မျှော်လင့်ခြင်း၏ အစွမ်းတန်ခိုးနမူနာ

ပြန်ပေးတော်မူခြင်း၌ မျှော်လင့်ခြင်း — ယောဘ
မာရ်နတ်သည် ယောဘကို ဆင်းရဲဒုက္ခအမျိုးမျိုး ခံရစေဖို့ အတင်းအဓမ္မ နှောင့်ယှက်စေသလို ယောဘ၏ မိတ်ဆွေများလည်း မိမိမောဟစိတ်အားဖြင့် အနှောင့်အယှက်အမျိုးမျိုး ဖြစ်စေခဲ့သည်။ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့သည် စေတနာရှိသော်လည်း သူတို့၏ အလဇ္ဇီစကားအားဖြင့် အမင်္ဂလာများကို ပိုမိုးတိုးပွားစေခဲ့သည်။ ထိုသူတို့သည် (၇) ရက်ပတ်လုံး ယောဘနှင့်အတူ မြေပေါ်မှာ ထိုင်၍၊ သူသည် ပြင်းစွာသောဆင်းရဲ ခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲ နေကြသည်။ ထိုအမှုသည် အကျိုးကို ပြုစုခဲ့သည်။ သို့်သော်၊ သူတို့၏ နှုတ်များမှ ထွက်သောစကားသည် မိစ္ဆာစကားဖြစ်သလို အကျိုးမဲ့သောစကားလည်း ဖြစ်ခဲ့သည်။ ဘုရားသခင်သည် ဤအမှုကိစ္စကို မိမိဆုံးမစကားတော်ဖြင့် ဖော်ပြတော်မူခဲ့သည်။
ယောဘသည် သူ၏ ဆုံးရှုံးခြင်းအားဖြင့် နှိမ့်ချခံရပြီ။ ထို့နောက်၊ ဘုရားသခင်၏ မေးခွန်းများဖြင့် ယောဘ၏ အနိစ္စသဘောနှင့် နိမ္မိတသတ္တဝါဖြစ်ခြင်းကို ထင်ရှားစေသလို ဘုရားသခင်၏ နိစ္စထာဝရဖြစ်တည်နှင့် ဂုဏ်တော်အနန္တကိုလည်း ထင်ရှားစေခဲ့သည်။ ယောဘသည် မိမိမာန်မနာကြောင့် နောင်တရ၍ ဘုရားသခင်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်ဆိုလျက် မိမိအဆွေခင်ပွန်းတို့အဖို့ ဆုတောင်းပေးခဲ့သည်။ ထိုသို့ ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းချီးပေးတော်မူသည်ထက်၊ နောက်ဖြစ်ဟန်ကို သာ၍ ကောင်းချီးပေးတော်မူသည် (ယောဘ၊ ၄၂း၁၂)။ သို့ရာတွင်၊ ယောဘ၏ လောကစည်းစိမ်ချမ်းသာကို ပြန်လည်ရရှိခြင်းထက် သူ၏ လောကုတ္တရာစည်းစိမ်ချမ်းသာနှင့် ဘုရားသခင်နှင့်သူ၏ မိတ်ဟာဟယဖွဲ့ခြင်းတို့ကိုလည်း ပြန်လည်ရရှိခဲ့သည်။
ကျွန်တော်တို့သည် ယောဘဝတ္ထုအားဖြင့် စစ်မှန်သောခွန်အားကို ရရှိခံစားနိုင်ကြသည်။ အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏မဟာဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေးမည် (ယောလ၊ ၂း၂၅)။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သတင်းဆိုးများနှင့် လောကဓံဒုက္ခသည် မိတ်ဆွေအား ပင်ပန်းနွမ်းနယ်စေလျက် မိမိသောကမီးကို ပိုမိုတိုးပွားစေတတ်သည်။ သို့သော်၊ ဘုရားသခင်အရှေ့တော်၌ အသစ်သောအမှုအရာ မရှိ။ နာမည်ကြီးသောစာရေးဆရာ ဂျက်ကန်ထရီးမန်း (Jack Countryman) ၏ (၇) ရက်တာအစီအစဉ်တွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာပါ ပုဂ္ဂိုလ်တော်များအတွက် မျှော်လင့်ခြင်းပါရမီကို ပေးသလို၊ ယခုခေတ်ရှိ ယုံကြည်သူများအတွက်လည်း ပေးတော်မူသည်တည်းဟူသော သမ္မာတရားကို ဖော်ပြထားစေသည်။
More