ခရစ်တော်၌ ကျွန်ုပ်တို့၏ဖြစ်တည်ခြင်း — စစ်မှန်သောအချက် (၃၁) ချက်နမူနာ
နိဒါန်း
(ဧ၊ ၁-၂) သည်၊ ခရစ်တော်၌ ကျွန်တော်တို့၏ ဖြစ်တည်ခြင်းအကြောင်း နားလည်မှုကို လုံးဝဥဿုံ ပြောင်းလဲစေနိုင်သည်။ ဘာကြောင့်လဲဆိုသော်၊ ၎င်းသမ္မာတရားသည် ဧဝံဂေလိတရား ဖြစ်သည်။ လာမည့် (၃၁) ရက်တွင်၊ (ဧ၊ ၁-၂) တွင်ရှိ သမ္မာတရားကို မိမိစိတ်နှလုံးထဲ၌ သိုထားလျက် ခေါ်ခံရမည့်သူဖြစ်လာစေဖို့ ဧဝံဂေလိတရား၏ တန်ခိုးကို မှီခိုကြပါစို့။ မိတ်ဆွေ၏ စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အုပ်စိုးစေ။ နေ့ရက်စဉ်တိုင်းမှာ ဤအချက် (၃၁) ချက်ဖြင့် မိမိအထဲရှိ ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြုစေဖို့ စိန်ခေါ်နေပါသည်။
စိတ်မပျက်ပါစေနှင့်။ အချိန်မဆွဲစေနှင့်။ ခရစ်တော်၌ပေးသော တန်ခိုးတော်ကို ထောက်ပြီး ဧဖက်ဩဝါဒစာရှိ သမ္မာတရားဖြင့် မိစ္ဆဒိဋ္ဌိကို လွှဲရှောင်၍ သမ္မာဒိဋ္ဌိကိုသာ ယုံကြည်သဖြင့် မိမိစိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်စေပါ။ ခရစ်တော်၌တည်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားကို ထောက်လျက် ပျော်ရွှင်စွာ အသက်ရှင်စေပါ။ ကျွန်တော်တို့အသက်ရှင်ဖို့ ကိုယ်တော်အား အသေခံခဲ့သည်။
ခရစ်တော်အားဖြင့် ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို အောက်မေ့သတိရ၍၊ ဘုရားသခင်ပေးတော်မူသော အသက်တာ၊ တန်ခိုးတော်နှင့် ဖြောင့်မတ်ခြင်း၌ မွေ့လျော်ပြီး ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လျှောက်လှမ်းလျက် ဘုရားသခင်၏ နာမတော်ကို သာ၍ဘုန်းကြီးစေပါ။ လာမည့်နေ့ရက်များတွင်၊ ဆုတောင်းပတ္ထနာပြုခြင်းဖြင့် ခရစ်တော်၌ ဖြစ်တည်ခြင်းအကြောင်းကို အောက်မေ့လျက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ။ မိတ်ဆွေသည် ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို စိတ်နှလုံးအကြွင်းမဲ့ ခံယူပြီး သူတစ်ပါးကို ကောင်းကြီးဘယ်လိုပေးနိုင်မလဲလို့ ဆင်ခြင်စဉ်းစားပါ။ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ကျွန်တော်တို့အား ပေးသနားတော်မူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
ခရစ်တော်၌ ကျွန်ုပ်၏ဖြစ်တည်ခြင်းအချက်များ
သူတော်စင်တစ်ဦး
ခရစ်တော်၌ သစ္စာစောင့်သောသူ
ကျေးဇူးတော်ကို ရရှိခံစားသူ
ခရစ်တော်၏ ကိုယ်အင်္ဂါတော်
မဟာမေတ္တာကရုဏာတော် ရရှိခံစားသူ
ငြိမ်သက်ခြင်းကို ရရှိခံစားသူ
ခပ်သိမ်းသောဓမ္မမင်္ဂလာ ရရှိခံစားသူ
ဤကမ္ဘာမတည်မရှိမီ ခရစ်တော်၌ ရွေးကောက်သူ
သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သူ
မဟာမေတ္တာတော်ကို ရရှိခံစားသူ
မွေးစားသောသူ
သားအနေနှင့် ရွေးနုတ်ချမ်းသာ ရရှိခံစားသူ
ခရစ်တော်၏ အသွးတော်မြတ်ဖြင့် ဆယ်နုတ်သူ
အပြစ်တရားမှ လွတ်မြောက်သူ
အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော်ကို ခံရသူ
အလိုတော်၏ နက်နဲသောအရာကို သိကျွမ်းသူ
သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ရရှိခံစားသူ
အမွေခံဖို့ စိတ်ချသော အာမခံကို ရရှိခံစားသူ
ယုံကြည်ခြင်းဆုကျေးဇူးကို ရရှိခံစားသူ
မျှော်လင့်ခြင်းဆုကျေးဇူးကို ရရှိခံစားသူ
ဘုရားသခင်၏ မဟာတန်ခိုးတော်ကို ရရှိခံစားသူ
ခရစ်တော်နှင့်အတူ အသက်ရှင်သူ
ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်သူ
ခရစ်တော်နှင့်အတူ ထမြောက်သူ
ယေရှုခရစ်အားဖြင့် ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာကို ခံရသူ
နောင်ကာလတွင် ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် မဟာကရုဏာတော်ကို ထင်ရှားစေသူ
ဘုရားသခင်၏ သနားတော်ချမ်းသာကို ရရှိခံစားသူ
ဘုရားသခင်၏ လက်ရာတော်
ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းခံသူ
ကတိတော်ပါသော ပဋိညာဉ်တရားတို့နှင့် စပ်ဆိုင်သူ
ခရစ်တော်၏ အသွေးတော်အားဖြင့် အနီးသို့ ရောက်သူ
လူနှစ်စုတို့ကို လူသစ်တစ်ဦး ပါဝင်သူ (ယုဒလူမျိုးနှင့် တစ်ပါးအမျိုးသား)
ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့သူ
ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကို ရရှိခံစားသူ
သန့်ရှင်းသူတို့၏ အမျိုးသားချင်း ပါဝင်သူ
ဘုရားသခင်အိမ်တော်သား
သန့်ရှင်းသောဗိမာန်တော် (အခြားယုံကြည်သူများနှင့် တစ်လုံးတစ်ဝတည် ဖြစ်သည်)
ဘုရားသခင်၏ ကျိန်းဝပ်ရာ (အခြားယုံကြည်သူများနှင့်အတူ)
ဤအစီအစဉ်အကြောင်း
(ဧ၊ ၁-၂) သည် ခရစ်တော်၌ ကျွန်တော်၏ ဖြစ်တည်ခြင်းကို ဖော်ပြစေသော အစီစဉ်။ Thistlebend အမှုတော်မှ အစီစဉ်သည် ကျွန်တော်တို့အား ကိုယ်တော်၌ပေးတော်မူသော ဖြစ်တည်ခြင်းအသစ်ကို ပိုမိုပြည့်စုံစွာ အသက်ရှင်စေဖို့ နှိုးဆော်တိုက်တွန်းစေမည်။
More