အနောက်ဆုံး ကျမ်းပိုဒ် (၄) ပိုဒ်နမူနာ
ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်းဆင်ခဲ့တယ်။ ဒါဆို၊ ကိုယ်တော်က ကျွန်တော်တို့ရဲ့နေ့စဥ်ဘ၀မှာ ဖြစ်ပျက်နေတဲ့အရာတွေကို သတိနဲ့ကြည့်ရှုဖို့ ဘယ်လိုအချိန်ရနိုင်မလဲ။ အရမ်းကြီးမြတ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားကို အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာသလဲဲ။ ကျေးဇူးတော်အားဖြင့် နှုတ်ကပတ်တော်တရားက ဘုရားသခင်ရဲ့ မဟာမေတ္တာတော်ကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်ကတော့ သိုးအနေနဲ့ ကောင်းသောသိုးထိန်းနောက်ကို လိုက်ဖို့ ဒီကျမ်းပိုဒ်များက သတိပေးပါတယ်။
(ဆာ၊ ၁၄၃း၈)မှာ၊ ကိုယ်တော်၌ ကိုးစားခြင်းရဲ့ အရေးအပါမှုအကြောင်းကို ဝေငှတဲ့ ဆရာကြီး Craig Groeschel ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုပါ။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ဤအစီအစဉ်အကြောင်း
မိတ်ဆွေက သင်းအုပ်ဆရာတစ်ယောက်ရဲ့ အတွင်းစိတ်သဘောအကြောင်း သိချင်နေသူတစ်ယောက် ဖြစ်ပါသလား။ ယခုမှာ သင်းအုပ်ဆရာတစ်ယောက်ရဲ့ အတွင်းစိတ်သဘော သိခွင့်ရမယ့် အခွင့်အရေး ရှိပါတယ်။ Life.Church အသင်းတော်ကို တည်ထောင်ခဲ့တဲ့ သင်းအုပ်ဆရာကြီး Craig Groeschel ဟာ သူ့ရဲနေ့စဉ်ကျမ်းစာဖတ်ခြင်းအစီစဉ်အားဖြင့် သူခွန်အားရရှိထားတဲ့ ကျမ်းပိုဒ် (၄) ပိုဒ်ကို သူရဲ့သမ္မာကျမ်းစာမှာ ရောင်စုံခြယ်မှတ်သားထားခြင်းဖြင့် သူ့ရဲ့အတွင်းစိတ်သဘောကို မြင်စေဖို့ ဖော်ပြထားပါတယ်။ သူအနောက်ဆုံး အရောင်းချယ်ခဲ့တဲ့ ကျမ်းပိုဒ် (၄) ပိုဒ်အကြောင်းကို ဝေငှခြင်းဖြင့် သူရဲ့ နေ့စဉ်အစီစဉ်ကို သိစေတယ်။ သူနှင့်အတူ ထိုကျမ်းချက်တွေကို ဖတ်ရှုခြင်းဖြင့် မိမိအသက်တာကို အသစ်ပြင်ဆင်ခွင့်ပြုလိုက်ပါ။ ဒါ့အပြင်၊ သူက ဘာကြောင့် ဒီကျမ်းပိုဒ် (၄) ပိုဒ်ကို ရွေးချယ်ခဲ့သလဲဆိုတာကို ဆန်းစစ်ကြည့်ပါ။
More