YouVersion လိုဂို
ရှာရန် အိုင်ကွန်

လူတိုင်းအနိုင်ရလိုသော်လည်း စောင့်ဆိုင်းလိုသူမရှိပေနမူနာ

Everybody Wants To Win But Nobody Wants To Wait

5 ၏ နေ့ 3

သင်၏ ပေါင်းသင့်ဆက်ဆံရေးအတွက် ဘုရားသခင်၏ အချိန်

တစ်ညတွင် သခင်ဘုရားသည် ကျွန်ုပ်အား မိန့်တော်မူ၏။ "မားကပ်စ်၊ မင်း ပေါင်းသင်းဆက်ဆံရေးကို အလျင်စလိုလုပ်တဲ့အခါ မင်း စိတ်ဆင်းရဲမှုထဲကို အပြေးအလွှား ရောက်သွားနိုင်တယ်" လို့ ဆိုပါသည်။ ထာဝရဘုရားသည် ကျွန်ုပ်အား မိန့်တော်မူသောအခါ ကျွန်ုပ်အလွန်တုန်လှုပ်ရပါသည်။ ထိုအချိန်က၊ ကျွန်ုပ် ချစ်သူတစ်ယောက် လိုချင်နေချိန် ဖြစ်ပါသည်။ အထီးကျန်သလို ခံစားရပြီး စောင့်ဆိုင်းရတာ ငြီးငွေ့နေချိန် ဖြစ်သည်။ သူများတွေ လက်ထပ်တာကို ကြည့်ပြီး လက်ထပ်ချင်ခဲ့ပါသည်။ ချစ်သူတစ်ယောက်ရဖို့ ဘယ်သူနဲ့မဆို တွဲလိုက်ဖို့ ဆန္ဒရှိနေခဲ့သည်။

ကျွန်ုပ်မှာရှိသော ဆက်ဆံရေးများတွင် ဘုရားသခင်နှင့် ကျွန်ုပ်၏ ဆက်ဆံရေးက အကောင်းဆုံးဆိုသည်ကို သတိမမူဘဲ ရှိနေခဲ့သည်။

ကျွန်ုပ် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုပြီး အိမ်ထောင်ရေးက ကွာရှင်းပြတ်စဲမှုနှင့် အဆုံးသတ်ခဲ့သည်။ ထို့နောက်တွင်၊ ကျွန်ုပ်သည် အချိန်ယူရမည်ဖြစ်ပြီး ထိုကြေကွဲမှုမှ ဘုရားသခင်က ကျွန်ုပ်အား ကုစားရန် ခွင့်ပြုရန် လိုအပ်ကြောင်း ကျွန်ုပ်သဘောပေါက်ခဲ့သည်။ လမ်းတစ်လျှောက်မှာ ပြတ်တောက်သွားသည့် ဆက်ဆံရေးအများကြီးရှိခဲ့ပါသည်။ ယခု၊ သင်၏ ဒဏ်ရာများကို ကုစားဖို့ ဘုရားသခင်ကို ခွင့်ပြုဖို့ သင်အား ကျွန်ုပ်တိုက်တွန်းချင်ပါသည်။

ပျက်စီးနေသော ဆက်ဆံရေးမှ ကုစားရန် ကြိုးစားနေပါက (သို့) သင်၏ ပျက်စီးနေသော ဆက်ဆံရေးကို ပြုပြင်ရန် ဘုရားသခင်အား ကိုးစားပါက၊ လုပ်ငန်းစဉ်ကို လေးစားရမည် ဖြစ်သည်။ ဘုရားသခင် သင့်အား ပြန်လည်ထူထောင်ပါစေ။ ဘုရားသခင်သည် သင်၏ ပျက်စီးနေသော ဆက်ဆံရေးများကို ပြုပြင်ပေးနိုင်သည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်သည်းခံမှု ကြွယ်ဝသူ ဖြစ်သည်။ သူ၏ အစီအစဉ်သည် မည်သို့ပင်ရှိစေကာမူ သင်၏ စောင့်ဆိုင်းရာသီသည် အလဟဿ မဟုတ်ကြောင်း သင်ယုံကြည်ရမည် ဖြစ်သည်။

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Everybody Wants To Win But Nobody Wants To Wait

ဤပြည့်စုံသောနေ့စဉ်ဖတ်ရှုမှုများမှတစ်ဆင့်၊ ကုသခြင်းမှသည် ပေါင်းသင်းဆက်ဆံရေးအထိ ဘဝ၏ ရှုထောင့်အားလုံးတွင် ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းနည်းကို သင်ယူပါ။ စောင့်မျှော်နေသောရာသီကို အကောင်းဆုံးဖြစ်အောင် မည်သို့ပြုလုပ်ရမည်ကို ရှာဖွေပြီး ဘုရားသခင့်အလိုတော်အတိုင်း ဆုတောင်းပါ။ ဤကိုးကွယ်ဆည်းကပ်မှုသည် ဆရာမားကပ်စ်ဂီလ် (Marcus Gill) ၏ လူတိုင်းအနိုင်ရလိုသော်လည်း စောင့်လိုသူမရှိပေဟူသော စာစောင်မှ အခြေခံထားသည်။

More

ဤအစီအစဥ်အတွက် ဆရာ Marcus Gill နှင့် Charisma House ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရူ့ပါ။ http://waittowin.com/