ဘုရားသခင်၏ လမ်းပြမှုအတွက် ဆုတောင်းခြင်းနမူနာ

ဘုရားသခင်သည် ကျွန်တော်တို့၏ အသက်တာတစ်လျှောက် လမ်းပြပေးမည့်အကြောင်း ကျေးဇူးတော်ကို ချီးမွမ်းလျက် ဆုတောင်းကြပါစို့။ ကိုယ်တော်သည် ကျွန်တော်တို့ကို စဉ်ဆက်မပြတ် ဇဝေဇဝါဖြစ်စေသောဘုရား မဟုတ်ဘဲ ကျွန်တော်တို့ လျှောက်လှမ်းနိုင်စေရန် သူ၏အလိုတော်ကို ထုတ်ဖော်ပြသတော်မူလိမ့်မည်။
သန့်ရှင်းသောဘုရား၊ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်ကလမ်းခရီးကို လင်းစေပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။
ကိုယ်တော်သည် အကျွန်ုပ်ကို သစ္စာရှိစွာ လမ်းပြပေးသည့်အတွက် နာမတော်မြတ်ကို ချီးမွမ်းပါ၏။ သဗ္ဗညုတဘုရားသည် ပညာတော်အားဖြင့် အကျွန်ုပ်အဖို့ အကောင်းဆုံးသောလမ်းပြမှု ပေးသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
ကိုယ်တော်ကို အလွန်ချစ်ပြီး ကိုယ်တော်ကို ပိုမိုသိလိုပါ၏။ ဘုရားရှင်မြတ်၏ ဘုန်းအသရေတော်သည် အကျွန်ုပ်၏ သံသယစိတ်နှင့် သောကစိတ်ကို လွှမ်းမိုးစေတော်မူပါ။ အကျွန်ုပ်၏ ယုံမှားသံသယကို ပယ်ရှား၍ ထာဝရအသက်၊ ထာဝရချမ်းသာခြင်းနှင့် ထာဝရမေတ္တာတော်ထံသို့ ရောက်စေသောလမ်းကို ပြတော်မူပါ။
အကျွန်ုပ်သည် လုံးဝမထိုက်တန်သောလည်း အကျွန်ုပ်၏ ခွက်ဖလားသည် လျှံလျက်ရှိနေသည့်အတွက် ကိုယ်တော်ကို ချီးမွမ်းမည်။ ဘုရားသခင်၏ မဟာမေတ္တာတော်သည် အကျွန်ုပ်ကို လမ်းညွှန်ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
ယနေ့၊ ဘယ်ရာအတွက် သခင်ဘုရားကို ကျေးဇူးတင်သလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဘဝသည် တစ်ခါတစ်ရံ ရှုပ်ထွေးနိုင်ပါသည်။ မှန်ကန်သောလမ်းကို သိ၍ ရွေးချယ်စေဖို့ ခက်ခဲတတ်သည်။ ကိုယ်ဉာဏ်ကို အမှီပြုလျှင် မှားသောလမ်းကို သေချာစွာ ရောက်လိမ့်မည်။ သို့သော်၊ ကိုယ်တော်သည် ကျွန်တော်တို့ကို မစွန့်၊ ကျွန်တော်တို့ကို အလျှင်းပစ်၍ မထားပါ။ ဘုရားရှင်သည် ကျွန်တော်တို့ကို လမ်းပြစေလိုပါသည်။ နာမည်ကြီးသော ဆရာတိုနီအီဗန် (Tony Evans) စီရင်ရေးထားသော ဘုရားသခင်၏ လမ်းပြမှုအတွက် ဆုတောင်းခြင်းအစီစဉ်ကို စတင်ကြပါစို့။
More