Logo YouVersion
Ikona Hľadať

မာကု 3

3
လတ်တဖတ်သေနေဟှူ လူအကြောန်း
(မဿဲ ၁၂.၉–၁၄; လုကာ ၆.၆–၁၁)
1ယေရှုဟှာ ဝတ်ပြုစည်းဝေးက္လောန်းထဲဟှို ပ္လန်ဝမ်ဟှားဘီးဟှာ၊ အယ်နေရာမာ လတ်တဖတ်သေနေဟှူ လူတယော့‑က်ရှိနေဟှယ်။ 2လူလေဟှာ ယေရှုဟှို စွတ်စွဲဟှို့တွပ် အယ်လူဟှို ဒန်းနေ့မာ အနာပျော့‑က်စေမယ်ဘဲ့လော ဆိုဇာဟှို အနီးကပ် စောန့်ကေ့နေဂေ့ဟှယ်။ 3ယေရှုဟှာ အယ်လူဟှို “လူလေအားလောင်းရှေ့မာ မတ်တပ်ရပ်လိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 4အယ်ဘီးန ယေရှုဟှ “နို့လေရဲ့ ပညတ်တော်ဟှ ဒန်းနေ့မာ ကောန်းဇာလောက်ဟှို့လော၊ ဆိုးဇာလောက်အပ်ဘဲ့လော၊ လူအသတ်ဟှို ကယ်အပ်ဘဲ့လော၊ သတ်အပ်ဘဲ့လော?” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ တိတိဟှားဘဲ့နေဂေ့ဟှယ်။
5ယေရှုဟှာ ဒေါသထွပ်ဘီးဟှာ သူးနို့လေဟှို လှည့်ပတ်ကေ့ဘီး သူးနို့ရဲ့ စိနှလောင်းမာကြောဟှူကြောန့် ရရာတိုင်းဝမ်းနဲဘီး လတ်သေနေလူဟှို “နန့်လတ်ဟှို ဆန့်လိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။ သူဟှလည်း လတ်ဟှို ဆန့်လိုက်ဇာ သူ့လတ်ဟှာ အကောန်းတိုင်း ပ္လန်ဖြစ်ဟှားလေဟှယ်။ 6ဖာရိရှဲလေဟှာ ဝတ်ပြုစည်းဝေးက္လောန်းဟှ ထွပ်ဟှားဂေ့ဘီး ယေရှုဟှိုသတ်ဟှို့ နည်းလမ်းလေဟှို ဟေရုဒ်ဖွဲ့ဝမ်လေန ရှစ်ရှင်းဘဲ့ ဆွေးနွေးတိုင်ဗန်ဂေ့ဟှယ်။
အိုင်နားမာရှိဟှူ လူအောက်ဂီးကြောန်း
7ယေရှုဟှာ တဗဲ့တော်လေနတူးဒူ ဂါလိလဲအိုင်ဟှို သွားလေဟှယ်၊ အယ်ဘီးန လူအောက်ဂီးဟှာ ကိုယ်တော်နော့‑က်ဟှို လိုက်ဂေ့ဟှယ်။ သူးနို့လေဟှာ ဂါလိလဲပြည်၊ ယုဒပြည်ဟှနေ လာဂေ့ဟှယ်။ 8သူးနို့လေဟှ ဂါလိလဲပြည်၊ ယုဒပြည်၊ ယေရုရှလင်ဗြို့၊ က္ကဒုမဲပြည်၊ ယော်ဒန်မြစ်ရဲ့ဟိုဖတ်ကမ်း၊ တုရုနဇိဒုန်ဗြို့ အနီးနားရပ်ဝါလေဟှ လူလေဟှာ ယေရှုလောက်ဟှားဟှူ မှုရာလေဟှို ကြားဟှူခီမာ သူးနို့ဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ 9#မာ ၄.၁; လု ၅.၁–၃လူအောက်ဟှာ ရရာတိုင်းကီးဟှူကြောန့် ယေရှုဟှ သူ့ဟှိုလူလေ တိုက်မိဘဲနေအောန် လှေတစီးဟှို သူ့တွပ်အဆင်သင့်လောက်ဟှားဟှို့ တဗဲ့တော်လေဟှို မိန့်မှာဟှားဟှယ်။ 10ကိုယ်တော်ဟှာ လူနာဘောင်ဂီးဟှို ကျန်းမာစေပီးဘီဖြစ်ဟှူကြောန့်၊ ရောဂါရှိနေဟှူ လူလေဟှ ကိုယ်တော်ဟှို ထိရဟှို့တွပ် တိုးဝမ်လာဂေ့ဟှယ်။ 11ညစ်ညူးဟှူနတ်လေဟှ ကိုယ်တော်ဟှို ဗြင်ဟှူခီမာ၊ ကိုယ်တော့်ရှေ့မာ ပျပ်ဝပ်ဘီးဟှာ “ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့သားတော်ဖြစ်ဟှယ်!” ဆိုဘီး အော်ဟစ်ဂေ့ဟှယ်။
12ယေရှုဟှ သူဖယ်သူဖြစ်ဟှယ်ဆိုဇာ ပြောဘဲနေဟှို့တွပ် ညစ်ညူးဟှူနတ်လေဟှို မိန့်ပေးဘီးပြောလေဟှယ်။
ယေရှုဟှာ တမန်တော်ဆယ့်နှေ့ပါးဟှို ဝီးကော့‑က်ဟှူကြောန်း
(မဿဲ ၁၀.၁–၄; လုကာ ၆.၁၂–၁၆)
13အယ်ဘီးန ယေရှုဟှာ တောန်ထတ်ဟှို ကြွဟှားဘီး လိုရှင်ဟှူလူလေဟှို ခေါ်လိုက်လေဟှယ်။ သူးနို့ဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်၊ 14ကိုယ်တော်ဟှ ဆယ့်နှေ့ပါးဟှို ဝီးလိုက်ဘီး၊ တမန်တော်လေ ဆိုဘီး ခေါ်လေဟှယ်။ ကိုယ်တော်ဟှ “နန်းနို့လေဟှို ငါ့နတူးဒူရှိဟှို့တွပ် ဝီးကော့‑က်ဟှားဟှယ်။ နန်းနို့လေဟှို ကြော်ငြာဟှို့တွပ်လည်း ငါလွှတ်မယ်၊ 15နတ်ဆိုးလေဟှို နှန်ထုနိုင်ဟှူ အခွမ့်အာဏာဟှိုလည်း ငါပေးမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
16ကိုယ်တော်ဝီးကော့‑က်ဟှားဟှူ ဆယ့်နှေ့ပါးဟှ ပေတရု ဆိုဘီး ယေရှုဟှ နာမယ်ပေးဟှားဟှူ ရှိမုန်၊ 17ဇေဗေဒဲရဲ့ သားနှေ့ယော့က်ဖြစ်ဟှူ ယာကုပ်န သူ့ညီယောဟန် (မိုးကြိုးရဲ့သားလေ ဆိုဘီး အဓိပ္ပာယ်ရှိဟှူ ဗောနေရဂတ် ဆိုဘီး ယေရှုဟှ နာမယ်ပေးဟှားဟှယ်)၊ 18အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲရဲ့သားယာကုပ်၊ သဒ္ဒဲ၊ မျိုးရှစ်ပေါက်ကို ရှိမုန်န၊ 19ယေရှုဟှို သစ်စာဖော့‑က်ဟှူ ယုဒရှကာရုတ်ဖြစ်ဟှယ်။
ယေရှုနဗေလဇေဗုလကြောန်း
(မဿဲ ၁၂.၂၂–၃၂; လုကာ ၁၁.၁၄–၂၃; ၁၂.၁၀)
20အယ်ဘီးန ယေရှုဟှ အီဟှို ပ္လန်ဟှားဟှယ်။ ရရာတိုင်းများဟှူ လူအောက်ဂီးဟှာ ပ္လန်ဘီးဟှာ စုလာဂေ့ဟှူကြောန့် ယေရှုန တဗဲ့တော်လေဟှ စာစားဟှို့ ခီမှေ့ဟန်း။ 21လူလေဟှ “ကိုယ်တော်ဟှာ စိဖော့‑က်ပ္လန်ဟှားဘီ” ဆိုဘီး ပြောနေဂေ့ဟှူကြောန့်၊ ကိုယ်တော်ရဲ့မိသားစုဟှာ အယ်ကြောန်းဟှို ကြားဟှူခီမာ၊ သူးနို့ဟှာ ကိုယ်တော်ဟှို ထီးသီးဟှို့တွပ် လိုက်လာဂေ့ဟှယ်။
22 # မ ၉.၃၄; ၁၀.၂၅ ယေရုရှလင်ဗြို့ဟှနေ ရော့‑က်လာဟှူ ကျမ်းတတ်ဆရာလေတချို့ဟှ “ကိုယ်တော်ဟှာ ဗေလဇေဗုလနတ်ပူးနေဟှယ်! နတ်ဆိုးမန်းဟှ ပေးဟှားဟှူတဂိုးအားဖြင့် နတ်ဆိုးလေဟှို နှန်ထုဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
23အယ်ကြောန့် ယေရှုဟှာ သူးနို့လေဟှို ခေါ်ဘီးဟှာ ဥပမာဆောန်ဘီး ပြောလိုက်ဇာဟှ “စာတန်ဟှ စာတန်ဟှို ဖယ်မျိုးနှန်ထုနိုင်ဟှို့နူး? 24နိုင်ငံတနိုင်ငံဟှာ အောက်စု တစုနတစု တိုက်ခိုက်ဘီး ကွဲပြားနေမယ်ဆိုဟှာ၊ အယ်နိုင်ငံဟှာ ဖယ်မျိုးလည်း ရပ်တည်နိုင်ဟှို့မှုဟှ။ 25အီသူအီသားလေဟှာလည်း အောက်စု တစုနတစု တိုက်ခိုက်ဘီး ကွဲပြားနေမယ်ဆိုဟှာ၊ အယ်မိသားစုဟှာ ဖယ်မျိုးလည်း ရပ်တည်နိုင်ဟှို့မှုဟှ။ 26အယ်မျိုးဘဲ့ စာတန်ရဲ့နိုင်ငံဟှာ အောက်စုလေ ကွဲပြားနေမယ်ဆိုဟှာ၊ အယ်နိုင်ငံဟှာ ရပ်တည်နိုင်ဘဲန ပျစ်စီးဟှားလေ့မယ်။
27“ခွန်အားကီးဟှူလူဟှို အရင်ခယ်ဘဲန ဖယ်သူလည်း ခွန်အားကီးဟှူလူရဲ့အီဟှို ဝမ်ဘီးဟှာ သူ့အောက်စာလေဟှို လုယူနိုင်ဟှို့မှုဟှ၊ သူ့ဟှို ခယ်ဘီးမှဘဲ့ သူ့ရဲ့အီဟှို လုယူနိုင်မယ်။
28“နန်းနို့ဟှို ငါအမှန်ပြောမယ်၊ လူလေဟှာ သူးနို့ရဲ့ပြစ်ရှိမျှ#၃.၂၈ သူးနို့ရဲ့ပြစ်ရှိမျှ၊ အယ်မျိုးမှုဘဲ့နေဟှာ ကောန်းဘဲ့ပြောနေဇာဟှာ ဘုရားသခင်ဟှို လွန်ကျူးဘီးပြောဇာဖြစ်ဟှယ်။န ဘုရားသခင်ဟှို ပြစ်မှားပြောဆိုဇာလေ အားလောင်းတွပ် ခွမ့်လွှတ်ခံရမယ်။ 29#လု ၁၂.၁၀အယ်ဘေမဲ့ ဖယ်သူဘဲ့ဖြစ်ဖြစ် သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပြစ်မှားပြောဆိုမယ်ဆိုဟှာ လောင်းဝ အပြစ်လွှတ်လေ့မယ်မှုဟှ၊ ဖြားဖြစ်ကြောန့်ဆိုဟှာ သူဟှာ ထာဝရပြစ်ဟှို ကျူးလွန်ဟှူကြောန့်ဖြစ်ဟှယ်။” 30ယေရှု အယ်မျိုးပြောလိုက်ဇာဟှာ လူတချို့ဟှ “ကိုယ်တော်ထဲမာ ညစ်ညူးဟှူနတ်ရှိနေဟှယ်” ဆိုဘီး ပြောနေဂေ့ဟှူကြောန့်ဖြစ်ဟှယ်။
ယေရှုရဲ့အမိန ညီလေကြောန်း
(မဿဲ ၁၂.၄၆–၅၀; လုကာ ၈.၁၉–၂၁)
31ယေရှုရဲ့အမိန ညီလေဟှာ ရော့‑က်လာဂေ့ဟှယ်။ သူးနို့ဟှာ အီပ္လန်မာ ရပ်နေဘီးဟှာ ကိုယ်တော်ဟှို ခေါ်ဟှို့တွပ် တယော့‑က်ယော့‑က်ဟှို စေလွှတ်လေဟှယ်။ 32လူအောက်ဂီးဟှ ယေရှုရဲ့ဘေးပတ်ပတ်လည်မာ ထိုင်နေဂေ့ဘီး၊ သူးနို့ဟှ “ကိုယ်တော်ရဲ့အမိ၊ ညီလေန ညီမလေဟှ ပ္လန်မာရှိဟှယ်၊ သူးနို့ဟှာ ကိုယ်တော်ဟှို တွိရှင်နေဂေ့ဟှယ်” ဆိုဘီး ကိုယ်တော်ဟှို လျှော့‑က်ဂေ့လေဟှယ်။
33ယေရှုဟှ “ငါ့အမိဟှ ဖယ်သူနူး?” ငါ့ညီအကိုလေဟှ ဖယ်သူနူး? ဆိုဘီး ပ္လန်ဘီးမိန့်တော်မူလေဟှယ်။ 34ကိုယ်တော်ဟှာ သူ့ပတ်ပတ်လည်မာ ထိုင်နေဟှူလူလေဟှို ကေ့ဘီးဟှာ “အယ်လူလေဟှာ ငါ့အမိ၊ ငါ့ညီ၊ ငါ့ညီမဖြစ်ဟှယ်! 35ဘုရားသခင်ရဲ့လိုတော်ဟှို ဆောန်ဟှူလူဟှာ ငါ့ညီ၊ ငါ့ညီမန ငါ့အမိဘဲ့ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။

Aktuálne označené:

မာကု 3: DWBT

Zvýraznenie

Zdieľať

Kopírovať

None

Chceš mať svoje zvýraznenia uložené vo všetkých zariadeniach? Zaregistruj sa alebo sa prihlás