အရှင်ယေရှုဘုရားကို ဘာကြောင့်လိုအပ်တာလဲနမူနာ
အရှင်ယေရှုဘုရားသည် လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူသည်။ အပြစ်မရှိသောသူသည် အပြစ်ရှိသောသူများအတွက်ကိုယ်စား အယ်ကြောင့် အပြစ်စီရင်ခြင်းကို ခံရမလဲ။ ဤအပြစ်စီရင်ခြင်း၏ ပြစ်ဒဏ်သည် သေခြင်းဖြစ်ပါသည်တကား။ အပြစ်ကင်းသော အရှင်ယေရှုဘုရားမှတစ်ပါး ကျွန်တော်တို့ကို ကယ်ချွတ်နိုင်သောသူတစ်ယောက်မျှမရှိ။ ကျွန်တော်တို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ကျွန်တော်တို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ကျွန်တော်တို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကျွန်တော်တို့အား ထင်ရှားစွာ ပြတော်မူသည်။ အကယ်၍၊ ကျွန်တော်တို့၏ တန်ဖိုး အလွန်ကြီးလှသောကြောင့် အရှင်ယေရှုဘုရား အသက်တော်ကို စွန့်တော်မူသည် မဟုတ်ပါ။ သူ၏ မဟာမေတ္တာကရုဏာတော်အားဖြင့် ကျွန်တော်တို့ကို ကယ်နုတ်တော်မူခဲ့သည်။ အာဒံနှင့် ဧဝတို့ကို မပြစ်မှားမီ၊ အရှင်ယေရှုဘုရားသည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာလိမ့်မည်ဟု ဘုရားသခင်သည် စီရင်တော်မူခဲ့သည်။ မိတ်ဆွေမမွေးမီ၊ ဘုရားသခင်သည် မိတ်ဆွေကို ကယ်ဆယ်ဖို့ ဆုံးဖြတ်ထားတော်မူခဲ့သည်။ မိတ်ဆွေ၏ ကျူးလွန်မည့် အပြစ်အကုသိုလ်ကံအားလုံးကို သူကြိုတင်သိသော်လည်း မိတ်ဆွေအတွက် မိမိသားတော်မြတ် အရှင်ယေရှုဘုရားကို စေလွှတ်၍ အသေခံစခြင်းငှာ ရွေးချယ်တော်မူခဲ့သည်။ သူသည် ဤလောကရှိ အဆိုးရွာဆုံးသော အပြစ်သားများလည်း ကယ်တင်နိုင်ပါသည်။ ဘုရားသခင်၏ ခွင့်လွတ်ချမ်းသာကို ရရှိခံစား၍ မိမိအပြစ်မှ လွတ်မြောက်စေဖို့ ကိုယ်တော်မြတ်ထံ ဆုတောင်းလိုက်ပါ။ မိမိဩတ္တပ္ပစိတ်ကို သန့်စေဖို့ ဆုတောင်းနိုင်ပါသည်။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤအစီစဉ်သည် လူများအားလုံးအတွက် ဖြစ်ပြီး သမ္မာကျမ်းစာ၏ မဟာဇာတ်တော်ကြီးနှင့် လူအားလုံး လိုအပ်နေသော ကယ်တင်ရှင်အကြောင်းကို ဖော်ပြထားပါသည်။ အစအဦး၌ ဘုရားသခင်သည် ကယ်တင်ရှင်တစ်ပါး စေလွှတ်စေခြင်းငှာ အလိုရှိပါသည်။ ဤအစီစဉ်တွင် နေ့စဉ်ဗီဒီယိုများ၊ လှုံးဆော်ဓမ္မစာနှင့် အလွတ်ကျတ်ရသော ကျမ်းပိုဒ်များ ပါပါသည်။
More