YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ လမ်းပြမှုအတွက် ဆုတောင်းခြင်းနမူနာ

Praying for God’s Direction

3 ၏ နေ့ 2

ဘုရားသခင်သည် ကျွန်တော်တို့၏ စိတ်နှလုံးများကို ပြုပင်တော်မူစေ၍ အရာရာ၌ ကိုယ်တော်၏ လမ်းပြမှုကို လိုက်နိုင်မည့်အကြောင်း ဆုတောင်းပတ္ထနာပြုကြပါစို့။ အကြောင်းမှာ၊ ကျွန်တော်တို့သည် ဘုရားသခင်၏ လမ်းညွှန်မှုကို တောင်းဆိုသကဲ့သို့ ဘုရားသခင်သည် ကျွန်တော်တို့၏ နာခံမှုကို တောင်းဆိုပါသည်။ ကျွန်တော်တို့သည် မကြာခဏ လမ်းလွဲစေတတ်သည်။ ထို့ကြောင့်၊ ဘုရားသည် ကျွန်တော်တို့ကို ခွင့်လွှတ်စေ၍ အနာဂတ်သို့ ဆက်လက်လမ်းညွှန်ပေးနိုင်မည့်အကြောင်း ဆုတောင်းပတ္ထနာ ပြုကြပါစို့။

ကိုယ်တော်သည် အကျွန်ုပ်ခြေလှမ်းတို့ကို စီရင်၍ အကျွန်ုပ်၏ လမ်းခရီကို သိတော်မူ၏။ အကျွန်ုပ်အဖို့ စီရင်တော်မူသော အကြံတော်ကို ဖြည့်ဆည်းဖို့ အကျွန်ုပ်သွားရမည့်နေရာကို သိကျွမ်းတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်သွားရမည့်လမ်းကို ပြညွှန်၍ မှန်ကန်သော ရွေးချယ်မှုများကို ပြုစေဖို့ သမ္မာသတိကိုလည်း ပေးတော်မူမည်။

သို့သော်၊ ၎င်းသမ္မာတရားကို သိလျက်ပင် သမ္မာတရားလမ်းကို မလိုက်ဘဲ ကိုယ်ဉာဏ်ကို အမှီပြု၍ မှားသောလမ်းသို့ မကြာခဏ ရောက်တတ်သည်။ အို သခင်၊ မိမိကို နှောင့်ယှက်စေသော မိစ္ဆဒိဋ္ဌိနှင့် မောဟစိတ်တို့ကို ခွင့်လွှတ်တော်မူပါ။

အို သခင်၊ အကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ။ အကျွန်ုပ်၏ မာန်မာနကြောင့် ကိုယ်တော်၏ လမ်းညွှန်မှုကို မရှာဘဲလျက် အကျွန်ုပ်သည် ကိုယ်တော်ထက် ပို၍သိသည်ဟု မှားယွင်းစွာ ထင်မြင်စေတတ်သည်။ သခင်ဘုရား၏ လမ်းပြမှုကို အရာရာ၌ ရှာဖွေစေဖို့ မစကူညီတော်မူပါ။ ကိုယ်တော်၏ စကားတော်ကို နားထောင်နိုင်မည့်အကြောင်းကို သွန်သင်တော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

မိတ်ဆွေသည် မှားသောလမ်းသို့ ရောက်နေပါသလား။ သမ္မာတရားလမ်းသို့ ပြန်လည်ရောက်စေဖို့ ဘယ်လိုလုပ်နိုင်မလဲ။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Praying for God’s Direction

ဘဝသည် တစ်ခါတစ်ရံ ရှုပ်ထွေးနိုင်ပါသည်။ မှန်ကန်သောလမ်းကို သိ၍ ရွေးချယ်စေဖို့ ခက်ခဲတတ်သည်။ ကိုယ်ဉာဏ်ကို အမှီပြုလျှင် မှားသောလမ်းကို သေချာစွာ ရောက်လိမ့်မည်။ သို့သော်၊ ကိုယ်တော်သည် ကျွန်တော်တို့ကို မစွန့်၊ ကျွန်တော်တို့ကို အလျှင်းပစ်၍ မထားပါ။ ဘုရားရှင်သည် ကျွန်တော်တို့ကို လမ်းပြစေလိုပါသည်။ နာမည်ကြီးသော ဆရာတိုနီအီဗန် (Tony Evans) စီရင်ရေးထားသော ဘုရားသခင်၏ လမ်းပြမှုအတွက် ဆုတောင်းခြင်းအစီစဉ်ကို စတင်ကြပါစို့။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော The Urban Alternative (ဆရာတိုနီအီဗန် (Tony Evans)) ကို ကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက https://tonyevans.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။