Logo YouVersion
Ikona Hľadať

မာကု 2

2
ယေရှုဟှာ လေဖြတ်ဟှူလူဟှို ကျန်းမာစေဟှူကြောန်း
(မဿဲ ၉.၁–၈; လုကာ ၅.၁၇–၂၆)
1ရစ်နဲနဲကြာဘီးနော့‑က် ယေရှုဟှာ ကပေရနောင်ဗြို့ဟှို ပ္လန်ဝမ်ဟှားဘီး၊ ကိုယ်တော်ဟှာ အီမာရှိနေဟှယ် ဆိုဘီး ဒန်းဟှို လူလေကြားဂေ့ဟှယ်။ 2လူလေဘောင်ဂီးဟှာ ရော့‑က်လာဂေ့ဟှူကြောန့် ခွဗော့‑က်ဝအပ္လန်မာလည်း နေရာလွတ်မှေ့ဟန်း။ ယေရှုဟှာ သူးနို့ဟှို တရားစကားဟှို ဟောပြောနေလေဟှယ်။ 3အယ်ခီမာ လူလေးယော့‑က်ဟှ ရော့‑က်လာဘီး၊ လေဖြတ်နေဟှူ လူတယော့‑က်ဟှို ယေရှုနားဟှို သယ်လာဂေ့ဟှယ်။ 4အယ်ဘေမဲ့လည်း လူအောက်ဂီးကြောန့် သူးနို့ဟှာ အယ်လူဟှို ကိုယ်တော်နားဟှို သယ်ဟှို့တတ်နိုင်ဟန်း။ အယ်ကြောန့် သူးနို့ဟှာ ယေရှုရှိဟှူနေရာထတ်ဟှ ခေါန်မိုးဟှို ပေါ့‑က်ဖော့‑က်လိုက်ဟှယ်။ သူးနို့ဟှာ လေဖြတ်နေဟှူလူ အိနေဟှူထမ်းစင်ဟှို လျှောခ္လဂေ့ဟှယ်။ 5ယေရှုဟှာ သူးနို့လေရဲ့ယောင်ကြည်ရှင်းဟှို ဗြင်ဟှားခီမာ၊ လေဖြတ်နေဟှူလူဟှို “ငါ့သား၊ နန့်ရဲ့အပြစ်လေဟှာ ခွမ့်လွတ်ဇာခံရဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
6အယ်နေရာမာ ထိုင်နေဟှူ ကျမ်းတတ်ဆရာတချို့ဟှ သူးနို့ရဲ့စိထဲမာ စဉ်းစားနေဇာဟှ၊
7“အယ်လူဟှာ ဖြားဖြစ်ကြောန့် အယ်မျိုးပြောနူး! သူဟှာ ပြစ်မှားနေဇာဖြစ်ဟှယ်! ဘုရားသခင်တပါးဘဲ့ အပြစ်လေဟှို လွှတ်ပိုင်နိုင်ဟှယ်!”
8သူးနို့ရဲ့စိထဲမာ အယ်မျိုးစဉ်းစားနေဇာဟှို ယေရှုဟှာ ရှစ်ရှင်းသိဟှူကြောန့် “နန်းနို့လေဟှ ဖြားဖြစ်ကြောန့် အယ်မာဇာလေဟှို စဉ်းစားနေဂေ့နူး? 9လေဖြတ်နေဟှူလူဟှို ‘နန့်ရဲ့အပြစ်လေလွှတ်ဟှားဘီ’ အယ်မျိုးမှုဘဲ့နေဟှာ ‘နန်ထလိုက်၊ နန့်ထမ်းစင်ဟှို ထမ်းဘီးသွားလိုက်’ ဆိုဘီး ဖယ်စကားဟှ ပိုဘီးပြောဟှို့လွယ်နူး? 10အယ်ကြောန့် လူသားဟှာ မ္လေဂီးထတ်မာ အပြစ်လေလွှတ်ဟှို့ အခွမ့်အာဏာရှိဟှယ် ဆိုဇာ နန်းနို့လေဟှို ငါသတ်သေထူပြမယ်။” အယ်ကြောန့် ကိုယ်တော်ဟှ လတ်ခေသေနေဟှူလူဟှို၊ 11“နန့်ဟှို ငါပြောမယ်၊ ထလိုက်၊ နန့်ရဲ့ထမ်းစင်ဟှို ယူဘီးဟှာ၊ အီဟှို ပ္လန်ဟှားလိုက်!” ဆိုဘီး ပြောလေဟှယ်။
12လူလေအားလောင်းဟှာ စောန့်ကေ့နေဒူးမာ၊ အယ်လူဟှာ ထဘီး၊ သူ့ရဲ့ထမ်းစင်ဟှို ယူဘီးဟှာ ထွပ်ဟှားလေဟှယ်။ သူးနို့အားလောင်းဟှာ ရရာတိုင်း အံ့ဩဟှားဘီးဟှာ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဘီး “နို့လေဟှာ အယ်မျိုးဇာဟှို လောင်းဝဗြင်ဖူးဟှ!” ဆိုဘီး ပြောဂေ့ဟှယ်။
ယေရှုဟှာ လေဝိဟှို ခေါ်ဟှူကြောန်း
(မဿဲ ၉.၉–၁၃; လုကာ ၅.၂၇–၃၂)
13ယေရှုဟှာ နော့‑က်တခါ ဂါလိလဲအိုင်နားဟှို ပ္လန်ဟှားလေဟှယ်။ လူအောက်ဂီးဟှ ကိုယ်တော်နားဟှို လာဂေ့ဟှူကြောန့်၊ ကိုယ်တော်ဟှာ သူးနို့ဟှို စဘီးဟှာ သွန်သန်လေဟှယ်။ 14ကိုယ်တော်ဟှာ ဆစ်ဘီးရှော့‑က်သွားဟှူခီမာ၊ အာလဖဲရဲ့သား၊ အခွန်ခံလေဝိဟှာ သူ့ရဲ့ရောင်းမာ ထိုင်နေဇာဟှို ဗြင်ဟှားလေဟှယ်။ ယေရှုဟှ “ငါ့နော့‑က်ဟှို လိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။ လေဝိဟှာ ထဘီး ကိုယ်တော်နော့‑က်ဟှို လိုက်ဟှားဟှယ်။
15အယ်ဘီးန ယေရှုဟှာ လေဝိရဲ့အီမာ#၂.၁၅ လေဝိရဲ့အီမာ၊ အယ်မျိုးမှုဘဲ့နေဟှာ သူ့အီ၊ (ယေရှုရဲ့) အီ။ ညဉ့်ခန်းဇာ စားနေဂေ့ဟှယ်။ အခွန်ကော့‑က်မားလေန အပြစ်သားလေ ဘောင်ဂီးဟှာ ယေရှုနော့‑က်ဟှို လိုက်လာဂေ့ဘီး၊ သူးနို့ထဲဟှတချို့ဟှာ ကိုယ်တော်န တဗဲ့တော်လေနတူးဒူ စားသော့‑က်ဂေ့ဟှယ်။ 16ယေရှုဟှာ ခွန်ကော့‑က်မားလေ၊ အပြစ်သားလေနတူးဒူ စားသော့‑က်နေဇာဟှို ဖာရိရှဲလေ၊ ကျမ်းတတ်ဆရာလေဟှာ ဗြင်ဟှားဘီး “ဖြားဖြစ်ကြောန့် သူဟှ အယ်လူလေန စားသော့‑က်နေရနူး?” ဆိုဘီး တဗဲ့တော်လေဟှို မေးဂေ့ဟှယ်။
17ယေရှုဟှ ကြားဟှားဘီး သူးနို့ဟှို “ကျန်းမာဟှူလူလေဟှ ဆရာဝန်ဟှို လိုဂေ့ဟှ၊ ဖျားနေဟှူလူလေဘဲ့ လိုရှင်ဟှယ်။ ငါဟှာ ဖြောန့်မတ်ဟှူလူလေဟှို ခေါ်ဟှို့လာဇာမှုဟှ၊ အပြစ်သားလေဟှို ခေါ်ဟှို့လာဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
စာရှောန်ဇာနဆိုင်ဟှူမေးခွန်း
(မဿဲ ၉.၁၄–၁၇; လုကာ ၅.၃၃–၃၉)
18တနေ့မာ ဗတ္တိဇံဆရာယောဟန်ရဲ့ တဗဲ့တော်လေန ဖာရိရှဲလေဟှ စာရှောန်နေဂေ့ဟှယ်။ လူတချို့ဟှ ယေရှုနားဟှို လာဘီး “ယောဟန်ရဲ့တဗဲ့လေန ဖာရိရှဲရဲ့တဗဲ့လေဟှာ စာရှောန်ဂေ့ဘီး၊ ကိုယ်တော်ရဲ့တဗဲ့လေဟှ ဖြားဖြစ်ကြောန့် စာရှောန်ဘဲနနေဂေ့နူး?” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
19ယေရှုဟှ “အီတတ်ပွဲမာ သဒို့သားရဲ့ ဧည့်သည်လေဟှာ သဒို့သားနတူးဒူရှိနေဒူးမာ စာရှောန်မယ်ဆိုဘီး မျှော်လင့်နိုင်ဘဲ့လော? သူးနို့ဟှာ သဒို့သားနတူးဒူရှိနေဒူးမာ စာရှောန်နိုင်ဂေ့ဟှ။ 20အယ်ဘေမဲ့ သဒို့သားဟှို သူးနို့နားဟှနေ ယူဆောန်ဟှားဟှူ ခီရော့‑က်လာလေ့မယ်၊ အယ်နေ့မာ သူးနို့ဟှ စာရှောန်ဂေ့လေ့မယ်။
21“ဖယ်သူလည်း အန်းဂီဟောန်းဟှို ပိစသစ်နဖာလေ့မှေ့ဟှ၊ ဖြားဖြစ်ကြောန့်ဆိုဟှာ ဖာဟှားဟှူပိစသစ်ဟှ အန်းဂီဟောန်းဟှို စုဖ္လဲဘီးဟှာ၊ ပိုဆိုးဟှားလေ့မယ်။ 22အယ်မျိုးဘဲ့ စဗျစ်ရယ်သစ်ဟှို သားရေဖူးဟောန်းထဲမာ ထဲ့လေ့မှေ့ဟှ၊ ထဲ့မယ်ဆိုဟှာ စဗျစ်ရယ်သစ်ဟှ၊ သားရေဖူးဟောန်းဟှို ပေါ့‑က်ပ္လဲစေဘီး၊ စဗျစ်ရယ်န သားရေဖူး နှေ့ခုလောင်းဟှာ ပျစ်စီးဟှားလေ့မယ်။ အယ်မျိုးလောက်မယ့်အစား စဗျစ်ရယ်သစ်ဟှို သားရေဖူးသစ်ထဲမာ ထဲ့ရမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ဒန်းနေ့နဆိုင်ဟှူမေးခွန်း
(မဿဲ ၁၂.၁–၈; လုကာ ၆.၁–၅)
23ဒန်းနေ့မာ ယေရှုဟှာ လယ်ဂွပ်လေဟှို ဖြတ်ရှော့‑က်နေလေဟှယ်။ ကိုယ်တော်ရဲ့ တဗဲ့တော်လေနတူးဒူ သွားနေဟှူခီမာ၊ သူးနို့ဟှာ စဘီးဟှာ ဗားနှံလေဟှို ဆွတ်ဂေ့ဟှယ်။ 24ဖာရိရှဲလေဟှ “ဒန်းနေ့မာ လောက်အပ်ဘဲဟှူဇာဟှို ကိုယ်တော့်ရဲ့ တဗဲ့တော်လေဟှ ဖြားဖြစ်ကြောန့် လောက်ဂေ့နူး?” ဆိုဘီး ယေရှုဟှို မေးလျှော့‑က်ဂေ့ဟှယ်။
25ယေရှုဟှ “ဒါဝိဒ်ဟှ စားဟှို့ တခုခု လိုအပ်လာဟှူခီမာ၊ သူဟှာ ဖယ်မျိုးလောက်ခဲ့ဇာဟှို နန်းနို့ လောင်းဝဖတ်ဖူးဟှလော? သူ့န သူ့ရဲ့လူလေဟှာ ဗိုက်ဆာလာဟှူကြောန့်၊ 26သူဟှာ ဘုရားသခင်ရဲ့အီတော်ထဲဟှို ဝမ်ဟှားဘီး ဘုရားသခင်ဟှို ဆစ်ကပ်ဟှားဟှူမုဟှို စားဂေ့ဟှယ်။ အယ်မာဇာဟှာ ယဇ်ပုရောဟိတ်မန်း အဗျာသာလတ်ထတ်မာ ဖြစ်ပျစ်ခဲ့ဟှယ်။ နို့လေရဲ့ပညတ်တရား အတိုင်းဆိုဟှာ အယ်မုဟှို ယဇ်ပုရောဟိတ်လေဘဲ့ စားခွမ့်ရှိဟှယ် — အယ်ဘေမဲ့ ဒါဝိဒ်ဟှာ အယ်မုဟှို စားဘီးဟှာ သူ့ရဲ့လူလေဟှိုလည်း ပေးလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
27အယ်ဘီးန ယေရှုဟှာ “ဒန်းနေ့ဟှာ လူလေတွပ်ဘဲ့ ဖြစ်ဟှယ်၊ လူဟှာ ဒန်းနေ့တွပ် ဖြစ်ဇာမှုဟှ။ 28အယ်ကြောန့် လူသားဟှာ ဒန်းနေ့ရဲ့သခင်ဖြစ်ဟှယ်” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။

Aktuálne označené:

မာကု 2: DWBT

Zvýraznenie

Zdieľať

Kopírovať

None

Chceš mať svoje zvýraznenia uložené vo všetkých zariadeniach? Zaregistruj sa alebo sa prihlás

YouVersion používa súbory cookies na prispôsobenie tvojho zážitku. Používaním našej webovej stránky súhlasíš s používaním cookies tak, ako je popísané v našich Zásadách ochrany osobných údajov