ခရစ္စမတ်တစ်လျှောက် အံ့ဩဖွယ်ရာ ဆုပတ္ထနာနမူနာ
ဆုတောင်းပတ္ထနာပြုကြပါစို့
အဖဘုရားသခင်၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟု သမ္မာတရားကို ထောက်လျက် ကြောက်ရွံ့ပါပြီ။
ဤခရစ္စမတ်ကာလတွင် အကျွန်ုပ်တို့သည် အားနည်းလှပြီး အလွန်ပင်ပန်းလျက် နှမ့်ချခြင်းသို့ ရောက်ကြပါပြီ။ သို့သော်၊ ထာဝရဘုရားသည် ၎င်းတို့ကို ရရှိခံစားစေခြင်းငှာ အလိုတော်ရှိ၏။
မြတ်စွာဘုရားသခင်သည် မောသောသူတို့နှင့် နွမ်းနယ်သောသူတို့ကို အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးစေခြင်းငှာ၊ မိမိသားတော်မြတ်ကို စေလွှတ်တော်မူ၏။ ကျွန်ုပ်တို့၏ သင်္ခါရသဘောကို မြင်စေခြင်းငှာ ကျွန်ုပ်တို့၏ ဉာဏ်မျက်စိကို ဖွင့်စေတော်မူပါ။
ကျွန်ုပ်တို့သည် သားတော်၌ ဘေးကင်းလုံခြုံစွာ တည်သောကြောင့် ၎င်းသဘောကို လက်ခံနိုင်ပြီး ကိုယ်တော်ထံ လာလျက် အနန္တတန်ခိုးတော်အရှင် ဘုရားသခင်၏ မဟာကျေးဇူးတော်ကို ချီးမွမ်းကြပါ၏။
ဤခရစ္စမတ်ကာလမှာ၊ ကျွန်ုပ်တို့၏ ဥဒါန်းကျူးခြင်းအသံနှင့် ထောမနာသီချင်းဆိုခြင်းဖြင့် မိမိနာမတော်မြတ်ကို သာ၍ဘုန်းကြီးပါစေသော။
ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ခရစ္စမတ်ဇာတ်တော်သည် အလွန်အံ့ဩဖွယ် ဇာတ်တော်တစ်ခု ဖြစ်ပါသည်။ သို့သော်၊ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့သည် အသေးစိတ်အချက်အလက်များကို ထပ်သလဲလဲ ကြားသောကြောင့် ခရစ္စမတ်ဇာတ်တော်၏ သက်ရောက်မှုကို အနည်းငယ် လျော့သွားနိုင်သလိုပဲ။ ဤအစီစဉ်သည် အတိတ်သမိုင်း၏ အရေးကြီးဆုံးအမှုတည်းဟူသော ဘုရားသခင်၏ လူဇာတိခံတော်မူခြင်းကို ပိုမိုအလေးထားစေရန် ကူညီပေးပါလိမ့်မည်။ ဤအစီစဉ်ရှိ ဆုတောင်းချက်တစ်ခုစီကို မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလုမြို့ (Saint Paul) ရှိ စီတီအသင်းတော် (Cities Church) မှ သင်းအုပ်ဆရာ၊ desiringGod.org မှ အမှုဆောင်ခေါင်းဆောင်ကြီး ဆရာဒေးဗစ်မဿဲ (David Mathis) မှ ရေးသားထားပါသည်။
More