YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 42:7-10

ယောဘ 42:7-10 JBMLE

ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​အား​မိန့်​တော်​မူ​ပြီး​မှ၊ တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်​အား​လည်း သင်​နှင့် သင်၏​အ​ဆွေ​ခင်​ပွန်း​နှစ်​ယောက်​ကို ငါ​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့ သင်​တို့​သည်​မ​ပြော။ သို့​ဖြစ်၍ နွား​ထီး​ခု​နစ်​ကောင်​နှင့် သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို ယူ​ပြီး​လျှင်၊ ငါ့​ကျွန်​ယော​ဘ​ထံ​သို့ သွား၍၊ မိ​မိ​တို့​မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ​လော့။ ငါ့​ကျွန်​ယော​ဘ​သည် သင်​တို့​အ​ဖို့ ဆု​တောင်း​ရ​မည်။ သူ၏​မျက်​နှာ​ကို ငါ​ထောက်​မည်။ သို့​မ​ဟုတ် ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့၊ သင်​တို့​သည် မ​ပြော​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်၊ ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ်၊ နေ​မတ်​အ​မျိုး​သား ဇော​ဖာ​တို့​သည် သွား၍​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယော​ဘ၏​မျက်​နှာ​ကို ထောက်​တော်​မူ၏။ ယော​ဘ​သည် အ​ဆွေ​ခင်​ပွန်း​တို့​အ​ဖို့ ဆု​တောင်း​ပြီး​မှ၊ သူ​ခံ​ရ​သော​ဒု​က္ခ​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​ရှင်း၍၊ အ​ရင်​ထက် နှစ်​ဆ​သော​ဥ​စ္စာ​ကို ပေး​တော်​မူ၏။