ခရစ်တော်၌ ကျွန်ုပ်တို့၏ဖြစ်တည်ခြင်း — စစ်မှန်သောအချက် (၃၁) ချက်နမူနာ
သူတော်စင်တစ်ဦး
သခင်ယေရှုခရစ်ကို ယုံကြည်လက်ခံပြီး ကယ်တင်စေသော ယုံကြည်သူတိုင်းသည် သန့်ရှင်း၍ ဘုရားသခင်အဖို့ ခွဲခွာသူများ ဖြစ်သည်။ ကျွန်တော်တို့သည် မိမိ၏ဘုရားသခင် ထာဝရဘုရားဖို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြပြီး၊ ကိုယ်တော်ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ ကျွန်တော်တို့ကို ရွေးချယ်တော်မူပြီ။
(ဧ၊ ၁း၁) ကို ဖတ်ပါ။
(ဒံ၊ ၇း၁၅-၂၇) ကို ဖတ်ပါ။
ကျွန်တော်တို့သည် ခရစ်တော်၌ သူတော်စင်များ ဖြစ်ကြသည်တကား။ ထာဝရဘုရားဖို့၊ သန့်ရှင်းသောလူမျိုး ဖြစ်စေပြီး၊ ကိုယ်တော်ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ ကျွန်တော်တို့ကို ရွေးကောက်တော်မူပြီ။ ကျွန်တော်တို့သည် ကိုယ်တော်ပိုင်ထိုက်သောအမျိုးဖြစ်ကြသည့်အတွက် ကျေးဇူးတော်ကို ချိီးမွမ်းပါသည်။ ကျွန်တော်တို့၏ အသက်တာများတွင် ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ မိမိအကျင့်တရားဖြင့် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ဘယ်လိုထင်ရှားစေနိုင်မလဲ။ ဤသမ္မာတရားကို ထောက်ပြီး မိမိနေ့ကို ဘယ်လိုစတင်နိုင်မလဲ။ ၎င်းအရာကို မိမိအကျင့်ဖြင့် ဘယ်လိုထင်ရှားစေနိုင်မလဲ။ မိမိ၏ မနောကံ ကောင်းအောင် ဘယ်လိုလုပ်သင့်သလဲ။
မိစ္ဆာဒိဋ္ဌိ။ ခြောက်ပြစ်ကင်းသဲလဲစင်သူများသာ သူတော်စင် ဖြစ်ကြသည်။
သမ္မာဒိဋ္ဌိ။ ယနေ့၊ ကောင်းသည့်ဖြစ်စေ၊ မကောင်သည့်ဖြစ်စေ၊ ကျွန်တော်အဖို့ ဘုရားသခင် ပေးသနားတော်မူသော ယုံကြည်ဆုကျေးဇူးသောအားဖြင့် ကျေးဇူးတော်ကြောင့် သူတော်စင်တစ်ဦး ဖြစ်သွားပြီဟု ယုံကြည်ပါသည်။ ထိုကြောင့်၊ ကျွန်တော်သည် သူတော်စင်အနေနှင့် အသက်ရှင်ရမည်။ (ဧ၊ ၅း၁-၂၁)။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
(ဧ၊ ၁-၂) သည် ခရစ်တော်၌ ကျွန်တော်၏ ဖြစ်တည်ခြင်းကို ဖော်ပြစေသော အစီစဉ်။ Thistlebend အမှုတော်မှ အစီစဉ်သည် ကျွန်တော်တို့အား ကိုယ်တော်၌ပေးတော်မူသော ဖြစ်တည်ခြင်းအသစ်ကို ပိုမိုပြည့်စုံစွာ အသက်ရှင်စေဖို့ နှိုးဆော်တိုက်တွန်းစေမည်။
More