာဝရဘုရား​သည် သူ့​အား ဂိလဒ်​ပြည်​မှ ဒန်​မြို့​တိုင်အောင်​လည်းကောင်း​၊ 2နဿလိ​ပြည်​တစ်လျှောက်လုံး​၊ ဧဖရိမ်​နှင့်​မနာရှေ​ပြည်​၊ ယုဒ​ပြည်​တစ်လျှောက်လုံး​မှစ၍ အနောက်ဘက် ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ 3နေဂေ့​အရပ်​နှင့် စွန်ပလွံ​မြို့​ဟု​ခေါ်​သော​ဂျေရိခေါ​မြို့​၏​ချိုင့်ဝှမ်း​ဒေသ​မှ ဇောရ​မြို့​တိုင်အောင်​လည်းကောင်း ပြည်​တစ်ပြည်လုံး​ကို ပြ​တော်မူ​၏​။ 4ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​သည်​နှင့်အညီ ဤ​ပြည်​ကား ‘သင်​၏​သားစဉ်မြေးဆက်​တို့​အား ငါ​ပေး​မည်​’​ဟု ကတိထား​သော​ပြည်​ဖြစ်​၏​။ သင့်​မျက်စိ​ဖြင့်​တွေ့မြင်​ခွင့်​ကို ငါ​ပေး​သော်လည်း သင်​သည် ထို​ပြည်​သို့​ကူးသွား​ရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။
5ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​သည် မောဘ​ပြည်​ရှိ ထို​တောင်​ပေါ်၌​သေဆုံး​လေ​၏​။ 6ဗက်ပေဂုရ​အရပ်​နှင့်​မျက်နှာချင်းဆိုင် မောဘ​ပြည်​ရှိ​ချိုင့်ဝှမ်း​၌ သူ့​ကို သင်္ဂြိုဟ်​တော်မူ​၏​။ သူ့​ကို​သင်္ဂြိုဟ်သောနေရာ​ကို ယနေ့​တိုင်အောင် မည်သူ​မျှ​မ​သိ​။ 7မောရှေ​သေဆုံး​သောအခါ အသက်​တစ်ရာ့​နှစ်ဆယ်​ရှိ​၏​။ သူ​၏​မျက်စိ​မ​မှုန်​၊ သူ​၏​ခွန်အား​လည်း မ​လျော့​သေး​။ 8အစ္စရေး​အမျိုးသား​တို့​သည် မောဘ​လွင်ပြင်​၌ မောရှေ​အတွက် ရက်​ပေါင်း​သုံးဆယ်​ငိုကြွေး​ကြ​၏​။ ဤသို့ဖြင့် မောရှေ​အတွက် ငိုကြွေး​မြည်တမ်း​သော​နေ့ရက်​များ​ပြီးဆုံး​လေ​၏​။
9မောရှေ​သည် နုန်​၏​သား ယောရှု​အပေါ် လက်တင်​ခဲ့​သောကြောင့် ယောရှု​သည် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​၏​စကား​ကို​နားထောင်​၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း​ပြု​ကြ​၏​။ 10ထို​အချိန်​မှစ၍ အစ္စရေး​လူမျိုး​တွင် မောရှေ​ကဲ့သို့ ထာဝရဘုရား​အား တရင်းတနှီး​သိကျွမ်း​သော ပရောဖက်​တစ်ပါး​မျှ မ​ပေါ်ထွန်း​တော့​ပေ​။ 11ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​အပေါင်း​တို့​နှင့် သူ​၏​ပြည်သား​အပေါင်း​တို့​ရှေ့​တွင် နိမိတ်လက္ခဏာ​၊ အံ့ဩဖွယ်အမှု ရှိသမျှ​တို့​ကို​ပြု​ရန် ထာဝရဘုရား​သည် မောရှေ​အား အီဂျစ်​ပြည်​သို့ စေလွှတ်​တော်မူ​ခဲ့​၏​။ 12မောရှေ​သည်​လည်း တန်ခိုးကြီး​သော​အမှု​ရှိသမျှ​၊ ကြီးမား​ကြောက်ရွံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့​ရှေ့မှောက်​၌ ပြု​ခဲ့​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in