YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစပြုရန် (၆၀)နမူနာ

60 To Start

60 ၏ နေ့ 3

"အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။"

ဘုရားသခင်၊ ကျွန်ုပ်သည် ဆယ်ဖို့တစ်ဖို့နှင့် အလှူဘဏ္ဍာများတွင် သစ္စာရှိပါမည် (မဟုတ်လျှင် နောင်တရပါမည်)။

ဘုရားသခင်၊ ကျွန်ုပ်သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ငွေကြေးမျိုးစေ့ကို စိုက်ပျိုးပြီး၊ ရိတ်သိမ်းနိုင်ရန်အတွက် ယုံကြည်ပါသည်။

ကျွန်ုပ်သည် ကောင်းကြီးခံရသောသူဖြစ်ပြီး၊ အခြားသောသူများအတွက်လည်း ကောင်းကြီးဖြစ်စေဖို့ရန် ဆုတောင်းပါသည်။

ကျွန်ုပ်၏ဘဝ၊ ငွေကြေးနှင့် မိသားစုက နှောင့်ယှက်ပျက်စီးမည့်အရာများပါသည်။ ကိုယ်တော့်အထဲ၌ ကျွန်ုပ်လုပ်ဆောင်သည့်အရာများတွင် ကြိုးစားပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ရန် ကူညီတော်မူပါ။

ကျွန်ုပ်ဘဝတွင် ကိုယ်တော်၏ မျက်နှာသာပေးမှုအတွက် ဆုတောင်းပါ၏။
နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

60 To Start

ရက်ပေါင်း (၆၀) အစီအစဉ်သည် မိတ်ဆွေနှင့် သခင်ယေရှု၏ မိသဟာရဖွဲ့မှုကို အစပြုရန် (သို့) ပြန်လည်စတင်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ သခင်ယေရှုနှင့် တွေ့ဆုံခြင်း၊ သခင်ယေရှု၏နောက်လိုက်များက သူ့၏သွန်သင်ချက်များအတိုင်း မည်ကဲ့သို့လိုက်လျှောက်ခဲ့သည့်အရာများကို သြဝါဒစာစောင်များ၌ ဖတ်ရှုခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် သူနှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာခြင်းစသည့်အရာ (၃) မျိုးကို နေ့စဉ်လုပ်ဆောင်သွားရမှာ ဖြစ်ပါသည်။

More

ဤအစီအစဥ်ကို စီရင်ပေးသည့်အတွက် New Life Church အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ www.trinitynewlife.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။