YouVersion လိုဂို
ရှာရန် အိုင်ကွန်

မျှော်လင့်ခြင်းနမူနာ

Hope

3 ၏ နေ့ 1

  • ဘုရားသခင်ကို ချီးမွမ်းသောအခါ မိမိမျှော်လင့်ခြင်းအား ပိုမိုတိုးပွားစေသည်ကို သတိထားမိပါသလား။ မျှော်လင့်ခြင်းနှင့် ချီးမွမ်းခြင်းသည် အသင်းဖွဲ့ကြပါသည်။ ယခု၊ မိမိဘဝရှိ အကြောင်းအရာတစ်ခုအဖို့ ဘုရားသခင်ကို ချီးမွမ်းလိုက်ပါ။ မိမိမျှော်လင့်ခြင်းကို သေချာစွာ တိုးပွားစေလိမ့်မည်။ မျှော်လင့်ခြင်းသည် ရွေးချယ်မှုတစ်ခု ဖြစ်သည်။ စိတ်ပျက်ခြင်းမရှိဘဲ မျှော်လင့်ခြင်းကို အမြဲရွေးချယ်ပါ။ စိတ်ပျက်ခြင်းနှင့် မျှော်လင့်ခြင်းကို မပေါင်းနိုင်ရာ။ ဤအမှုသည် မိတ်ဆွေ၏ ရွေးချယ်မှု ဖြစ်သည်။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်။ ဘုရားသခင်သည် ကောင်းမြတ်တော်မူသည်။ (ဆာ၊ ၇၁း၁၄)။
  • ဘုရားသခင်သည် မိတ်ဆွေ၏ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးနိုင်သည်။ စိတ်ဓာတ်ကျနေပါက၊ ဘုရားသခင်မှတစ်ပါး အခြားသောအရာကို မျှော်လင့်နေပါသလားဟု ကိုယ်ကိုကိုယ် မေးမြန်းစုံးစမ်းပါ။ ထင်ရှားသောအရာတို့သည် စစ်မှန်သောမျှော်လင့်ခြင်းကို မပေးနိုင်ပေ။ လူများ (သို့) အရာဝတ္တုများ (သို့) အဖြစ်အပျက်အရာများ၌ မျှော်လင့်လျှင် စိတ်မသာလျက် နေလိမ့်မည်။ စောင့်ရခြင်းသည် မလွယ်ဘူး။ လောကီအရာများသည် ခဏသာ ကျေနပ်စေတတ်သည်။ ဘုရားသခင်သည် မိတ်ဆွေ၏ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးနိုင်သည်။
    (သု၊ ၁၃း၁၂)။
  • ရန်သူတည်းဟူသော မာရ်နတ်သည် လာပြီး မိမိမျှော်လင့်ချက်မဲ့ခြင်းကို အဘယ်သူမှ နားမလည်ဘူးဟု မိမိနား၌ ပြောဆိုတတ်သည်။ ထိုစကားသည် မုသားစကား ဖြစ်သည်။ မာရ်နတ်၏ ပရိယာယ်ကို ယုံလျှင် စိတ်ပျက်ခြင်းသို့ ရောက်လမ့်မည်။ သို့ရာတွင်၊ မိတ်ဆွေတစ်ယောက်တည်း မဟုတ်ပါဘူး။ ဘုရားသခင်သည် သဗ္ဗညုတဘုရား ဖြစ်တော်မူသည်မဟုတ်ပါလား။ မိတ်ဆွေသည် ဘုရားသခင်ထံ အစဉ်လာ၍ မိမိစိတ်ပျက်ခြင်းအကြောင်းပြောဆိုခြင်းဖြင့် ကိုယ်တော်ကို ပင်ပန်းစေလိမ့်မည်ဟု ထင်ပါသလား။ ၎င်းအထင်ကို ဘယ်တော့မှ မယုံပါစေနှင့်။ ဘုရားသခင်သည် မိတ်ဆွေကို အလွန်ချစ်တော်မူသည်။ ဆက်လျှောက်ဖို့ ခွန်အားပေးတော်မူမည်။ ဘုရားသခင်က မိတ်ဆွေကို အားပြည့်စေလိမ့်မည်။
    (ဟေရှာ၊ ၄ဝး၂၈-၂၉)။
  • ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို မတတ်နိုင်ဟု လူသားပြောဆိုတတ်သည်။ ၎င်းအမြင်သည် အလွန်ကျဉ်းပါသည်တကား။ သို့သော်၊ ကျွန်တော်တို့သည် ထိုမိစ္ဆဒိဋ္ဌိကို တစ်ခါတစ်ရံ ယုံကြည်တတ်သည်။ ကျွန်တော်တို့သည် ဘုရားသခင်၏ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ဟု မကြာခဏ အောက်မေ့သတိရ၍ ဝန်ခံကြရမည်။ အနန္တစကြဝဠာကို ဖန်ဆင်းသောသူသည် ဆုံးရှုံးခြင်းသို့ ရောက်တော်မမူ။ ကိုယ်တော်သည် ခပ်သိမ်းသောအရာကို သိတော်မူသည်။ ဤယုံကြည်ခြင်းသည် မျှော်လင့်ခြင်းကို ပြုစုလိမ့််မည်။
    (ယောဘ၊ ၄၂း၂)။

အထက်ပါကျမ်းပိုဒ်များသည် ကျွန်တော်တို့၏မိုဘိုင်းအက်ပ်၊ Mac (သို့) Windows ပရိုဂရမ်များတွင် ပါပါသည်။ MemLok အခြား MemLok အစီစဉ်များလည်း ရှိသည်။

နေ့ 2

ဤအစီအစဉ်အကြောင်း

Hope

မျှော်လင့်ခြင်း။ ကျမ်းပိုဒ်အချို့ကို ကြည့်ကြပါစို့။ ဘုရားသခင်သည် မိတ်ဆွေအား ငြိမ်သက်ခြင်း၊ မကြောက်ရွံ့ခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်ဝရန် အလိုတော်ရှိပါသည်။ ဘုရားသခင်သည် မိတ်ဆွေကို စိုးရိမ်ကြောင့်ကြခြင်း မရှိစေသလို၊ အမျက်ဒေါသနှင့်လည်း မပြည့်ဝစေချင်ပါဘူး။ မျှော်လင့်ခြင်းဆိုင်ရာ ကျမ်းပိုဒ်များသည် မိတ်ဆွေကို ပိုပြီးခွင့်လွှတ်တတ်တဲဲ့သူတစ်ယောက်ဖြစ်အောင် သင်ပေးပါလိမ့်မည်။ မိမိဉာဏ်ပညာကို တိုးပွားစေဖို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆင်ခြင်ကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော MemLok, (ကျမ်းစာအလွတ်ကျက်စနစ်)ကို ကျေးဇူးတင်လိုပါသည်။ MemLok နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက http://www.MemLok.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။