YouVersion လိုဂို
ရှာရန် အိုင်ကွန်

အသင်းတော်ဖြစ်တည်ပုံနမူနာ

How To Be The Church

4 ၏ နေ့ 1

အသင်းတော်က ဘလဲ

သူတစ်းပါက မိတ်ဆွေကို အသင်းတော် ဆိုတာ ဘာလဲလို့ မေးလာပါက ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ။

တနင်္ဂနွေမှာ သွားသည့် ဘုရားကျောင်းလား။ ဝတ်ပြုကိုယ်ကွယ်ခြင်းလား။ တရားနာခြင်းလား။

အများစုက ဘုရားကျောင်း (အဆောက်အဦ) အကြောင်းသာ ပြောကြသည်။ ထိုင်ခုံများပြီး၊ တရားဟောဆရာအတွက် ပလ္လင်ရှိလျက်၊ အဆောက်အဦ၏ အထိပ်တွင် လက်ဝါးကပ်တိုင်တစ်ခု ပါကောင်းပါနိုင်သည်။ သို့သော်၊ ဘုရားကျောင်းနှင့် အသင်းတော်ကို မတူညီဘူးဟု သိပါသလား။ ၎င်းခြားနားချက်သည် အလွန်ရေးကြီးသည်။ အကယ်၍၊ အသင်းတော်အကြောင်း ပြောလျှင်၊ အဆောက်အဦအကြောင်းမဟုတ်ဘဲ လူများအကြောင်း ပြောနေသည်။

အသင်းတော်သည် အဆောက်အဦ မဟုတ်သလို၊ အစီအစဉ်တစ်ခု၊ ဓမ္မအမှုတာ်တစ်ခု (သို့) နေရာတစ်ခုလည်း မဟုတ်ဘူး။ အသင်းတော်ဆိုသည် အသက်ရှင်သောဘုရားသခင်ကို ကိုးကွယ်ရန်နှင့် အရှင်ယေရှုဘုရား၏ သွန်သင်ချက်များကို သင်ယူလျက် အသက်ရှင်ရန် စုဝေးကြသော လူပရိသတ်ပင် ဖြစ်သည်။

ကျွန်တော်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ပြီး တိုက်ထောင့်အမြစ်ကျောက်ကား၊ အရှင်ယေရှုဘုရား ဖြစ်သည်။ ၎င်းသည် အသင်းတော် ဖြစ်သည်။ လာမည့်ရက်အနည်းငယ်တွင်၊ အသင်းတော်သည် ဘယ်လိုစတင်ခဲ့ကြောင်းနှင့် အသင်းတော်ကို ဘယ်လိုဆက်လက်လုပ်ဆောင်နည်းကို လေ့လာသင်ယူပါလိမ့်မည်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

How To Be The Church

အသင်းတော်က ဘလဲ။ အသင်းတော်ဖြစ်ဖို့ ဘယ်လိုလုပ်နိုင်မလဲ။ ဤအစီစဉ်တွင်၊ ဤလောကကြီးကို ပြောင်းလဲစေမယ့် အသင်းတော် ဖြစ်တည်ပုံကို လေ့လာလိမ့်မည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch ၏ အမှုတာ် Switch ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။