YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရှု၌တည်နေလော့ - (၄) ရက်တာ အဒ်ဝင်တုပွဲနေ့အတွက် ကိုးကွယ်ဆည်းကပ်ခြင်းနမူနာ

Abide in Jesus - 4-Day Advent Devotional

4 ၏ နေ့ 1

ခရစ္စမတ်ရောက်လာပြီ။ ခရစ်ယာန်များသည် ယေရှုမွေးဖွားခြင်းကို ဆင်နွှဲသည့် ပျော်ရွှင်စရာအချိန်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများနှင့် အလုပ်များသောအချိန်ဇယားများဖြင့် လွှမ်းမိုးနိုင်သောကြောင်း ကျွန်ုပ်တို့၏ ဝိညာဉ်ရေးဆီမီးခွက် ဆီခမ်းသွားနိုင်ပါသည်။ ဤကာလတွင် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်များကို နိုးကြားစေပြီး ကြွလာချိန်တွင် ဝိညာဉ်ရေးနိုးကြားလာစေရန် မည်သို့လုပ်ဆောင်နိုင်မည်နည်း။

ရှင်မာကုခရစ်ဝင်ကျမ်း အခန်းကြီး (၁၃) ပါ ပုံဥပမာတွင် ယေရှုမိန့်ဆိုထားသည့်အတိုင်း ကျွန်ုပ်တို့ “နိုးကြားနေ” နိုင်သော နည်းလမ်းတစ်ခုမှာ ဂျာနယ်ရေးခြင်း (Journaling) ၏ ဝိညာဉ်ရေးအလေ့အကျင့် ဖြစ်သည်။

ဂျာနယ်ရေးခြင်းသည် ကျွန်ုပ်တို့ဖတ်နေသည့်အရာကို တွေးတောဆင်ခြင်ရန် ကူညီပေးပါသည်။ ကျွန်ုပ်တို့ဖတ်ထားသည်ကို နားလည်ရန်သာမက စာသားနှင့်ပါ နက်နက်နဲနဲ တွေးတောထိတွေ့ရန် ကူညီပေးသည်။ သမ္မာကျမ်းစာဂျာနယ်ရေးခြင်းသည် အခြေခံအားဖြင့် ဘုရားသခင်နှင့် ပွင့်ပွင့်လင်းလင်း စကားပြောဆိုမှုတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ သံသယများနှင့် ကြောက်ရွံ့မှုများဖြင့် ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်၏ အကြံဉာဏ်ကို ရယူကာ ပြောင်းလဲရန်လိုအပ်သည့် သဘောထားများနှင့် လုပ်ဆောင်မှုများကို သိရှိလာနိုင်ပါသည်။ ဂျာနယ်ရေးခြင်းသည် မိတ်ဆွေအတွက်သာဖြစ်၍ မှန်သော၊ မှားသောနည်းလမ်းဟူ၍ ဖြစ်ပါသည်။

မိမိကျမ်းစာမှ (မာ၊ ၁၃:၃၂-၃၇) ကို ဖွင့်ပါ။ သို့သော်၊ မဖတ်နှင့်ပါနဲ့။ ပထမဦးစွာ၊ ဘုရားသခင်သည် မိတ်ဆွေအား စကားပြောဆိုရန်နှင့် နှုတ်ကပတ်တော်အားဖြင့် ကိုယ်တော်ကို ဖွင့်ပြရန် ဆုတောင်းခြင်းဖြင့် အစပြုပါ။ ပွင့်ပွင့်လင်းလင်း နှလုံးသွင်းပြီး သူပြောမယ့်အရာကို သတိရှိဖို့ ဆုတောင်းပါ။ ထို့နောက် ရှင်မာကုရဲ့ ကျမ်းပိုဒ်ကို ဖတ်ပါ။ နောက်ဆုံးအနေနှင့်၊ မိတ်ဆွေအနီးနားက စာအုပ်ထဲမှာ ကျမ်းပိုဒ်နှင့်သက်ဆိုင်သော အောက်ပါမေးခွန်းများကို ပြန်လည်သုံးသပ်ပြီး ရေးပါ။

  • သခင်ယေရှုက တပည့်တော်များအား "သတိရှိကြပါ။" (အခန်းငယ် ၃၃) ဟု အဘယ်ကြောင့် မိန့်တော်မူသနည်း။ ဤအမိန့်ကို မည်ကဲ့သို့လိုက်နာပါသနည်း။
  • ယေရှု၏ အဒ်ဝင်တုပွဲနေ့ကို မည်မျှစိတ်အားထက်သန်စွာ စောင့်မျှော်နေသနည်း။ အလုပ်များသောအချိန်အတွင်းမှာ အဒ်ဝင်တုပွဲနေ့ကို ရည်ရွယ်ချက်ရှိရှိ တွေးကြည့် မိပါသလား။ ဤခရစ္စမတ်ကို ပိုဂရုတစိုက်ကြည့်ဖို့ ဘာလုပ်နိုင်ပါနည်း။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Abide in Jesus - 4-Day Advent Devotional

ခရစ္စမတ်ရောက်လာပါတော့မည်။ ခရစ္စမတ်နှင့်အတူ ကြွလာတော်မူခြင်းပွဲနေ့ ယေရှုမွေးဖွားခြင်းအတွက် ပြင်ဆင်ခြင်းနှင့် ဆင်နွှဲခြင်း ရောက်ရှိလာပါသည်။ သို့သော် အားလပ်ရက်အတွက် အလုပ်များသောအချိန်ဇယားများ၊ လက်ဆောင်ကောင်းကောင်းများအတွက် ဈေးဝယ်ခြင်း (သို့) မိသားစုဆုံပွဲများ ကျင်းပခြင်းဖြင့် အဓိကအချက်ကို မေ့လျော့သွားပါသလား။ တဖြည်းဖြည်း နီးကပ်လာသော ခရစ္စမတ်ရာသီတွင် ဘုရားသခင်နှင့် ထိတွေ့ဖို့ နည်းလမ်းအသစ်များကို တွေ့ကြုံခံစားပြီး နောက်ဆုံးတွင် မိတ်ဆွေအား ကိုယ်တော်နှင့် ပိုမိုနီးကပ်စေပါ။ Thomas Nelson's Abide Bible Journals မှ ဤ (၄) ရက်တာ စာဖတ်ခြင်းအစီအစဉ်တွင် မိမိစိတ်ဝိညာဉ်ကို လှုပ်နှိုးလိုက်ပါ။

More

ဤအစီအစဥ်အတွက် HarperCollins/Zondervan/Thomas Nelson ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရူ့ပါ။ https://www.thomasnelsonbibles.com/abide-bible-journals/