YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရှု၊ ကျွန်ုပ် သင့်ကို လိုအပ်ပါ၏နမူနာ

Jesus, I Need You

7 ၏ နေ့ 2

ဆုတောင်းခြင်း:

ယေရှု၊ ကျွန်ုပ် သခင့်ကို လိုအပ်ပါ၏။ ကိုယ်တော်ဟာ ကျွန်ုပ်၏ ဘုရင်၊ အရှင်သခင်၊ အဖဘုရား ဖြစ်ပါ၏။ ကျွန်ုပ်၏ ချီးမွမ်းကိုးကွယ်ခြင်းနှင့် ကိုယ်တော်ထိုက်တန်ပါ၏။ ဒီလောကမှအရာများ ‌မှေးမှိန်ပြီး ပျောက်ကွယ်သွားလောက်အောင် ကိုယ်တော့်ကို လေးလေးနက်နက် သိရှိလာဖို့နှင့် ချစ်လာဖို့ ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကျွန်ုပ်ကို ကူညီမစတော်မူပါ။

ကျွန်ုပ် ကိုယ်တော့် တပါးတည်းသာ ကိုးကွယ်ဝတ်ပြုချင်ပါတယ်။ လောက လမ်းစဥ်ရဲ့ သင်ကြားမှု‌ကို ကျွန်ုပ်မခံယူလိုပါ။ ကျွန်ုပ် ကိုယ်တော့် အထဲ၌ရှိတယ်; ကိုယ်တော်နှင့် တလုံးတဝတည်း ကျွန်ုပ်ဖြစ်လိုပါ၏။ ကျွန်ုပ် နှလုံးသားကို ကိုယ်တော်၏ နှလုံးသားနဲ့ ဆက်စပ်ပေးပြီး ကိုယ်တော့်ရဲ့ စစ်မှန်သော အမှန်တရား ကျွန်ုပ် အထဲ၌ ရှိပါစေ။ နှုတ်ကပတ်တော်နှင့် ကိုယ်တော့်ကို သိချင်ရုံသာမက အပြစ်တရားကို စွန့်လွှတ်ပြီး နှုတ်ကပတ်တော်နှင့် ကိုယ်တော့် နောက်လိုက်ရန် ဆန္ဒရှိပါတယ်။ ဝိဉာဥ်တော်နှင့် သမ္မာတရားထဲမှာ ကိုယ်တော့်ကို ကိုးကွယ်ရန် ကျွန်ုပ်အား ပြုပြင်ပါ။

ကျွန်ုပ် ကိုယ်တော့်၏ တန်ခိုးတော်၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာကို လိုအပ်ပါ၏။ ဒါကြောင့် ကျွန်ုပ်ဘဝ ဘာတွေဘဲဖြစ်နေပါစေ အခြေအနေတခုစီတိုင်း၊ လူတယောက်ချင်းစီတိုင်း၊ အခက်အခဲတိုင်းကို ကိုယ်တော်တုံ့ပြန်မည့်အတိုင်း တုံ့ပြန်ပါမည်။ ကိုယ်တော့် ဘုန်းထင်ရှားဖို့အတွက်ဖြစ်စေပါ။ အပြင်ပိုင်းအားဖြင့် တုံ့ပြန်တာထက် အတွင်း သဏ္ဠာန်ထဲမှ အသက်စမ်းရေအားဖြင့် ကျွန်ုပ် တုံ့ပြန်လိုပါ၏။ ကျွန်ုပ် ကိုယ်တော်နှင့် နီးကပ်ချင်ပါတယ်။ ယေရှု၊ ကျွန်ုပ် ပြောသမျှနှင့် လုပ်သမျှတိုင်းမှာ ကိုယ်တော့်၏ ဝိဉာဥ်တော် စီးဆင်းစေပါ။ ဝမ်း‌‌မြောက်ခြင်း အလုံးစုံကို ကိုယ်တော်ထဲ၌ ရှာတွေ့လိုပါ၏။

ကျွန်ုပ် ပြုလုပ်သမျှ၊ ပြောသမျှတိုင်းတွင် ကိုယ်တော့် ဘုန်းထင်ရှားပါ‌စေ။( ဆာလံကျမ်း ၄၂:၁-၂၊ဂလာတိကျမ်း၂:၂၀)

ကျွန်ုပ် ဘယ်နေရာမှာရှိနေပါစေ၊ ဘာတွေဘဲလုပ်နေပါစေ၊ ဘယ်ကျမ်းပိုဒ်ကို ဖတ်နေပါစေ၊ သီချင်းဆိုနေပါစေ ကျွန်ုပ် ခွန်အား၊ စိတ်၊ နှလုံးသားကို ကျွန်တော့် အခြေအနေတွေနဲ့ ကျွန်ုပ်အပေါ်မှာ မဟုတ်ဘဲ ကိုယ်တော့်ထံ အာရုံပြုချင်ပါတယ်။

ကျွန်တော် ဘယ်လောက်ဘဲ

အောင်မြင်နေပါစေ သို့မဟုတ် ကျရှုံး‌နေပါစေ၊

နိုင်နေပါစေ သို့မဟုတ် ရှုံးနေပါစေ၊

ချမ်းသာပါစေ သို့မဟုတ် ဆင်းရဲပါစေ၊

အဖက်လုပ်ခြင်းခံရပါစေ သို့မဟုတ် အဖက်လုပ်ခြင်း မခံရပါစေ၊

သိမှတ်ခြင်းခံရပါစေ သို့မဟုတ် မေ့လျော့ခံရပါစေ၊

ကျွန်ုပ်ကို ကိုယ်တော်ပိုင်တော်မူပြီး ကိုယ်တော်က ကျွန်ုပ် အတွက်ဖြစ်တယ်ဆိုတာ ကျွန်ုပ် အစဥ်အမြဲသိနေပါစေ။

ကိုယ်တော် ကျွန်ုပ်ကိုချစ်ပေးပြီး ကျွန်ုပ်လဲကိုယ်တော့်ကိုချစ်၊ ကိုယ်တော့် စိတ်ကျေနပ်အောင်၊ ကိုယ်တော့ကို အစေခံ ခြင်းတို့က ကျွန်ုပ်၏ အဓိကကျသော ရည်ရွယ်ချက်ဖြစ်စေပါ။ ကျွန်ုပ် အပြစ်ကို မြင်စေပြီး ထိုအပြစ်ကြောင့် ‌ငိုကြွေးခြင်း၊ ထိုအပြစ်ကို စွန့်လွှတ်ခြင်းတို့ကို ပြုလုပ်ရန် ကိုယ်တော့် ကျေးဇူးတော်အားဖြင့် ကျွန်ုပ်ကို ကူညီတော်မူပါ။ ‌ဖြောင့်မတ်ခြင်းတရားကို ဆာငတ် တောင်းတရန် မစတော်မူပါ။

သခင်ယေရှု ကျွန်ုပ်ကို ကိုယ်တော်၏ ကျေးဇူးတော်ကရုဏာ၊ သနားကြင်နာမှု၊ ချစ်ခြင်း‌မေတ္တာတရားတို့ဖြင့် ကိုယ်တော့်ကို မြင်လာစေရန်၊ ချစ်လာရန်နှင့် ကိုယ်တော်နဲ့ တလုံးတဝတည်းရှိရန် ပြုပြင်တော်မူပါ။ ကိုယ်တော်၏ အလိုတော်အတိုင်းနှင့် ကိုယ်တော်၏ နာမတော်အတိုင်း ကျွန်ုပ်တို့ တောင်းလျှောက်လျှင် ကိုယ်တော်ပြုလုပ်ပေးမည်ဟု ကိုယ်တော့် နှုတ်ကပတ်တော်ထဲမှာ ပြောကြားထားသည့် အတွက်ကြောင့် ကျေးဇူးတင်ပါတယ်။ အာမင်။( ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၃-၁၄)

ဤအစီအစဉ်အကြောင်း

Jesus, I Need You

သင်ယေရှုကို အထူးလိုအပ်ပါသလား။ ဤ ၂ရက်တာ ဆုတောင်းခြင်းအစီအစဥ်က ဘုရားနဲ့သင် နှစ်ယောက်တည်းအချိန်ယူနိုင်ရန်နှင့် ဘုရားဆီသို့ ငိုကြွေးဆုတောင်းရန် စီစဥ်ထားခြင်းဖြစ်တယ်။ Thistlebendအမှုတော်လုပ်ငန်းရဲ့ "ယေရှု၊ ကျွန်ုပ် သင့်ကို လိုအပ်ပါ၏" အပိုင်း၈ စီးရီးက သင့်ရဲ့ ဆုတောင်းခြင်းအစီအစဥ်ထဲမှာလဲ ပါဝင်ပါတယ်။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Thistlebend Ministries ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက www.thistlebendministries.org သို့ ကြည့်ရှုနိုင်ပါသည်။