အစပြုရန် (၆၀)နမူနာ
"အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ။"
ဘုရားသခင်၊ ကိုယ်တော်၏ ရင်းနှီးကျွမ်းဝင်မှုကို အနှောင့်အယှက်ဖြစ်စေမည့် ဆက်ဆံရေးအားလုံးမှ ကျွန်ုပ်ကို လမ်းပြတော်မူပါ။ ကျွန်ုပ်သည် အမှန်တရားနှင့် လွတ်လပ်မှုအထဲ၌ လိုက်လျှောက်ပါမည်။
ဘုရားသခင်၊ (ဧ၊ ၆း၁၂-၁၈) ထဲတွင်တွေ့ရသည့် လက်နက်စုံ (၁) သစ္စာခါးပတ် (၂) ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာ (၃) ငြိမ်သက်ခြင်းဧဝံဂေလိတရားခြေစွပ် (၄) ဝိညာဉ်တော်ဓား (၅) ကယ်တင်ခြင်းသံခမောက်လုံးတို့ကို ဝတ်ဆင်ပြီး အမျိုးမျိုးသောဆုတောင်းခြင်း၊ ဆုတောင်းချက်များကို စိတ်ဝိညာဉ်အားဖြင့် အချိန်တိုင်း ဆုတောင်းပါ၏။
ဘုရားသခင်၊ (ဆာ၊ ၉၁) တွင်တွေ့ရသည့် ကွယ်ကာမှုကို တောင်းလျှောက်ပါ၏။ ကိုယ်တော်သည် ထောင်ချောက်နှင့် ကာလနာဘေးတို့မှ ကျွန်ုပ်ကို ကယ်တင်မယ်ဆိုတာ သိပါ၏။ ကျွန်ုပ်၏ပတ်လည်တွင်အခြေအနေဆိုးရွားနေသော်လည်း ထိုအရာကကျွန်ုပ်ကို ထိခိုက်နိုင်မည်မဟုတ်ပါ။ ကိုယ်တော်သည် ကောင်းကင်တမန်တို့ကို အမိန့်ပေးလျက် ကျွန်ုပ်ကိုကွယ်ကာပါမည်။
ကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို ဝန်ခံသဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ချစ်၍ အကျွန်ုပ်ကို ကယ်တင်မူမည်။ ကျွန်ုပ်သည် ကိုယ်တော်ကို ခေါ်သဖြင့် ကိုယ်တော်သည် ထူး၍ ကျွန်ုပ်ကို ရွေးနုတ်လျက် ချီးမြောက်မည်။ ရှည်သောအသက်တာဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို အားရကျေနပ်ကာ ကိုယ်တော်၏ ကယ်တင်ခြင်းကို ပြသပါမည်။

ဤအစီအစဉ်အကြောင်း
ရက်ပေါင်း (၆၀) အစီအစဉ်သည် မိတ်ဆွေနှင့် သခင်ယေရှု၏ မိသဟာရဖွဲ့မှုကို အစပြုရန် (သို့) ပြန်လည်စတင်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ သခင်ယေရှုနှင့် တွေ့ဆုံခြင်း၊ သခင်ယေရှု၏နောက်လိုက်များက သူ့၏သွန်သင်ချက်များအတိုင်း မည်ကဲ့သို့လိုက်လျှောက်ခဲ့သည့်အရာများကို သြဝါဒစာစောင်များ၌ ဖတ်ရှုခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် သူနှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာခြင်းစသည့်အရာ (၃) မျိုးကို နေ့စဉ်လုပ်ဆောင်သွားရမှာ ဖြစ်ပါသည်။
More
ဤအစီအစဥ်ကို စီရင်ပေးသည့်အတွက် New Life Church အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ www.trinitynewlife.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။