အနောက်ဆုံး ကျမ်းပိုဒ် (၄) ပိုဒ်နမူနာ

အံ့ဩဖွယ်ရာတစ်ခုခု လုပ်တဲ့အခါ၊ ကိုယ့်ကိုယ်ကို ချီးမွမ်းဖို့ လွယ်တယ်။ မိတ်ဆွေက အားလုံးကို လုပ်ရတယ်မလား၊ ဒါဆို နည်းနည်းပါးပါး ချီးမွမ်းခံသင့်တာပေါ့။ အမှန်တကယ်တော့၊ ကျွန်တော်တို့က အလုပ်လုပ်တဲ့သူ မှန်စေတော့၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အန္တိမပန်းတိုင်ဟာ ထာဝရမေတ္တာတော်နှင့် ထာဝရသစ္စာတော်အရှင် ဘုရားသခင်ကို ချီးမွမ်းဖို့ရန် ပါပဲ။ ဒီနေ့၊ သူတစ်ပါးရဲ့ ချီးကျူးစကားကို ခံယူသင့်တဲ့အချိန်နှင့် ဘုရားသခင်ကိုသာ ချီးမွမ်းဖို့အချိန်ကို ဆရာကြီးရဲ့ ကိုယ်ပိုင်နားလည်ရခက်မှုတွေအကြောင်း ဝေငှထားတာကို ကြည့်ရှုရမှာပါ။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ဤအစီအစဉ်အကြောင်း

မိတ်ဆွေက သင်းအုပ်ဆရာတစ်ယောက်ရဲ့ အတွင်းစိတ်သဘောအကြောင်း သိချင်နေသူတစ်ယောက် ဖြစ်ပါသလား။ ယခုမှာ သင်းအုပ်ဆရာတစ်ယောက်ရဲ့ အတွင်းစိတ်သဘော သိခွင့်ရမယ့် အခွင့်အရေး ရှိပါတယ်။ Life.Church အသင်းတော်ကို တည်ထောင်ခဲ့တဲ့ သင်းအုပ်ဆရာကြီး Craig Groeschel ဟာ သူ့ရဲနေ့စဉ်ကျမ်းစာဖတ်ခြင်းအစီစဉ်အားဖြင့် သူခွန်အားရရှိထားတဲ့ ကျမ်းပိုဒ် (၄) ပိုဒ်ကို သူရဲ့သမ္မာကျမ်းစာမှာ ရောင်စုံခြယ်မှတ်သားထားခြင်းဖြင့် သူ့ရဲ့အတွင်းစိတ်သဘောကို မြင်စေဖို့ ဖော်ပြထားပါတယ်။ သူအနောက်ဆုံး အရောင်းချယ်ခဲ့တဲ့ ကျမ်းပိုဒ် (၄) ပိုဒ်အကြောင်းကို ဝေငှခြင်းဖြင့် သူရဲ့ နေ့စဉ်အစီစဉ်ကို သိစေတယ်။ သူနှင့်အတူ ထိုကျမ်းချက်တွေကို ဖတ်ရှုခြင်းဖြင့် မိမိအသက်တာကို အသစ်ပြင်ဆင်ခွင့်ပြုလိုက်ပါ။ ဒါ့အပြင်၊ သူက ဘာကြောင့် ဒီကျမ်းပိုဒ် (၄) ပိုဒ်ကို ရွေးချယ်ခဲ့သလဲဆိုတာကို ဆန်းစစ်ကြည့်ပါ။
More