ခရစ္စမတ်တစ်လျှောက် အံ့ဩဖွယ်ရာ ဆုပတ္ထနာနမူနာ
ဆုတောင်းပတ္ထနာပြုကြပါစို့
ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့ အဘ၊ ဤခရစ္စမတ်ကာလတွင် အကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဝင်၍ ကျိန်းဝပ်တော်မူပါ။
ဤအချိန်တွင်၊ အကျွန်ုပ်တို့သည် လောကီလက်ဆောက်များအပေါ် စိတ်စွဲလမ်းခြင်းမရှိဘဲ အကောင်းဆုံး လောကုတ္တရာလက်ဆောင်တည်းဟူသော သားတော်မြတ်ကို ယုံကြည်စွဲလမ်းကြပါ၏။
ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်းဆင်ခဲ့လို၊ ခပ်သိမ်းသောအရာတို့ထက် သာ၍ မြင့်မြတ်တော်မူ၏။ ကျွန်ုပ်တို့၏ အဖိုးအနဂ္ဃရတနာတည်းဟူသော အရှင်ယေရှုဘုရားကို စေ့စေ့ကြည်ရှုစဉ်တွင် အကျွန်ုပ်တို့၏ ဝမ်းမြောက်ခြင်းကို အလွန့်အလွန်တိုးပွားစေပါ၏။
ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ခရစ္စမတ်ဇာတ်တော်သည် အလွန်အံ့ဩဖွယ် ဇာတ်တော်တစ်ခု ဖြစ်ပါသည်။ သို့သော်၊ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့သည် အသေးစိတ်အချက်အလက်များကို ထပ်သလဲလဲ ကြားသောကြောင့် ခရစ္စမတ်ဇာတ်တော်၏ သက်ရောက်မှုကို အနည်းငယ် လျော့သွားနိုင်သလိုပဲ။ ဤအစီစဉ်သည် အတိတ်သမိုင်း၏ အရေးကြီးဆုံးအမှုတည်းဟူသော ဘုရားသခင်၏ လူဇာတိခံတော်မူခြင်းကို ပိုမိုအလေးထားစေရန် ကူညီပေးပါလိမ့်မည်။ ဤအစီစဉ်ရှိ ဆုတောင်းချက်တစ်ခုစီကို မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလုမြို့ (Saint Paul) ရှိ စီတီအသင်းတော် (Cities Church) မှ သင်းအုပ်ဆရာ၊ desiringGod.org မှ အမှုဆောင်ခေါင်းဆောင်ကြီး ဆရာဒေးဗစ်မဿဲ (David Mathis) မှ ရေးသားထားပါသည်။
More