လူတိုင်းအနိုင်ရလိုသော်လည်း စောင့်ဆိုင်းလိုသူမရှိပေနမူနာ
ဘုရားသခင်သည် သင့်နှလုံးသား၊ စိတ်နှင့် ခန္ဓာကိုယ်ကို ကုသပေးလိမ့်မည်
တစ်ခါတစ်ရံတွင် လူတစ်ဦး၏ စောင့်ဆိုင်းရာသီသည် လူတစ်ဦး၏ ကုစားခံနေသောရာသီလည်း ဖြစ်သည်။ ဤရာသီမှာ အဖြေဆုတောင်းချက်ကို လက်ခံဖို့ အာရုံစိုက်မယ့်အစား ပြန်ကျန်းမာလာဖို့ အာရုံစိုက်ဖို့ အချိန်ယူဖို့ ဖြစ်ပါသည်။ ဤတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ သက်သာရာရမှုများ ပါဝင်ပါသည်။
ဘုရားသခင်ကို သင်စောင့်ဆိုင်းနေချိန်တွင်၊ သင့်ဘဝတွင် ကုသရန် လိုအပ်သည့် နယ်ပယ်များကို အသိအမှတ်ပြုရန် အလွန်အရေးကြီးပါသည်။ ကုသခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ကုစားရုံမျှသာ မဟုတ်ဘဲ သင့်စိတ်၊ သင့်ခံစားမှုတွင်လည်း ကုစားခံရတာ ဖြစ်နိုင်ပါသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏ ကုသမှုဖြစ်သည်။ ဘုရားသခင်သည် သင့်အား ကုသရန် လိုအပ်သမျှကို ဖြည့်ဆည်းပေးရန် ဆန္ဒရှိပါသည်။ သို့သော်၊ သင်ကုစားလိုသည့်အတိုင်း ဘုရားသခင်က သင့်ကို ကုသပေးနိုင်မည် မဟုတ်ပါ။ သင့်အား ဘုရားသခင်ကုသပေးစေလိုသော နည်းလမ်းအတိုင်း ကုသခွင့်ပေးရန် လိုအပ်သည်။ သင်သည် ဘုရားသခင်နှင့် သူ၏ လုပ်ငန်းစဉ်ကို ယုံကြည်ရမည်။ ကုသခြင်းသည် သင်အလိုရှိသလောက် လျင်မြန်စွာ မဖြစ်ပေါ်နိုင်သော်လည်း၊ ဘုရားသခင်၏ လုပ်ငန်းစဉ်သည် သင့်ဘဝအတွက် အကောင်းဆုံးဖြစ်ကြောင်း ယုံကြည်ရန် လိုအပ်ပါသည်။
အမှန်တရားမှာ၊ ဘုရားသခင်ထံတင်ပြသော နာကျင်မှုတိုင်းသည် သက်သာရာရလိမ့်မည်။ အတိတ်မှာ အဘယ်မျှ နာကျင်ခဲ့ရသည်ဆိုတာ အရေးမကြီးပါ။ ကိုယ်တော်သည် သင့်ခန္ဓာကိုယ်၊ စိတ်နှလုံးတို့ကို ကုသပေးပြီး ၎င်းတို့အားလုံးကို ပြန်လည်လှပစေမည်ဖြစ်သည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤပြည့်စုံသောနေ့စဉ်ဖတ်ရှုမှုများမှတစ်ဆင့်၊ ကုသခြင်းမှသည် ပေါင်းသင်းဆက်ဆံရေးအထိ ဘဝ၏ ရှုထောင့်အားလုံးတွင် ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းနည်းကို သင်ယူပါ။ စောင့်မျှော်နေသောရာသီကို အကောင်းဆုံးဖြစ်အောင် မည်သို့ပြုလုပ်ရမည်ကို ရှာဖွေပြီး ဘုရားသခင့်အလိုတော်အတိုင်း ဆုတောင်းပါ။ ဤကိုးကွယ်ဆည်းကပ်မှုသည် ဆရာမားကပ်စ်ဂီလ် (Marcus Gill) ၏ လူတိုင်းအနိုင်ရလိုသော်လည်း စောင့်လိုသူမရှိပေဟူသော စာစောင်မှ အခြေခံထားသည်။
More