သဘောကောင်းသောသူဖြစ်နည်းနမူနာ
မိမိဖြစ်တည်ခြင်းသည် မိမိအကုသိုလ်ကံ၌ မတည်ပေ
ကျွန်တော်တို့၏ ဖြစ်တည်ခြင်းသည် ကျွန်တော်တို့၏ ထပ်သလဲလဲ ကျူးလွန်မိသော အကုသိုလ်ကံ၌ မတည်ပါဘူး။ ၎င်းအကုသိုလ်ကံဖြင့် ကျွန်တော်တို့၏ နာမည်ကို ထာဝရပျက်စေပြီဟု မှားယွင်းစွာ ယုံလွယ်ပါသည်။
အကယ်၍၊ ကျွန်တော်တို့၏ နာမည်များသည် ထာဝရပျက်ရမည် မဟုတ်ပေ။
ကျွန်တော်တို့သည် ကျွန်တော်တို့၏ အကုသိုလ်ကံထက် ပိုမိုမြတ်ကြပါသည်။
မိမိနာမည်ကို ထာဝရပျက်သွားပြီဟု ယုံကြည်သောအခါ ထပ်မံ၍ အပြစ်ကျူးလွန်စေရန် ပိုမိုလွယ်ကူစေသည်။
မိတ်ဆွေကော၊ မိမိဖြစ်တည်ခြင်းသည် မိမိအကုသိုလ်ကံ၌ တည်သည်ဟု ယုံကြည်နေပါသလား။
ထိုမိစ္ဆဒိဋ္ဌိမှ လွတ်မြောက်စေသော နည်းလမ်း (၂) လမ်း ရှိပါသည်။
၁။ ဘုရားသခင်သည် မိတ်ဆွေကို ခွင့်လွှတ်စေရန် ဆုတောင်းလိုက်ပါ။ အရှင်ယေရှုဘုရားသည် အပြစ်ရှိသောအမျိုးသမီးတစ်ဦးကို လွယ်ကူစွာ ခွင့်လွှတ်သလို၊ အရှင်ယေရှုဘုရားသည် မိတ်ဆွေကိုလည်း လွယ်ကူစွာ ခွင့်လွှတ်နိုင်ပါသည်။ အရှင်ယေရှုဘုရားသည် မိတ်ဆွေကို ဧကန်အမှန် ခွင့်လွှတ်တော်မူလိမ့်မည်။
၂။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်လိုက်ပါ။ မိမိကျူးလွန်ခဲ့သော အကုသိုလ်ကံကို လွှတ်ချလိုက်ပါ။ ထိုအကုသိုလ်ကံကို ကျော်သွားလိုက်ပါ။ ဘုရားသခင်၏ သား/သမီး အနေနှင့် မိမိအတိတ်သမိုင်းရှိ အကုသိုလ်ကံကို လျစ်လျူရှုလိုက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤအစီစဉ်တွင် မိမိဖြစ်တည်ခြင်းနှင့်ဆိုင်သော သမ္မာတရားအကြောင်းကို လေ့လာ၍ ခပ်သိမ်းသောအရာတို့ကို ပြောင်းလဲစေလိမ့်မည်။ ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်ကြပါစို့။ ယခုစတင်ဖတ်ရှုလိုက်ပါ။
More