YouVersion Logo
Search Icon

ဓမ္မရာဇဝင်တတိယစောင် 6

6
ဗိမာန်တော်တည်ဆောက်ခြင်း
1ရှောလမုန်​မင်းကြီး​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး နှစ်​ပေါင်း​လေး​ရာ​ရှစ်ဆယ်​အကြာ​၊ အစ္စရေး​လူမျိုး​တို့​ကို​အုပ်ချုပ်​သည့် လေး​နှစ်​မြောက်​၊ ဇိဖ​ဟု​ခေါ်​သော ဒုတိယ​လ​တွင် ထာဝရဘုရား​အဖို့ အိမ်​တော်​ကို စတင်​တည်ဆောက်​၏​။ 2ထာဝရဘုရား​အဖို့ ရှောလမုန်​မင်းကြီး​တည်ဆောက်​သော​အိမ်​တော်​မှာ အလျား​အတောင်​ခြောက်ဆယ်#6:2 “1080 လက်မ သို့မဟုတ် 2700 စင်တီမီတာ”။​၊ အနံ​အတောင်​နှစ်ဆယ်#6:2 “360 လက်မ သို့မဟုတ် 900 စင်တီမီတာ”။​၊ အမြင့်​အတောင်​သုံးဆယ်#6:2 “540 လက်မ သို့မဟုတ် 1350 စင်တီမီတာ”။​ရှိ​၏​။ 3အိမ်​တော်​၏​ပင်မဆောင်​ရှေ့​ဆင်ဝင်​သည် အိမ်​တော်​မျက်နှာစာ​အကျယ်​ရှိ​သည့်​အတိုင်း အလျား​အတောင်​နှစ်ဆယ်​၊ အနံ​မှာ အိမ်​တော်​ရှေ့​၌ အတောင်​တစ်ဆယ်#6:3 “180 လက်မ သို့မဟုတ် 450 စင်တီမီတာ”။​ရှိ​၏​။ 4အိမ်​တော်​ထဲတွင် အလင်းဝင်ပေါက်​ဖြစ်​သော ပြတင်းပေါက်​ငယ်​များ​ကို​လည်း ဆောက်လုပ်​၏​။
5အိမ်​တော်​နံရံ​နှင့်​ကပ်​လျက် အခန်း​များ ပတ်ပတ်လည်​ဆောက်​ထား​၏​။ ထို​အခန်း​များ​ကို အိမ်​တော်​၏​ပင်မဆောင်​နှင့် သန့်ရှင်းရာဌာန​နံရံ​များ​တွင် ပတ်ပတ်လည်​ဆောက်​ထား​၏​။ 6အောက်ဆုံးထပ်​အခန်း​မှာ အနံ​ငါး​တောင်#6:6 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။​၊ အလယ်ထပ်​အခန်း​မှာ အနံ​ခြောက်​တောင်#6:6 “108 လက်မ သို့မဟုတ် 270 စင်တီမီတာ”။​၊ တတိယထပ်​အခန်း​မှာ အနံ​ခုနစ်​တောင်#6:6 “126 လက်မ သို့မဟုတ် 315 စင်တီမီတာ”။​ရှိ​၏​။ အိမ်​တော်​နံရံ​ကို ဖောက်​မ​ဝင်​ဘဲ အိမ်​တော်​အပြင်​နံရံ​ပတ်ပတ်လည်​တွင် အခန်း​ကို​ထောက်ပင့်​ထား​သော​ဆင့်​တို့​ကို ပြုလုပ်​ထား​၏​။ 7အိမ်​တော်​ကို​တည်ဆောက်​ရာ​တွင် ကျောက်တွင်း​မှ ဆစ်​ပြီးသား​ကျောက်​များ​ကို​သာ အသုံးပြု​၏​။ ထို့ကြောင့် အိမ်​တော်​တည်ဆောက်​ချိန်​တွင် တူ​၊ ပုဆိန်​စသော သံထည်​ကိရိယာ​တို့​၏​ထုသံနှက်သံ​ကို​မျှ မ​ကြား​ရ​။
8မြေညီထပ်#6:8 တိုက်ရိုက်ပြန်ဆိုလျှင် “အလယ်ထပ်”။​ရှိ​ဝင်ပေါက်​မှာ အိမ်​တော်​၏​ယာဘက်​ခြမ်း​တွင်​ရှိ​၏​။ ကြောင်လိမ်လှေကား​ဖြင့် အလယ်ထပ်​၊ တတိယထပ်​တို့​သို့ တက်ရောက်​နိုင်​၏​။ 9ဤသို့ အိမ်​တော်​ကို​တည်ဆောက်​ပြီးစီး​ပြီးမှ အိမ်​တော်​အမိုးမျက်နှာကြက်​ကို သစ်ကတိုးသား ထုပ်တန်း​များ​၊ ပျဉ်ချပ်​များ​ဖြင့် ပြုလုပ်​၏​။ 10အိမ်​တော်​ပတ်ပတ်လည်​တွင် အမြင့်​ငါး​တောင်​ရှိ​သော​အခန်းငယ်​များ ဆောက်လုပ်​ထား​ပြီး ထို​အခန်း​များ​ကို သစ်ကတိုးသား​ရက်မ​များ​ဖြင့် အိမ်​တော်​နှင့်​တွဲဆက်​ထား​၏​။
11တစ်နေ့တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ရှောလမုန်​မင်းကြီး​ထံသို့​ရောက်လာ​၍ 12“​ဤ​အိမ်​တော်​ကို သင်​တည်ဆောက်​ခဲ့​သည့်​အတိုင်း သင်​သည် ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို လိုက်နာ​၍ ပညတ်တော်​ရှိသမျှ​ကို စောင့်ထိန်း​မည်​ဆို​လျှင် သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၌ ထား​ခဲ့​သော​ကတိ​တော်​များ​ကို သင်​၌ ငါ​တည်​စေ​မည်​။ 13အစ္စရေး​အမျိုးသား​တို့​၌ ငါ​ကိန်းဝပ်​မည်​။ ငါ့​လူမျိုး​တော်​အစ္စရေး​ကို ငါ​မ​စွန့်ပစ်​”​ဟု မိန့်​တော်မူ​၏​။
14ထို့ကြောင့် ရှောလမုန်​မင်းကြီး​သည် ဤ​အိမ်​တော်​ကို ပြီးစီး​သည့်​တိုင် ဆောက်လုပ်​ခဲ့​ခြင်း​ဖြစ်​၏​။ 15အိမ်​တော်​အတွင်း​နံရံ​ကို သစ်ကတိုး​ပြား​များ​ဖြင့် တည်ဆောက်​၏​။ အိမ်​တော်​ကြမ်းပြင်​မှ မျက်နှာကြက်​အထိ အတွင်း​နံရံ​များ​ကို သစ်သား​များ​ဖြင့် အုပ်​ထား​၏​။ အိမ်​တော်​ကြမ်းခင်း​ကို​မူ ထင်းရှူးပြား​များ​ဖြင့် ခင်း​ထား​၏​။ 16အိမ်​တော်​အတွင်းပိုင်း​အတောင်​နှစ်ဆယ်​ကို အခန်းဖွဲ့​၍ ကြမ်းခင်း​မှ​မျက်နှာကြက်​အထိ သစ်ကတိုးပြား​များ​ဖြင့် ကာ​ထား​၏​။ ဤ​အခန်း​သည် အိမ်​တော်​အတွင်းပိုင်း​တွင် ဆောက်လုပ်​ထား​ပြီး သန့်ရှင်းရာဌာန​၊ အသန့်ရှင်းဆုံးဌာန​အဖို့​ဖြစ်​၏​။ 17ထို​အခန်း​ရှေ့​ဘက်​ရှိ​ပင်မဆောင်​သည် အတောင်​လေးဆယ်#6:17 “720 လက်မ သို့မဟုတ် 1800 စင်တီမီတာ”။​ရှည်​၏​။ 18အိမ်​တော်​အတွင်းပိုင်း​တွင် ကျောက်သား​များ​မ​ပေါ်​အောင် သစ်ကတိုးသား​ကို​အုပ်ထား​၏​။ ထို​သစ်ကတိုးသား​ပေါ်တွင် သစ်သီးပုံ​၊ ပန်းပွင့်ပုံ​များ ထွင်းထု​ထား​၏​။
19ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထား​ရန် အိမ်​တော်​အတွင်းဆုံးပိုင်း​တွင် သန့်ရှင်းရာဌာန​ကို ပြင်ဆင်​ထား​၏​။ 20အလျား​အတောင်​နှစ်ဆယ်​၊ အနံ​အတောင်​နှစ်ဆယ်​၊ အမြင့်​အတောင်​နှစ်ဆယ်​ရှိ​သော သန့်ရှင်းရာဌာန#6:20 တိုက်ရိုက်ပြန်ဆိုလျှင် “သန့်ရှင်းရာဌာနအရှေ့”။​ကို ရွှေ​စင်​ဖြင့် မွမ်းမံ​ထား​ပြီး ယဇ်ပလ္လင်​ကို သစ်ကတိုးသား​ဖြင့်​လုပ်​၏​။ 21ဤသို့ ရှောလမုန်​မင်းကြီး​သည် အိမ်​တော်​အတွင်းပိုင်း​ကို ရွှေ​စင်​နှင့်​မွမ်းမံ​ထား​ပြီး သန့်ရှင်းရာဌာန​၏​မျက်နှာစာ​တွင် ရွှေ​ကြိုး​များ သွန်းလုပ်​သွယ်တန်း​ထား​၏​။ 22အိမ်​တော်​တစ်ခုလုံး​ကို ရွှေ​အတိ​နှင့်​ပြီး​စေ​၏​။ သန့်ရှင်းရာဌာန​ရှိ ယဇ်ပလ္လင်​တစ်ခုလုံး​ကို​လည်း ရွှေ​ဖြင့်​မွမ်းမံ​ထား​၏​။
23အမြင့်​ဆယ်​တောင်​စီ​ရှိ​သော​ခေရုဗိမ်#6:23 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​နှစ်​ပါး​ကို သံလွင်သား​ဖြင့်​ထုလုပ်​၍ သန့်ရှင်းရာဌာန​တော်​တွင်​ထား​၏​။ 24ထို​ခေရုဗိမ်#6:24 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တစ်ပါး​၏​အတောင်ပံ​သည် တစ်ဖက်​လျှင် ငါး​တောင်​ရှိ​ပြီး တောင်ပံ​တစ်ဖက်​ထိပ်​မှ​အခြား​တစ်ဖက်​ထိပ်​အထိ ဆယ်​တောင်​ရှိ​၏​။ 25နောက်​ခေရုဗိမ်#6:25 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တစ်ပါး​၏​အတောင်ပံ​သည်​လည်း ဆယ်​တောင်​ရှိ​၏​။ ခေရုဗိမ်​နှစ်​ပါး​စလုံး​မှာ အရွယ်အစား​တူ​၊ ပုံစံ​လည်း​တူ​၏​။ 26ပထမ​ခေရုဗိမ်#6:26 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​နှင့် ဒုတိယ​ခေရုဗိမ်​နှစ်ပါးစလုံး​သည် ဆယ်​တောင်​စီ အမြင့်​ရှိ​၏​။ 27ထို​ခေရုဗိမ်#6:27 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တို့​ကို အိမ်​တော်​အတွင်းခန်း​တွင် ထားရှိ​၏​။ ခေရုဗိမ်​၏​အတောင်ပံ​တို့​သည် ဖြန့်​လျက်​နေ​၍ တစ်ပါး​၏​အတောင်ပံ​သည် နံရံ​တစ်ဖက်​ကို​ထိ​၍ အခြား​တစ်ပါး​၏​အတောင်ပံ​သည် နံရံ​အခြား​တစ်ဖက်​ကို​ထိ​နေ​၏​။ ကျန်​တောင်ပံ​နှစ်​ခု​မှာ အခန်း​အလယ်​တွင် အချင်းချင်း​ထိစပ်​လျက်​ရှိ​၏​။ 28ထို​ခေရုဗိမ်#6:28 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တို့​ကို ရွှေ​ဖြင့်​မွမ်းမံ​ထား​၏​။
29အိမ်​တော်​အတွင်းခန်း​၊ အပြင်ခန်း​နံရံ​ပတ်ပတ်လည်​တွင် ခေရုဗိမ်#6:29 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ပုံ​၊ စွန်ပလွံပင်​ပုံ​၊ ပန်းပွင့်ပုံ​များ​ကို ပန်းပု​လက်ရာမြောက်​အောင် ထွင်းထု​ထား​၏​။ 30အိမ်​တော်​အတွင်းခန်း​၊ အပြင်ခန်း​တို့​၏​ကြမ်းခင်း​များ​ကို​လည်း ရွှေ​ဖြင့်​မွမ်းမံ​ထား​၏​။
31သန့်ရှင်းရာဌာန​၏​အဝင်ဝ​တံခါး​ကို သံလွင်သား​ဖြင့် ပြုလုပ်​ထား​ပြီး တံခါးတိုင်​၌ ကျည်းဘောင်​ငါး​ထပ်​ပါရှိ​၏​။ 32သံလွင်သား​တံခါးရွက်​နှစ်​ရွက်​တွင် ခေရုဗိမ်#6:32 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ပုံ​၊ စွန်ပလွံပင်​ပုံ​၊ ပန်းပွင့်ပုံ​တို့​ကို ပန်းပု​လက်ရာမြောက်​စွာ​ထုလုပ်​ထား​ပြီး ရွှေ​ဖြင့်​မွမ်းမံ​ထား​၏​။ ခေရုဗိမ်ပုံ​နှင့် စွန်ပလွံပင်​ပုံ​တို့​ကို ရွှေ​ဖြင့်​ကပ်​ထား​၏​။ 33ထိုနည်းတူ ပင်မဆောင်​ဝင်ပေါက်​ကို သံလွင်သား​ဖြင့်​ပြုလုပ်​ထား​၍ တံခါးတိုင်​၌ ကျည်းဘောင်​လေးထပ်​ရှိ​၏​။ 34တံခါးချပ်​နှစ်​ချပ်​ကို ထင်းရှူးသား​နှင့်​ပြုလုပ်​ထား​ပြီး တံခါးချပ်​တစ်​ချပ်​စီ​တွင် ခေါက်​၍​ရ​သော​တံခါးရွက်​နှစ်​ရွက်​စီ ပါရှိ​၏​။ 35တံခါးချပ်​များ​ပေါ်တွင် ခေရုဗိမ်#6:35 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ပုံ​၊ စွန်ပလွံပင်​ပုံ​၊ ပန်းပွင့်ပုံ​များ ထွင်းထု​ထား​ပြီး ထို​ရုပ်လုံး​တို့​အပေါ်​၌ ရွှေ​ဖြင့် သေသပ်​စွာ​မွမ်းမံ​ထား​၏​။ 36အတွင်း​တံတိုင်း​ကို​လည်း ဆစ်​ထား​သော​ကျောက်​သုံး​ဆင့်​၊ သစ်ကတိုးသား​ရက်မ​တစ်​ဆင့်​တို့​ဖြင့် ဆောက်လုပ်​ထား​၏​။
37ဤသို့ဖြင့် ရှောလမုန်​မင်းကြီး​နန်းစံ​လေး​နှစ်​မြောက်​၊ ဇိဖ​လ​တွင် ထာဝရဘုရား​၏​အိမ်​တော်​ကို အုတ်မြစ်ချ​ပြီး 38တစ်ဆယ့်​တစ်​နှစ်​မြောက်​၊ ဗု​လ ဟု​ခေါ်​သော​အဋ္ဌမ​လ​တွင် ရေးဆွဲ​ချမှတ်​ထား​သော​အိမ်​တော်​ပုံစံ​အတိုင်း ဆောက်လုပ်​ပြီးစီး​၏​။ အိမ်​တော်​ကို ခုနစ်​နှစ်​တိုင် ဆောက်လုပ်​ခဲ့​ရ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in