အရှင်ယေရှုဘုရားကို ဘာကြောင့်လိုအပ်တာလဲနမူနာ
အာဒံနှင့် ဧဝတို့သည် ဘုရားသခင်၏ စကားတော်ကို နားမထောင်သောအခါ အပြစ်သို့ ရောက်ကြခဲ့ပါသည်။ အပြစ်တရားအတွက် ကျပ်တည်းသောစီရင်ခြင်း ရှိပါလိမ့်မည်ဟု ဘုရားသခင် မိန့်တော်မူသည်။ အပြစ်တရား၏ အခကား သေခြင်းပေတည်း။ အာဒံနှင့် ဧဝတို့သည် ချက်ချင်း မသေကြသော်လည်း ဘုရားသခင်နှင့် သူတို့၏ မိတ်သဟာယဖွဲ့ကို ဖျက်ဆီးခဲ့သည်။ ဘုရားသခင်သည် သူတို့ကို အလွန်ချစ်သောကြောင့် ဒုတိယအခွင့်အရေးကို ပေးသနားတော်မူခဲ့သည်။ အာဒံနှင့် ဧဝတို့၏ အပြစ်စီရင်ခြင်းကို ခံယူ၍ ပြန်လည်မိတ်သဟာယဖွဲ့စေခြင်းငှာ လူတစ်စုံတစ်ဦးကို စေလွှတ်စေခြင်းငှာ အလိုတော်ရှိပါသည်။ အကယ်၍၊ ကျွန်တော်တို့အားလုံးလည်း အပြစ် ရှိကြပါသည်။ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲ သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားခဲ့ပြီ။ ဘုရားသခင်သည် ဤစာကိုရှုသော မိတ်ဆွေအဖို့ ဒုတိယအခွင့်အရေး ပေးသနားတော်မူပြီ။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ကျေးဇူးတင်ပါ၏ဟု ဆုတောင်းခြင်းဖြင့် ပြောလိုက်ပါ။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤအစီစဉ်သည် လူများအားလုံးအတွက် ဖြစ်ပြီး သမ္မာကျမ်းစာ၏ မဟာဇာတ်တော်ကြီးနှင့် လူအားလုံး လိုအပ်နေသော ကယ်တင်ရှင်အကြောင်းကို ဖော်ပြထားပါသည်။ အစအဦး၌ ဘုရားသခင်သည် ကယ်တင်ရှင်တစ်ပါး စေလွှတ်စေခြင်းငှာ အလိုရှိပါသည်။ ဤအစီစဉ်တွင် နေ့စဉ်ဗီဒီယိုများ၊ လှုံးဆော်ဓမ္မစာနှင့် အလွတ်ကျတ်ရသော ကျမ်းပိုဒ်များ ပါပါသည်။
More