မျှော်လင့်ခြင်းနမူနာ
- ကျွန်တော်၏အသက်တာမှာ လက်ရှိလောကဓံမုန်တုန်းထက် အခြအနေဆိုးကို မဖြစ်နိုင်ဘူးဟု ထင်သောအချိန် ရှိခဲ့ပါသည်။ ၎င်းအချိန်များသည် မျှော်လင့်မဲ့အချိန် ဖြစ်ခဲ့သည်။ ဤအခြေအနေမပြောင်းလဲလျှင် ဆက်မသွားနိုင်ဘူးဟု စဉ်းစားမိခဲ့သည်။ သို့သော်၊ ၎င်းအချိန်များအကြောင်း ပြန်ဆင်ခြင်စဉ်းစားလျှင် ပိုရှင်းလင်းစွာ ကြည့်ရှုနိုင်ပြီ။ ဘုရားသခင်၏ လှုပ်ရှားမှုကို မမြင်နိုင်ပေမဲ့ တကယ်ရှိသည်ဟု ထိုအတွေ့အကြုံများသည် ကျွန်တော်ကို သင်ပေးခဲ့သည်။ မနေ့ကထက် ကိုယ်တော်၏အကြံစည်တော်ကို ယနေ့ မှာ ပိုရှင်းလင်းစွာ မြင်နိုင်ပါသည်။ ၎င်းအရာသည် ကျွန်တော်၏မျှော်လင့်ခြင်းကို ထစေသည်။ ဘုရားသခင်သည် အလိုတော်မြတ် ရှိပြီး ကျွန်တော်ကို အစဉ်အမြဲ သတိနှင့်ကြည့်ရှုနေပါသည်။ ဘုရားသခင်သည် သစ္စာစောင့်သောဘုရား ဖြစ်တော်မူသည်။ ကိုယ်တော်ကို ယုံကြည်ပါ။
(ယေ၊ ၂၉း၁၁)။ - ခဏခဏ ပြစ်မှားသောကြောင့် သူများက ကျွန်တော်ကို လက်မခံနိုင်တော့ဘူးဟု စဉ်းစားခဲ့ပါသလား။ ကျွန်တော့်အပြစ်ဒုစရိုက်အားဖြင့် သူများအား စိတ်နာစေခဲ့ပြီး ကျွန်တော်၏ ဩတ္တပ္ပစိတ်ကို မသန့်နိုင်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းမရှိသလို၊ ကိုယ့်ကိုကိုယ် မထီမဲ့မြင်ပြုခြင်း ရှိနေပြီ။ သို့သော်၊ သူများသည် ကျွန်တော်ကို အကြွင်းမဲ့ မသိနိုင်ပေမဲ့ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူသည်။ ကိုယ်တော်သည် ကျွန်တော်ကို ဖန်ဆင်းတော်မူခဲ့သည်။ သူ၏ မဟာမေတ္တာတော်သည် ဘယ်တော့မှ မကုန်နိုင်ပေ။ ကိုယ်တော်သည် ကျွန်တော်အဖို့ ထာဝရအကျိုးကိုရမည်အကြောင်း ကတိသစ္စာပြုတော်မူပြီ။ ဘုရားသခင်အားဖြင့် နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြသည်။
(မြည်၊ ၃း၂၂-၂၃)။ - အချို့က၊ မြင်ပြီမှ ယုံကြည်ရမည်ဟု ဆိုနိုင်သည်။ ၎င်းအယူအဆသည် မှားပါသည်။ ယုံကြည်ပြီမှ မြင်ရလိမ့်မည်။ ကျွန်တော်၏ ကယ်တင်ရှင်တည်းဟူသော သခင်ယေရှုကို ယုံကြည်လက်ခံသောနေ့၌ ကျွန်တော်၏ ဉာဏ်မျက်စိကို ဖွင့်စေခဲ့သည်။ ဤအမှုသည် စစ်မှန်သော မျှော်လင့်ခြင်း ဖြစ်သည်။
(ရော၊ ၈း၂၄-၂၅)။ - စိတ်ဓာတ်ကျပြီး နှလုံးကြေကွဲနေပါသလား။ ကျွန်တော်က ထိုကဲ့သို့ ခံစားခဲ့ပါသည်။ အကယ်၍၊ ထိုစိတ်ခံစားချက်သည် ခဏသာ တည်လိမ့်မည်။ ၎င်းစကားကို မိတ်ဆွေက ယုံကြည်လက်ခံနိင်သလား။ ယေရှုသည် မိတ်ဆွေထံ ချဉ်းကပ်လျက် ပြုစုစေခြင်းငှာ ဘိသိက်မင်္ဂလာကို ခံတော်မူခဲ့သည်။ ယေရှုသည် မိမိအလိုတော်မြတ်ကို စုံလင်စေခြင်းငှာ ပြုတော်မူနေသည်။ ယေရှုသည် အပြစ်တရားမှ လွတ်မြောက်စေသည့် သတင်းကောင်းမြတ်တည်းဟူသော ဧဝံဂေလိတရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံစေချင်သည်။ ယေရှုကို ယုံကြည်လက်ခံလျှင်၊ လွတ်မြောက်စေပြီး မျှော်လင့်ချက် အပြည့်အဝ ရရှိခံစားလိမ့်မယ်။
(ဟေရှာ၊ ၆၁း၁)။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မျှော်လင့်ခြင်း။ ကျမ်းပိုဒ်အချို့ကို ကြည့်ကြပါစို့။ ဘုရားသခင်သည် မိတ်ဆွေအား ငြိမ်သက်ခြင်း၊ မကြောက်ရွံ့ခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်ဝရန် အလိုတော်ရှိပါသည်။ ဘုရားသခင်သည် မိတ်ဆွေကို စိုးရိမ်ကြောင့်ကြခြင်း မရှိစေသလို၊ အမျက်ဒေါသနှင့်လည်း မပြည့်ဝစေချင်ပါဘူး။ မျှော်လင့်ခြင်းဆိုင်ရာ ကျမ်းပိုဒ်များသည် မိတ်ဆွေကို ပိုပြီးခွင့်လွှတ်တတ်တဲဲ့သူတစ်ယောက်ဖြစ်အောင် သင်ပေးပါလိမ့်မည်။ မိမိဉာဏ်ပညာကို တိုးပွားစေဖို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆင်ခြင်ကြပါစို့။
More
ဤအစီအစဉ်ကိုတင်ဆက်ပေးသော MemLok, (ကျမ်းစာအလွတ်ကျက်စနစ်)ကို ကျေးဇူးတင်လိုပါသည်။ MemLok နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက http://www.MemLok.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။