YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုံးဝဥဿုံပြောင်းလဲခဲ့ပြီနမူနာ

Changed

3 ၏ နေ့ 1

အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ ယခုဘဝနှင့် နောင်ဘဝကို လုံးဝဥဿုံ ပြောင်းလဲစေခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်။ အရေးအကြီးဆုံးပြဿနာတည်းဟူသော အပြစ်တရားကို ပယ်ရှားစေခြင်းငှာ ကြွလာတော်မူသည်။ အရှင်ယေရှုဘုရားသည် ပြည့်စုံသောအသက်တာကို အသက်ရှင်လျက် ကျွန်တော်တို့အတွက်ကိုယ်စား လက်ဝါးကပ်တိုင်တွင် မိမိအသက်တော်မြတ်ကို ပေးလှူပူဇော်ခဲ့ပါသည်။ ကျွန်တော်တို့အားလုံး၏ အပြစ်ကို ခွင့်လွှတ်၍ အကျွတ်တရားရစေဖို့ရန် အရှင်ယေရှုဘုရားသည် မိမိအသက်တာ်ပေးလှူခြင်းဖြင့် ပေးဆပ်ခဲ့ပါသည်။ သူ၏ အသက်စွန့်တော်မူခြင်းဖြင့် အပြစ်တရား၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးစေလျက် အပြစ်တရားနှင့် ထာဝရငရဲမှ လွတ်မြောက်ချမ်းသာ ရရှိခံစားစေပြီ။ ကျွန်တော်တို့၏ အကုသိုလ်သည် အရှင်ယေရှုဘုရားအပေါ် သက်ရောက်စေ၍ အရှင်ယေရှုဘုရား၏ ကုသိုလ်တော်သည် ကျွန်တော်တို့အပေါ်သို့ သက်ရောက်စေ၍ လဲလှယ်တော်မူခဲ့သည်။

အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ အပြစ်ကို ပယ်ရှားသလို၊ ကျွန်တော်တို့၏ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကျွန်တော်တို့၏ အကျင့်တရားလည်း ပြောင်းလဲစေတော်မူသည်။ အကယ်၍၊ အရှင်ယေရှုဘုရားအားဖြင့် ခပ်သိမ်းသောအရာတို့ကို ပြောင်းလဲစေသည်။ လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏ (၂ကော၊ ၅း၁၇က)။ အသစ်ပြုပြင်သောသတ္တဝါ ၏အနက်ကား လူအသစ် ဖြစ်ပါသည်။ မိမိအပြစ်ကြောင့် နောင်တရလျှင် ကောင်းကင်ဘုံ၌ ကိုယ်တော်နှင့်အတူ ရှိနေသည့်နေ့အထိ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို ပြောင်းလဲစေတော်မူသည်။

သတင်းကောင်းရှိသေးပါသည်။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ နောင်ဘဝကိုလည်း ပြောင်းလဲစေခြင်းငှာ ကြွလာတော်မူသည်။ ကျွန်တော်၏ လက်ရှိဘဝမှစ၍ ကမ္ဘာအဆက်ဆက်တိုင်အောင် ခပ်သိမ်းသောအရာတို့ကို ပြောင်းလဲစေတော်မူပြီ။ လွန်ခဲ့သော (၁၀) နှစ်ခန့်တွင်၊ ကျွန်တော်သည် အလွန်ဆိုးသောသူတစ်ဦး ဖြစ်ခဲ့သည်။ မူးယစ်ဆေးဝါးကို အလွန်စွဲလမ်းပြီး မကြာခဏ အဖမ်းခံ၍ မကောင်းသောအသက်တာ၌ ကျင်လည်ခဲ့သည်။ ကျေးဇူးတော်ကြောင့် အရှင်ယေရှုဘုရားသည် ကျွန်တော်၏ အသက်တာကို ပြောင်းလဲစေခဲ့သည်။ ကျွန်တော်သည် နောင်တရ၍ အရှင်ယေရှုဘုရားကို မိမိအသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောအခါ၊ ကိုယ်တော်သည် သမ္မာတရားလမ်းသို့ သွေးဆောင်စေ၍ ကျွန်တော်၏ အပြစ်၊ အကျင့်နှင့် တမလွန်ကို လုံးဝပြောင်းလဲစေခဲ့သည်။ ဤမဟာပြောင်းလဲမှုကို ရရှိခံစားစေခြင်းငှာ ကိုယ်တော်သည် မိတ်ဆွေကို ဖိတ်ခေါ်နေဆဲ ဖြစ်ပါသ်ည်။

ဤသို့ဆုတောင်းပတ္ထနာပြုကြပါစို့။ အကျွန်ုပ်သည် ခရစ်တော်ဘုရားကို လိုနေပါ၏။ ဘုရားသခင်၏ သားတော်တည်းဟူသော အရှင်ယေရှုဘုရားကို မယုံဘဲလျက် မိစ္ဆာလမ်း၌ ဆက်လက်မလျှောက်နိုင်ပေ။ အကျွန်ုပ်သည် အပြစ်သားဖြစ်သော်လည်း အရှင်ယေရှုဘုရားသည် ကျွန်ုပ်အတွက်ကိုယ်စား လက်ဝါးကပ်တိုင်ပေါ်တွင် မိမိအသက်တော်ကို တင်လှူပူဇော်၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ခဲ့သည်ကို ယုံကြည်ပါ၏။ အကျွန်ုပ်သည်လည်း သေခြင်းမှ ပျော်ရွှင်စွာ ပြန်လည်ထမြောက်ပါလိမ့်မည်။ ဝိညာဉ်ဘုရား၊ အကျွန်ုပ်၏ စိတ်နှလုံးကို ဝင်တော်မူ၍ ကိန်းဝပ်တော်မူပါ။ အကျွန်ုပ်၏ အပြစ်ကို ပယ်ရှား၍ အကျင့်တရားကို ပြောင်းလဲစေလျက် လှပသောတနလွန်ခရီးကို ပေးသနားတော်မူပါ။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Changed

အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ ယခုဘဝနှင့် နောင်ဘဝကို လုံးဝဥဿုံ ပြောင်းလဲစေခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်။ ဤအစီစဉ်တွင် ထိုပြောင်းလဲမှုများအကြောင်းကို ဖော်ပြလျက် သင်ပေးပါလိမ့်မည်။

More

ဤအစီအစဥ်ကို စီရင်ပေးသည့်အတွက် Adarga Entertainment Group LLC ကို အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.johnnyrez.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။