YouVersion Logo
Search Icon

ဓမ္မရာဇဝင်စတုတ္ထစောင် 12

12
ယုဒဘုရင်ယဟောရှမင်းကြီး
1ယေဟု​မင်းကြီး​နန်းတက်​ပြီး ခုနစ်​နှစ်​အကြာ​တွင် ယဟောရှ#12:1 “ယောရှ” (၆ရာ ၂၄:၁)။​နန်းတက်​၍ ဂျေရုဆလင်​မြို့​တွင် အနှစ်​လေးဆယ် စိုးစံ​၏​။ မယ်တော်​ကား ဗေရရှေဘ​မြို့သူ ဇိဗိ​အမည်​ရှိ​၏​။ 2ယဟောရှ#12:2 “ယောရှ” (၆ရာ ၂၄:၂)။​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​သွန်သင်​သည့်​ကာလ​ပတ်လုံး ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။ 3သို့သော် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို မ​ဖယ်ရှား​သဖြင့် လူ​တို့​သည် ထို​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​တွင် ယဇ်ပူဇော်​ခြင်း​၊ နံ့သာပေါင်း​မီးရှို့ပူဇော်​ခြင်း​တို့​ကို ပြု​ကြ​၏​။
ထာဝရဘုရား၏အိမ်တော်ကိုပြုပြင်ခြင်း
4ယဟောရှ#12:4 သို့မဟုတ် “ယောရှ”။​မင်းကြီး​က ယဇ်ပုရောဟိတ်​တို့​အား “​စာရင်းဝင်သူ​တိုင်း​ပေး​ရ​မည့်​အလှူ​ငွေ​၊ လူ​တစ်ဦးစီ​၏​တန်ဖိုးဖြတ်​ငွေ​၊ စေတနာ​အလျောက် ထာဝရဘုရား​၏​အိမ်​တော်​သို့ လာရောက်​လှူဒါန်း​သည့်​ငွေ​စသည့် ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​သည့်​သန့်ရှင်း​သော​အလှူငွေ​အားလုံး​ကို 5ယဇ်ပုရောဟိတ်​တို့​သည် ကိုယ်​နှင့်​ရင်းနှီးသူ​များ​ထံမှ လက်ခံယူ​ပြီး အိမ်​တော်​ပျက်စီး​သည်​ကို​တွေ့​လျှင် ထို​အပျက်အစီး​များ​ကို ပြုပြင်​စေ​”​ဟု မိန့်ဆို​၏​။
6သို့သော် ယဇ်ပုရောဟိတ်​တို့​သည် ယဟောရှ#12:6 သို့မဟုတ် “ယောရှ”။​မင်းကြီး​နန်းစံ နှစ်ဆယ့်​သုံး​နှစ်​တိုင်အောင် အိမ်​တော်​အပျက်အစီး​များ​ကို မ​ပြုပြင်​ကြ​။ 7ထို့ကြောင့် ယဟောရှ#12:7 သို့မဟုတ် “ယောရှ”။​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​နှင့် အခြား​ယဇ်ပုရောဟိတ်​တို့​ကို ဆင့်ခေါ်​၍ “​အိမ်​တော်​အပျက်အစီး​များ​ကို အဘယ်ကြောင့် မ​ပြုပြင်​ကြ​သနည်း​။ ယခု ကိုယ်​နှင့်​ရင်းနှီးသူ​တို့​ထံမှ ငွေ​ကို​မ​ယူ​ဘဲ အိမ်​တော်​အပျက်အစီး​ကို​ပြုပြင်​ရန်​အတွက် ကိုယ့်​ငွေ​ကို ပေးအပ်​ကြ​လော့​”​ဟု မိန့်ဆို​၏​။ 8ယဇ်ပုရောဟိတ်​တို့​က​လည်း လူ​တို့​ထံမှ​ငွေ​ကို နောက်ထပ်​မ​ကောက်ယူ​ပါ​၊ အိမ်​တော်​အပျက်အစီး​များ​ကို မ​ပြုပြင်​ပါ​ဟု သဘောတူ​ကြ​၏​။
9ထို့နောက် ယဇ်ပုရောဟိတ်​ယောယဒ​သည် သေတ္တာ​တစ်​လုံး​ကို ယူ​၍ အဖုံး​တွင်​အပေါက်​ဖောက်​ထား​ပြီး ထာဝရဘုရား​အိမ်​တော်​သို့​ဝင်​ရာ​လမ်း​၏​ညာဘက် ယဇ်ပလ္လင်​အနား​တွင် ထား​၏​။ တံခါးစောင့်​ယဇ်ပုရောဟိတ်​တို့​သည်​လည်း ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​သော​ငွေ​အားလုံး​ကို ထို​သေတ္တာ​ထဲသို့ ထည့်​ကြ​၏​။ 10ထို​သေတ္တာ​ထဲတွင် ငွေ​အမြောက်အမြား​ရှိ​လာ​သည်​ကို မြင်​လျှင် ဘုရင့်​စာရေးတော်ကြီး​နှင့် ယဇ်ပုရောဟိတ်​မင်း​တို့​သည် လာ​၍ ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော​ငွေ​များ​ကို အိတ်​ထဲ​ထည့်​ပြီး ရေတွက်​လေ​၏​။ 11ထို့နောက် ရေတွက်​ပြီး​သော​ထို​ငွေ​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​အဖို့ ခန့်ထား​သော​အလုပ်ကြီးကြပ်သူ​တို့​လက်​သို့ အပ်​၏​။ အလုပ်ကြီးကြပ်သူ​တို့​လည်း ထို​ငွေ​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် အလုပ်လုပ်​သော လက်သမား​များ​၊ ဆောက်လုပ်ရေးသမား​များ​၊ 12ပန်းရန်သမား​များ​၊ ကျောက်ဆစ်သမား​များ​ကို ပေး​၏​။ ထာဝရဘုရား​၏​အိမ်​တော်​အပျက်အစီး​များ​ကို ပြုပြင်​ရာ​၌​လိုအပ်​သော ဆစ်ပြီးသားကျောက်​များ​၊ သစ်သား​များ​ကို ထို​ငွေ​ဖြင့် ဝယ်ယူ​၏​။ အိမ်​တော်​ပြုပြင်​ရာ​တွင် အခြား​ကုန်ကျစရိတ်​အားလုံး​အတွက် အသုံးပြု​၏​။
13သို့သော် ထာဝရဘုရား​၏​အိမ်​တော်​အတွက် ငွေ​ဇလုံ​များ​၊ မီးညှပ်​များ​၊ အင်တုံ​များ​၊ တံပိုးခရာ​များ​၊ ရွှေထည်​ငွေထည်​ပစ္စည်း​များ စသည်​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့​ယူဆောင်​လာ​သော​ငွေ​များ​ဖြင့် မ​ပြုလုပ်​ပေ​။ 14ထို​ငွေ​များ​သည် အလုပ်​လုပ်​သူ​များ​ကို ပေး​ရန်​နှင့် ထာဝရဘုရား​၏​အိမ်​တော်​ကို ပြုပြင်​ဖို့​ရန်​အတွက်​သာ ဖြစ်​၏​။ 15အလုပ်​လုပ်​သူ​တို့​ကို ပေး​ရန် ငွေ​လက်ခံယူ​သော​သူ​တို့​သည် သစ္စာရှိ​စွာ​လုပ်ဆောင်​ကြ​သောကြောင့် စာရင်းရေးမှတ်​ပြုစု​ရန်​မ​လို​ပေ​။ 16အပြစ်ဒဏ်ဖြေရာယဇ်​၊ အပြစ်ဖြေရာယဇ်​တို့​မှ​ရ​သော​ငွေ​များ​မှာ ယဇ်ပုရောဟိတ်​တို့​အတွက်​သာ​ဖြစ်​၍ ထာဝရဘုရား​၏​အိမ်​တော်​သို့ မ​သွင်း​ကြ​။
ဆီးရီးယားလူတို့က ယုဒပြည်ကို ကျူးကျော်တိုက်ခိုက်ခြင်း
17ထို​ကာလ​တွင် ဆီးရီးယား​ဘုရင် ဟာဇေလ​မင်းကြီး​သည် ဂါသ​မြို့​ကို ချီတက်​တိုက်ခိုက်​သိမ်းပိုက်​၏​။ ထို့နောက်မှ ဟာဇေလ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့ ဆက်လက်​ချီတက်​ရန် ဦးတည်​လေ​၏​။ 18ထိုအခါ ယုဒ​ဘုရင်​ယဟောရှ#12:18 သို့မဟုတ် “ယောရှ”။​မင်းကြီး​သည် ဘိုးဘေး​များ​ဖြစ်​သော ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၊ ယဟောရံ​မင်းကြီး​၊ အာခဇိ​မင်းကြီး​တို့ ဆက်ကပ်​ခဲ့​သော​သန့်ရှင်း​သော​အလှူ​များ​နှင့် သူ​ကိုယ်တိုင်​လှူ​ထား​သော​သန့်ရှင်း​သော​အလှူပစ္စည်း​များ​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​တို့​တွင်​ရှိ​သော ရွှေ​အားလုံး​ကို ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​ထံ ပို့လိုက်​၏​။ ထိုအခါ ဟာဇေလ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​မှ ပြန်လည်​ဆုတ်ခွာ​သွား​လေ​၏​။
ယောရှမင်းကြီးအား လုပ်ကြံသတ်ဖြတ်ခြင်း
19ကျန်ရှိ​နေ​သော ယောရှ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#12:19 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 20ယောရှ​မင်းကြီး​အမှုထမ်း​တို့​သည် ထကြွပုန်ကန်​ဖို့ လျှို့ဝှက်ကြံစည်​ပြီး သိလ​အရပ်​သို့​သွား​ရာ​လမ်း​ရှိ ဗက်မိလ္လော​စံအိမ်​တွင် သူ့​ကို လုပ်ကြံ​လေ​၏​။ 21သူ​၏​အမှုထမ်း​များ​ဖြစ်​သော ရှိမတ်​၏​သား​ယောဇကာ​နှင့် ရှောမာ​၏​သား​ယဟောဇဗဒ်​တို့​က​ပင် သူ့​ကို​လုပ်ကြံ​လိုက်​ခြင်း​ဖြစ်​၏​။ သူ​သည် အနိစ္စရောက်​၍ ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in