ယေရှု၊ ကျွန်ုပ် သင့်ကို လိုအပ်ပါ၏နမူနာ
ဒီရက်တွေက ကျွန်တော်တို့ သတိမထားမိဘဲ ကိုယ့်ဇယားနဲ့ကိုယ်စီ ပြည့်ကျပ်နေကြပေမယ့် ကျွန်တော်တို့ ခရစ်တော်နှင့် ပြည့်ဝဖို့ အထူးလိုအပ်ပါတယ်။ ဘုရားရဲ့နည်းလမ်းနှင့် ကျွန်တော်တို့ နည်းလမ်း ကွာခြားတယ်ဆိုတာ မြင်တွေ့ဖို့ခက်ပါတယ်။ ကျွန်တော်တို့ ခရစ်ယာန် မိသားစုမှကြီးပြင်းလာသည်ဖြစ်စေ မကြီးပြင်းလာသည်ဖြစ်စေ ကျွန်တောတို့အထဲမှာရှိသော အပြစ်ကြောင့်နှင့် လောကလမ်းစဥ်နောက်လိုက်သော အသင်းတော်များတွင် ကြီးပြင်းလာမှုကြောင့် ယေရှုထက်ပိုပြီး တခြားသောအရာများ၊ အကျင့်စရိုက်များ၊ အတွေးအခေါ်များ သေချာမသိဘဲ ကျွန်တော်တို့ ကျင့်သုံးလာကြတယ်။
ရှင်ပေါလု၏ရည်ရွယ်ချက်မှာ"ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏"(ဖိလိပ္ပိ ၁:၂၁)။ ပေါလုက ခရစ်တော်အတွက် အမြဲအသက်မရှင်ခဲ့နိုင်ပါ။ ဒမတ်စကတ်သွားရာလမ်းမှာ ယေရှုက သူ့ကို နှစ်သိမ့်ပေးပြီး သူ၏အပြစ်ကိုဖော်ပြသောအချိန်မှ စတင်ပြုလုပ်တာဖြစ်တယ်။ နောက်ပြီး ကျေးဇူးတော်အားဖြင့် ယေရှု ဘယ်သူလဲဆိုတာ သူမြင်ခဲ့တယ်(တမန်တော်ဝတ္ထု ၉:၁-၁၉)။ ယေရှုထံ ဆုတောင်းပြီး သူ့ဆီ ငိုကြွေးပါ။ ရှင်မဿဲခရစ်ဝင် ၆:၂၅-၃၃ထဲမှာ မိန့်ကြားချက်အတိုင်း ယေရှုကို ဦးစွာရှာဖွေဖို့ တောင်းလျှောက်ပါ။
"ယေရှု ကျွန်ုပ် ကိုယ်တော့်ကို လိုအပ်ပါ၏။ ဘဝကို ကိုယ်တော်မပါဘဲ မဖြတ်သန်းနိုင်ပါ။
ယေရှု၊ ကိုယ်တော်က အကြံဉာဏ်တခုတည်းမဟုတ်ပါ၊ လုပ်ရမည် မလုပ်ရမည်စာရင်းလဲ မဟုတ်ပါ၊ အယူဝါဒတခုလဲမဟုတ်ပါ၊အဖြစ်အပျက်လဲမဟုတ်ပါ။ ကိုယ်တော့်ကို လိုချင်ပါတယ်၊ ကိုယ်တော့်ကို လိုအပ်ပါတယ်။ မိမိကိုယ်ကိုထက်၊ သူငယ်ချင်း၊ မိသားစု၊ အခြားသူတွေထက် ကိုယ်တော့်ကို ကျွန်ုပ် ပိုပြီးသိချင်ပါတယ်။ ယခုအချိန် ယခုနေရာမှာ ကျွန်ုပ်နား ကိုယ်တော့်ကို ရှိစေချင်ပါတယ်။ ကိုယ်တော့်နားမှာ ထိုင်ဖို့၊ ကိုယ်တော့် မျက်မှောက်တော်ထဲမှာ အချိန်ယူဖို့ ကျွန်ုပ်စိတ်နှင့် နှလုံးသားထဲရှိ မေးခွန်းများစွာ မေးဖို့ ကျွန်ုပ် တောင်းတပါ၏။ ကိုယ်တော့်ဆီပြေးလာပြီး ကိုယ်တော့် ပခုံးပေါ် ကျွန်ုပ်ဦးခေါင်းမှီလျက် ကျွန်ုပ်နှလုံးသားကို သွန်းလောင်းပြီး ကိုယ်တော့်လက်တော်များဖြင့် ကျွန်ုပ်ကို ပတ်ရစ်တော်မူရင်း လက်ခံဖို့ခက်တယ့် အမှန်တရားဖြစ်ပါစေ အမှန်တရားကို ပြောပြပေးတော်မူပါ။ ကျွန်ုပ် ကိုယ်တော်၏ အကူအညီ၊ ကျေးဇူးတော်နှင့် ကရုဏာတရားကို လိုအပ်ပါ၏။ ကျွန်ုပ် တယောက်တည်း ဘဝကို မဖြတ်သန်းနိုင်ပါ။
ရှင်မဿဲခရစ်ဝင် ၆:၂၅-၃၃ ဖြင့် ဆုတောင်းခြင်း အဆုံးသတ်ပါ။ သင်ဆုတောင်းဖို့ ဝိဉာဥ်တော် ဦးဆောင်သည့်အတိုင်း ဆုတောင်း အချိန်ယူနိုင်ဖို့ မနက်ဖြန်မှာ သင့်အတွက် ဆုတောင်းခြင်း အစီအစဥ် စီစဥ်ပေးပါမည်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
သင်ယေရှုကို အထူးလိုအပ်ပါသလား။ ဤ ၂ရက်တာ ဆုတောင်းခြင်းအစီအစဥ်က ဘုရားနဲ့သင် နှစ်ယောက်တည်းအချိန်ယူနိုင်ရန်နှင့် ဘုရားဆီသို့ ငိုကြွေးဆုတောင်းရန် စီစဥ်ထားခြင်းဖြစ်တယ်။ Thistlebendအမှုတော်လုပ်ငန်းရဲ့ "ယေရှု၊ ကျွန်ုပ် သင့်ကို လိုအပ်ပါ၏" အပိုင်း၈ စီးရီးက သင့်ရဲ့ ဆုတောင်းခြင်းအစီအစဥ်ထဲမှာလဲ ပါဝင်ပါတယ်။
More
ဒီအစီအစဉ်ကို ပေးသည့်အတွက် Thistlebend Ministries ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက www.thistlebendministries.org သို့ ကြည့်ရှုနိုင်ပါသည်။