အလွန်ကောင်းမြတ်တော်မူသောဘုရားနမူနာ
ယေရှု၏ နာမတော်မြတ်ကို ခေါ်သောအခါ
“ယေရှု၏ နာမတော်မြတ်ကို ခေါ်သောအခါ၊ ထိုနာမတော်မြတ်ဖြင့် အမှောင်မိုက်ကို ဖြိုခွင်းလျက် ကိုယ်စိတ်ကို ဖြေ၍ ငြိမ်းစေပါပြီ။”
အရှင်ယေရှုဘုရား၏ နာမတော််မြတ်ကို ခေါ်သောခါ၊ ဝေါဟာရများနှင့် အမည်များကို အချည်းနှီးပေါင်းစပ်ထားသည် မဟုတ်ချေ။ အရှင်ယေရှုဘုရား၏ နာမတော်မြတ်၌ စစ်မှန်သောတန်ခိုး ရှိသည်။
အရှင်ယေရှုဘုရား၏ နာမတော်မြတ်၌ ကယ်တင်ခြင်း ရှိသည်။ အရှင်ယေရှုဘုရားအားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့သောအခွင့် ရသောကြောင့်၊ ဆုတောင်းသောအခါ၊ ယေရှုနာမတော်၌ ဆုတောင်းရမည်။ (ဖိ၊ ၂း၁၀-၁၁) တွင်၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်းဟု တမန်တော်ကြီး ရှင်ပေါလုသည် ဖော်ပြထားသည်။
အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့သည် ကိုယ်တော်၏ နာမတော်မြတ်ဖြင့် ဦးညွှတ်ရမည်ဆိုလျှင်၊ ကျွန်တော်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ နောက်လိုက်များအနေနှင့် ကိုယ်တော်၏နာမတော်မြတ်ကို ပတ္ထနာပြုသောအခါ၊ ကျွန်တော်တို့အထဲရှိ ကြောက်ခြင်းသံဝေဂ၊ သောကမီး၊ စွဲလမ်းမှုနှင့် အနာရောဂါများသည်လည်း ကိုယ်တော်မြတ်ထံ ဦးညွှတ်ရမည်ဖြစ်သည်။ အရှင်ယေရှုဘုရား၏ နာမတော်မြတ်၌ လွတ်မြောက်ချမ်းသာ ရှိသည်။
ဤအစီအစဉ်အကြောင်း
မိမိအသက်တာရှိ လောကဓံမုန်တိုင်းများသည် ဘယ်လောက်ပဲ ပြင်းထန်သည်ဖြစ်ပါစေ၊ မိတ်ဆွေအတွက် ခွန်အားနှင့် ငြိမ်းချမ်းခြင်းကို ရရှိခံစားနိုင်ပါသည်။ Life.Church Worship မှ အလွန်ကောင်းမြတ်တာ်မူသောဘုရား ဓမ္မသီချင်းများကို ကိုးကားသည့် ဤ (၅) ရက်တာ အစီစဉ်ဖြင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ပြန်လည်ရှာဖွေလိုက်ပါ။
More