YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုံးဝဥဿုံပြောင်းလဲခဲ့ပြီနမူနာ

Changed

3 ၏ နေ့ 3

အရှင်ယေရှုဘုရားသည် ဘုရားသခင်နှင့် ကျွန်တော်တို့၏ မိတ်သဟာယဖွဲ့ခြင်းကို ပြောင်းလဲစေခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကား ဖြစ်သည်။ ကိုယ်တော်၏ အပြစ်ကင်းစင်သော အသက်တော်ကို စွန့်တော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်း မပြုမီတွင်၊ ကျွန်တော်တို့သည် ဘုရားသခင်နှင့် မိတ်သဟာယကို မဖွဲ့နိုင်ဘဲ အပြစ်ရှိသော ငရဲသားများပင် ဖြစ်ကြခဲ့သည်။ သို့သော်၊ ယခုအချိန်တွင်၊ အရှင်ယေရှုဘုရားအားဖြင့် ဘုရားသခင်သည် ကျွန်တော်တို့ကို လက်ခံတော်မူ၍ ခမည်းတော်ဘုရားနှင့် သားတော်ဘုရားတို့၏ မိဿဟာယဖွဲ့ခြင်းကို ကျွန်တော်တို့သည်လည်း ပျော်ရွှင်စွာ ပါဝင်နိုင်ပါသည်။ အာဒံ၏ ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ အရှင်ယေရှုဘုရား၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြသည်။

မိတ်သဟာယဖွဲ့စေခြင်းငှာ ဘုရားသခင်သည် လူကို ဖန်ဆင်းတော်မူခဲ့သည်။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့အဖို့ ကယ်တင်ခြင်းအကျွတ်တရားကို ပေးတော်မူ၍ ဘုရားသခင်နှင့် မိတ်သဟာယကို ဖွဲ့စေခြင်းငှာ အလွန်မြင့်မြတ်လှသော အခွင့်အရေး ပေးတော်မူသည်။ ကျွန်တော်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားနိုင်လျက် ကျွန်တော်တို့အပေါ်ရှိ သူ၏ဝိညာဉ်တော်၏ တန်ခိုးတော်ကို ခံစားသောအခါ စစ်မှန်သောအသက်တာကို ရရှိခံစားပါပြီ။ ခမည်းတော်ဘုရားနှင့် မိတ်သဟာယဖွဲ့ခြင်းသည် ကျွန်တော်တို့၏ အကြီးမားဆုံးသော ခေါ်တော်မှုခြင်းဖြစ်ပြီး ကျွန်တော်တို့၏ စစ်မှန်သော ရည်ရွယ်ချက်ကို တွေ့ရှိသည့်နေရာလည်း ဖြစ်ပါသည်။ ခမည်းတော်ဘုရားနှင့် စတင်မိတ်သဟာယဖွဲ့လျက် အရှင်ယေရှုဘုရား ပေးတော်မူသော အထူးသဖြင့် အသက်နှင့် ဝင်စားလိုက်ပါ။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Changed

အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ ယခုဘဝနှင့် နောင်ဘဝကို လုံးဝဥဿုံ ပြောင်းလဲစေခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်။ ဤအစီစဉ်တွင် ထိုပြောင်းလဲမှုများအကြောင်းကို ဖော်ပြလျက် သင်ပေးပါလိမ့်မည်။

More

ဤအစီအစဥ်ကို စီရင်ပေးသည့်အတွက် Adarga Entertainment Group LLC ကို အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.johnnyrez.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။