သဘောကောင်းသောသူဖြစ်နည်းနမူနာ
အရာရာ၌ အကောင်းမြင်သူဖြစ်လျက် သူတစ်ပါးကို မစီရင်ပါစေနှင့်
မိတ်ဆွေသည် သဘောကောင်းသောသူ ဖြစ်ပါသလား (သို့) သဘောမကောင်းသောသူ ဖြစ်ပါသလားဟု ဆင်ခြင်စဉ်းစားလိုက်ပါ။ သူတစ်ပါးသည် မိတ်ဆွေနှင့်အတူ ရှိသောအခါ ပျော်ရွှင်တတ်ပါသလား။ မိတ်ဆွေသည် အရာရာ၌ အကောင်းမြင်သူ ဖြစ်နေပါသလား။ သို့မဟုတ်၊ အရာရာ၌ အဆိုးမြင်သူဖြစ်ပြီး မိမိဘဝ၌ အနုတ်လက္ခဏာများတိုးပွားလျက် အရာခပ်သိမ်း မကောင်းသလို၊ လူများအားလုံး မကောင်းဘူးဟု ထင်နေပါသလား။ မိတ်ဆွေသည် အဆိုးမြင်သူဖြစ်သောကြောင့် သူတစ်ပါး၏ အားသားချက်များကို မမြင်နိုင်ဘဲ ခင်သည့်သူငယ်ချင်းများကို နည်းသွားနေပါသလားဟု ဆင်ခြင်စဉ်းစားလိုက်ပါ။ မှန်ကန်စွာ ဖြေလိုက်ပါ။
သဘောကောင်းသောသူများသည် အကောင်းမြင်သူဖြစ်ကြပြီး သူတစ်ပါးကို သိပ်မစီရင်ကြဘူး။
ဘုရားသခင်သည် ကျွန်တော်တို့ကို ဤအသက်တာ၌ ညည်းညူတတ်သောသဘောကို မရှိဘဲ ပျော်ရွင်စေရန် ဖန်ဆင်းတော်မူခဲ့သည်။ ထိုနည်းတူစွာ၊ ဘုရားသခင်သည် ကျွန်တော်တို့ကို သူတစ်ပါးအား မစီရင်ဘဲ မိတ်သဟာယဖွဲ့စေဖို့ ဖန်ဆင်းတော်မူခဲ့သည်။
မိတ်ဆွေသည် အရာရာ၌ ကောင်းမြင်သူဖြစ်လျက် ပိုမိုကောင်းသောအသက်တာ၌ ဝင်စားစေခြင်းငှာ ဘုရားသခင်သည် အလိုရှိပါသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤအစီစဉ်တွင် မိမိဖြစ်တည်ခြင်းနှင့်ဆိုင်သော သမ္မာတရားအကြောင်းကို လေ့လာ၍ ခပ်သိမ်းသောအရာတို့ကို ပြောင်းလဲစေလိမ့်မည်။ ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်ကြပါစို့။ ယခုစတင်ဖတ်ရှုလိုက်ပါ။
More