အသင်းတော်ဖြစ်တည်ပုံနမူနာ
ဆက်ကပ်စေပါ
လူတော်တော်များများက ဘုရားကျောင်းကို သွားပြီး ထိုင်ခံတွင် ထိုင်လျက်၊ ဝတ်ပြုအစီစဉ်ကို ပြီးသည့်အခါ ချက်ချင်းထ၍ မိမိအမ်ထံ ပြန်သွားကြသည်။
ကျွန်တော်တို့သည် ဘုရားကျောက်းကို တတ်ပြီးမှ၊ ယနေ့၏ ချီးမွမ်းခြင်းက မဆိုးပါဘူး (သို့) ယနေ့ဆိုခဲ့သည့် သီချင်းများအား သိပ်မကြိုက်ဘူး (သို့) ယနေ့၏ ဓမ္မဒေသနာက တော်တော်ကောင်းတယ် (သို့) ယနေ့၏ ဓမ္မဒေသနာက တော်တော်ပျင်းဖို့ကောင်းတယ်ဟု ပြောဆိုပြီး တကယ်မပြောင်းလဲဘဲ ဆက်လက်အသက်ရှင်နေကြသည်။
သို့သော်၊ အသင်းတော်ဖြစ်ခြင်းသည် အကျင့်ကျင့်ခြင်းအကြောင်း ဖြစ်သည်။
Lifechurch.tv အသင်းတော်မှာ၊ ကျွန်တော်တို့၏ အဓိကတန်ဖိုးထားသောချက်တစ်ခုကား၊
ကျွန်တော်တို့သည် မိမိဝိညာဉ်ရေးအကျိုးကို ရှားသူမဟုတ်ဘဲ သူတစ်ပါး၏ ဝိညာဉ်ရေးအကျိုးကို ရှားသူများ ဖြစ်ကြသည်။
တစ်ခုခုမေးပါရစေ၊ မိတ်ဆွေသည် အသင်းတော်ထံ ရောက်လျှင် မိမိဝိညာဉ်ရေးကို ဦးစားပေးနေပါသလား (သို့) မိမိအကျိုးကို ရှာပြီး မပြောင်းလဲဘဲ မိမိအိမ်ထံ ပြန်တတ်ပါသလား။
သို့မဟုတ်၊ မိတ်ဆွေသည် သူတစ်းပါး၏ ဝိညာဉ်ရေးအကျိုးကို ဦးစားပေးသူ ဖြစ်ပါသလား။ ဖြစ်နေပါက၊ ဤသမ္မာတရားကို တကယ်ယုံကြည်ပြီး ကောင်းသောအကျင့်ကို ကျင့်စေဖို့ စေတနာရှိသည်။
မိတ်ဆွေသည် ၎င်းစေတနာစိတ်ရှိပါက၊ မိမိအသင်းတော်ကို ပါဝင်လျက် ဆက်ကပ်လိုက်ပါဟု တိုက်တွန်းအားပေးချင်သည်။ ဟုတ်ပါသည်၊ ကျွန်တော်က ပါဝင်လျှင် သိပ်ကောင်းမှာပဲဟု မထွေးစေနှင့်။ မိမိအသင်းတော်မှာ ဆက်ကပ်လိုက်ပါ။ ဘုရားသခင်က မိတ်ဆွေကို ပေးတော်မူသော ဆုကျေးဇူးများ၊ ပါရမီများနှင့် ရည်ရွယ်ချက်များကို အသုံးပြုလိုက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အသင်းတော်က ဘလဲ။ အသင်းတော်ဖြစ်ဖို့ ဘယ်လိုလုပ်နိုင်မလဲ။ ဤအစီစဉ်တွင်၊ ဤလောကကြီးကို ပြောင်းလဲစေမယ့် အသင်းတော် ဖြစ်တည်ပုံကို လေ့လာလိမ့်မည်။
More