YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 13:32-37

ရှင်မာကု 13:32-37 JBMLE

ထို​အ​ချိန်​နာ​ရီ​ကို​ကား၊ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​သိ။ ကောင်း​ကင်​တ​မန်​များ မ​သိ။ သား​တော်​လည်း မ​သိ။- ထို​အ​ချိန်​ကာ​လ​သည် အ​ဘယ်​အ​ခါ၌ ရောက်​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် သ​တိ​ပြု၍ ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။- ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့ သွား​မည်​အ​ကြံ​ရှိ​သည်​နှင့် မိ​မိ​အိမ်​ကို ငယ်​သား​တို့ လက်​သို့​အပ်၍၊ သူ​တို့​ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​သီး​အ​သီး ခွဲ​ခန့်​စီ​မံ၍၊ တံ​ခါး​မှူး​ကို စောင့်​နေ​စေ​ဟု မှာ​ထား​ပြီး​မှ သွား​သည်​ဖြစ်၍၊- အိမ်​ရှင်​သည် ညဉ့်​ဦး​အ​ချိန်၊ သန်း​ခေါင်​အ​ချိန်၊ ကြက်​ဦး​တွန်​ချိန်၊ နံ​နက်​အ​ချိန်​တို့​တွင် အ​ဘယ်​အ​ချိန်၌ လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။- သို့​မ​ဟုတ် အ​မှတ်​တ​မဲ့​လာ၍ သင်​တို့​အိပ်​ပျော်​သည်​ကို တွေ့​လိမ့်​မည်။- စောင့်​နေ​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​သည်​အ​တိုင်း၊ ခပ်​သိမ်း​သော​သူ​တို့​အား ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။